- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ပုဏ္ဏားကျွန်းမြို့နယ်တွင် မျှစ်ခူးသွားသူများ စက်လှေနစ်မြုပ်ပြီး အမျိုးသမီးသေဆုံး၊ သုံးဦးပျောက်ဆုံးနေ
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် မျှစ်ခူးသွားသူများစီးနင်းလာသည့်စက်လှေနစ်မြုပ်ခဲ့မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ သုံးဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။
17 Aug 2021
DMG ၊ သြဂုတ် ၁၇
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်တွင် မျှစ်ခူးသွားသူများစီးနင်းလာသည့်စက်လှေနစ်မြုပ်ခဲ့မှုကြောင့် အမျိုးသမီးတစ်ဦးသေဆုံးကာ သုံးဦးမှာ ပျောက်ဆုံးလျက်ရှိကြောင်း သိရသည်။
ကန်ပူးကျေးရွာမှ အမျိုးသားနှစ်ဦးနှင့် အမျိုးသမီးခုနှစ်ဦးတို့မှာ မျှစ်ခူးရာမှပြန်လာစဉ် သြဂုတ်လ ၁၆ ရက်နေ့ ညနေ ၆ နာရီအချိန်တွင် မိုးမှောက်ကျပြီးလှိုင်းကြီးကာ တောဖျားချောင်းတံတားအား စက်လှေဖြင့်ဝင်တိုက်မိခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကပြောဆိုသည်။
ယင်းဖြစ်စဉ်အတွင်း ပျောက်ဆုံးနေသူများထဲမှ ဒေါ်ဘုမယေ ၄၂ နှစ်၏ ရုပ်အလောင်းအားရှာဖွေတွေ့ရှိခဲ့ပြီး ဦးခင်သန်းမောင် (၄၄)နှစ်၊ ဒေါ်ဦးဆန်းရီ(၄၂)နှစ်၊ မဖြူဖြူသန်း(၂၃)နှစ်တို့မှာ လက်ရှိအချိန်ထိ ပျောက်ဆုံးနေဆဲဖြစ်ကြောင်း ကန်းပူးကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းတင်မောင်ကပြောသည်။
"ကိုဗစ်ကာမှာ စားဝတ်နေရေးအဆင်မပြေတဲ့အတွက် ဝမ်းရေးအတွက် မျှစ်ရှာပြီးရောင်းချစားသောက်နေကြတာ။ အခုက ဝမ်းရေးအတွက်ရှာရင်း အသက်ပါပါသွားကြတယ်။ တစ်ယောက်ကိုတော့ ည ၉ နာရီဝန်းကျင်လောက်က ရင်းဒါးကျေးရွာနားမှာ တွေ့တယ်။ အလောင်းတွေ့ထားတဲ့ တစ်ယောက်မှာဆိုရင် သူ့ယောကျာ်းကိုရှာမတွေ့သေးဘူး"ဟု ဆိုသည်။
ပျောက်ဆုံးနေသည့် ဦးခင်သန်းမောင်မှာ အလောင်းတွေ့ရှိထားသည့် ဒေါ်ဘုမယေ၏ လင်ယောကျ်ားဖြစ်ပြီး ၎င်းတို့တွင် သားသမီး ၃ ဦးရှိကြောင်း သိရသည်။
တွေ့ရှိထားသည့်အလောင်းကို ယနေ့ညသဂြိုဟ်ရန် ပြင်ဆင်နေကြောင်း ကန်းပူးကျေးရွာအုပ်ချုပ်ရေးမှူးကပြောသည်။