- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဒေါ်လာဈေးဆက်တိုက်မြင့်တက်နေမှုကြောင့် ပုဇွန်ရောင်းဝယ်ရေးဈေးကွက်မှာလည်း ပုံမှန်ထက်ဈေးမြင့်တက်နေ
လက်ရှိတွင်ဒေါ်လာဈေးများ ဆက်တိုက်မြင့်တက်နေမှုကြောင့် ရခိုင်ဒေသမှ ပုဇွန်ရောင်းဝယ်ရေးလုပ်ငန်းများတွင် ပုဇွန်ဈေးနှုန်းများမှာလည်း ပုံမှန်ထက်ဈေးမြင့်တက်နေသည်ဟု ပုဇွန်ရောင်းဝယ်ရေးလုပ်ကိုင်နေသူများထံမှ သိရသည်။
27 Sep 2021
DMG ၊ စက်တင်ဘာ ၂၇
လက်ရှိတွင်ဒေါ်လာဈေးများ ဆက်တိုက်မြင့်တက်နေမှုကြောင့် ရခိုင်ဒေသမှ ပုဇွန်ရောင်းဝယ်ရေးလုပ်ငန်းများတွင် ပုဇွန်ဈေးနှုန်းများမှာလည်း ပုံမှန်ထက်ဈေးမြင့်တက်နေသည်ဟု ပုဇွန်ရောင်းဝယ်ရေးလုပ်ကိုင်နေသူများထံမှ သိရသည်။
ပုဇွန်များမှာ ပုံမှန်ထက်ဈေးကောင်းရနေသော်လည်း လက်ရှိတွင်ပုဇွန်ထွက်သည့်အချိန်ကာလ မဟုတ်သည့်အတွက် ပုဇွန်ဝယ်ယူသည့်အပိုင်းတွင် လျှော့နည်းလျှက်ရှိသည်ဟု ပေါက်တောမြို့နယ်မှ ပုဇွန်ဒိုင်လုပ်ငန်းရှင်များထံမှ သိရသည်။
“ဒေါ်လာဈေးတွေ ဆက်တိုက်တက်နေတာကြောင့် ပုဇွန်တွေက ဈေးတတ်သွားတာဖြစ်တယ်။ ပုဇွန်တွေကဈေးတတ်နေပေမဲ့ အရင်တုန်းကလို့မရတော့ဘူး။ ပုဇွန်ထွက်နှုန်းတွေက နည်းသွားတယ်။ ကျနော်တို့ကတော့ပုဇွန်တွေကို ရန်ကုန်သို့အဓိကတင်ပို့တာဖြစ်တယ်”ဟု ပေါက်တောမြို့မှ MTT ပုဇွန်ဒိုင်ပိုင်ရှင် ဦးမောင်သန်းတင်က DMG ကိုပြောသည်။
ပြီးခဲ့သည့်သြဂုတ်လအတွင်းက ပုဇွန်တစ်ပိဿာကို (အကြီးဆုံးဆိုဒ်) ၂၇၀၀၀ ကျပ်အထိရှိခဲ့ပြီး လက်ရှိမှာတော့ ၃၃၀၀၀ ကျပ်ခန့်အထိ ရရှိနေသည်ဟု သိရသည်။
လက်ရှိတွင် ပုဇွန်များမှာ ပုံမှန်ထက်ဈေးရနေသော်လည်း ပုဇွန်ရှာဖွေသူများမှာ ဈေးကောင်းရချိန်၌ ပုဇွန်များရှားပါးသည့်အတွက် ရှာဖွေရသည့်အပိုင်းတွင် အခက်အခဲများရှိနေကြသည်ဟုလည်း သိရသည်။
“ပုဇွန်ရှာဖွေနေကြတဲ့သူတွေမှာတော့ အခက်အခဲတွေရှိကြတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အရင်က ပုဇွန်တွေရှာလို့ရတဲ့အချိန်မှာ ဈေးတွေကမကောင်းဘူး။ အခုဈေးကောင်းရချိန်မှာ ပုဇွန်တွေကရှာမရတော့ဘူး။ ပုဇွန်ကဒီအချိန်ဆိုရင် ထွက်နှုန်းတွေကနည်းသွားတယ်။ နွေရာသီ ဧပြီလတွေမှာဆိုရင် ပုဇွန်တွေကပိုရတာဖြစ်တယ်” ဟု ဦးမောင်သန်းတင်က ဆက်ပြောသည်။
အလားတူ ကျောက်ဖြူမြို့နယ်မှ ပုဇွန်အရောင်းအဝယ်ပြုလုပ်နေသည့် ကိုလှရွှေက ”ပုဇွန်ဈေးနှုန်းတွေက တက်နေတယ်။ တစ်ပိဿာကို အရင်တုန်းကထက် နှစ်ထောင်သုံးထောင်လောက်ရနေတယ်။ ဒေါ်လာဈေးတွေကတက်တော့ ပုဇွန်ဈေးနှုန်းတွေက ဈေးကောင်းရနေတာဖြစ်တယ်”ဟု ပြောသည်။
မြန်မာနိုင်ငံတွင်စစ်တပ်မှ အာဏာမသိမ်းခင်အချိန်က အမေရိကန်တစ်ဒေါ်လာကို ကျပ်ငွေ ၁၃၀၀ ဝန်းကျင်သာရှိခဲ့ပြီး လက်ရှိစစ်တပ်မှအာဏာသိမ်းပြီးနောက်ပိုင်း ယနေ့စက်တင်ဘာလ ၂၇ ရက်နေ့အထိ အမေရိကန်တစ်ဒေါ်လာကို ၂၂၃၅ ကျပ်အထိ စံချိန်တင်မြင့်တက်နေခြင်းလည်း ဖြစ်သည်။