- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ထန်တလန်မြို့ မီးဘေးသင့်ပြည်သူများအတွက် ရခိုင်လူငယ်များမှ အလှူငွေကောက်ခံ
ချင်းပြည်နယ်၊ ထန်တလန်မြို့မှ မီးဘေးသင့်ခံခဲ့ရသည့် ပြည်သူများအတွက် ရခိုင်လူငယ်များမှစုပေါင်းကာ စစ်တွေမြို့နှင့် ရသေ့တောင်မြို့နယ်တို့တွင် အလှူငွေများကောက်ခံလျှက်ရှိကြသည်။
02 Nov 2021
DMG ၊ နိုဝင်ဘာ ၂
ချင်းပြည်နယ်၊ ထန်တလန်မြို့မှ မီးဘေးသင့်ခံခဲ့ရသည့် ပြည်သူများအတွက် ရခိုင်လူငယ်များမှစုပေါင်းကာ စစ်တွေမြို့နှင့် ရသေ့တောင်မြို့နယ်တို့တွင် အလှူငွေများကောက်ခံလျှက်ရှိကြသည်။
အောက်တိုဘာလ ၃၁ ရက်နေ့မှစတင်ကာ စစ်တွေမြို့ ကမ်းနားလမ်းနှင့် ယနေ့(နိုဝင်ဘာ ၂ ရက်နေ့)တွင် စစ်တွေမြို့ မြို့မဈေးကြီးတို့တွင် ထန်တလန်မြို့ မီးဘေးသင့်ပြည်သူများအတွက် အလှူငွေကောက်ခံခဲ့ကြသည်။
ချင်းပြည်နယ်၊ ထန်တလန်မြို့မှ မီးဘေးသင့်ခံခဲ့ရသည့် ပြည်သူများကို လူသားချင်းစာနာသည့်အနေဖြင့် ယခုကဲ့သို့ အလှူငွေများကို ကောက်ခံနေခြင်းဖြစ်ကြောင်း ဦးဆောင်သူ ကိုသက်ဇင်က DMG ကို ပြောသည်။
အောက်တိုဘာလ ၂၉ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ ထန်တလန်မြို့တွင် ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး မြန်မာစစ်တပ်မှ လက်နက်ကြီး လက်နက်ငယ်များဖြင့်ပစ်ခတ်မှုကြောင့် နေအိမ် ၁၆၀ ကျော် မီးလောင်ကျွမ်းခဲ့ရကြောင်း ဒေသခံများကပြောသည်။ ယင်းသို့ ပြောဆိုမှုကို စစ်ကောင်စီက ငြင်းဆိုထားသည်။
ထန်တလန်မြို့အပေါ် စစ်ကောင်စီတပ်၏လုပ်ရပ်အား ပြင်းထန်စွာရှုတ်ချကြောင်း AA အပါအဝင် ညီနောင်မဟာမိတ်သုံးဖွဲ့ကည်း နိုဝင်ဘာလ(၁)ရက်နေ့တွင် ထုတ်ပြန်ထားသည်။