- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဝန်ထမ်းတစ်ဦးသေဆုံးမှုကြောင့် ယာယီပိတ်ထားခဲ့သည့် မာန်အောင်ဟိုတယ်ဇုန်ကို ပြန်လည်ဖွင့်လှစ်
ဟိုတယ်ဝန်ထမ်းတစ်ဦးသေဆုံးခဲ့မှုကြောင့် ယာယီပိတ်ထားခဲ့သည့် မာန်အောင်ဟိုတယ်ဇုန်ကို ဧပြီလ ၁ ရက်နေ့က ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ဟိုတယ်တာဝန်ရှိသူများထံမှ သိရသည်။
02 Apr 2022
DMG ၊ ဧပြီ ၂
ဟိုတယ်ဝန်ထမ်းတစ်ဦးသေဆုံးခဲ့မှုကြောင့် ယာယီပိတ်ထားခဲ့သည့် မာန်အောင်ဟိုတယ်ဇုန်ကို ဧပြီလ ၁ ရက်နေ့က ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း ဟိုတယ်တာဝန်ရှိသူများထံမှ သိရသည်။
မာန်အောင်ဟိုတယ်ဇုန်ဖွင့်လှစ်ပြီး မကြာမီတွင် ဟိုတယ်အတွင်းရှိဆည်၌ ဟိုတယ်ဝန်ထမ်းတစ်ဦးသေဆုံးခဲ့မှုကြောင့် ယခုနှစ်ဖေဖော်ဝါရီလ ၅ ရက်နေ့မှစတင်ကာ အဆိုပါဟိုတယ်ဇုံကို ယာယီပိတ်ထားခဲ့ခြင်းဖြစ်သည်။
လက်ရှိမှာ ဟိုတယ်ဇုန်ကို ပြန်လည်ဖွင့်လှစ်ထားပြီဖြစ်၍ ခရီးသွားပြည်သူများအနေဖြင့် လာရောက်အပန်းဖြေနိုင်ပြီဟု မာန်အောင်အများပိုင်ကုမ္ပဏီ ဥက္ကဋ္ဌ ဦးထွန်းလှိုင်က DMG သို့ပြောသည်။
"ဟိုတယ်က အစိုးရကဖွင့်ခွင့်ပြန်ပေးတဲ့အတွက် မနေ့ကဧပြီလ ၁ ရက်နေ့ကပင် ပြန်ဖွင့်ထားတယ်။ လောလောဆယ်တော့ ဧည့်သည်တွေတော့ မရှိသေးဘူး။ လာလည်မယ်ဆိုတော့ အခုရေကြောင်းက လာလည်လို့ရမယ်။ လောလောဆယ် လေကြောင်းလိုင်းက အဆင်မပြေသေးဘူး"ဟု ၎င်းကဆိုသည်။
မာန်အောင်မြို့နယ် ကအီးကမ်းခြေရှိ သဘာဝကိုအခြေခံသော ခရီးသွားလုပ်ငန်းနှင့် သန္တာကျောက်တန်းတည်ရှိရာ ပြင်ကောက်ကျေးရွာရှိ ရပ်ရွာလူထုအခြေပြု သဘာဝကိုအခြေခံသော ခရီးသွားလုပ်ငန်းတို့ကို ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။