- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
လေးတောင်မြို့မှ ရန်ကုန်တွင် အလုပ်သွားလုပ်နေသည့် အမျိုးသားတစ်ဦး သေနတ်ဖြင့်အပစ်ခံရပြီးသေဆုံး
ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်တွင် ရခိုင်အမျိုးသားတစ်ဦး ယနေ့(ဧပြီလ ၁ ရက်)နံနက်ပိုင်းက သေနတ်ဖြင့်အပစ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း မိသားစုထံမှသိရသည်။
01 Apr 2022
DMG ၊ ဧပြီ ၁
ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောင်းရပ်ကွက်တွင် ရခိုင်အမျိုးသားတစ်ဦး ယနေ့(ဧပြီလ ၁ ရက်)နံနက်ပိုင်းက သေနတ်ဖြင့်အပစ်ခံရပြီး သေဆုံးသွားခဲ့ကြောင်း မိသားစုထံမှသိရသည်။
ထိုသို့သေနတ်ဖြင့်ပစ်ခတ်ခံရ၍ သေဆုံးသွားသူမှာ ရခိုင်ပြည်နယ်၊ လေးတောင်မြို့၊ တောလယ်ကျေးရွာမှ ကိုသက်ဇော်(၄၀)နှစ်ဖြစ်ကြောင်းသိရသည်။ ၎င်းမှာ အစ်ကိုဝမ်းကွဲတော်စပ်သူနှင့်အတူ ရန်ကုန်မြို့တွင် ရွှေပန်းထိမ်လုပ်ငန်းလုပ်ကိုင်နေသူဖြစ်ကြောင်း မိသားစုဝင်တစ်ဦးကပြောသည်။
"ကိုသက်ဇော်က မနက်ပိုင်းက နေအိမ်ကနေပြီး အပြင်ခဏသွားတာ။ အဲဒီမှာ သူ့ကိုသေနတ်ပစ်ခံလိုက်ရလို့သေသွားတာဟုတ်ပါတယ်။ သေနတ်ဒဏ်ရာကတော့ ၅ ချက်ပါ။ ဘာကြောင့်ပစ်တယ်ဆိုတာကိုတော့ ကျနော်တို့လဲမသိသေးဘူး"ဟု ၎င်းမိသားစုဝင်ကပြောသည်။
ကိုသက်ဇော် သေဆုံးသည့်ကိစ္စအား မိဘနှစ်ပါးထံသို့ ယနေ့ အကြောင်းကြားလာသည်ဟုလည်း လေးတောင်မြို့၊ တောလယ်ကျေးရွာမှ ဒေသခံတစ်ဦးကပြောသည်။
"သူ့မိဘတွေက လေးတောင်မှာနေတာ။ အခု ကိုသက်ဇော်ကို သေနတ်နဲ့ပစ်ခတ်တယ်လို့ ဒီနေ့မနက်က အကြောင်းကြားလာတယ်။ မိဘတွေက အဖိုးအဘွားအိုတွေဖြစ်နေကြပြီ"ဟု ၎င်းဒေသခံကပြောသည်။
ကိုသက်ဇော်အား သေနတ်ဖြင့်ပစ်ခတ်သူများမှာ မည်သည့်အဖွဲ့အစည်းကဖြစ်သည်ကို မသိရသေးကြောင်း မိသားစုဝင်များက ပြောဆိုသည်။