- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရမ်းဗြဲမြို့နယ်တွင် ရေခဲလုံလောက်စွာမရရှိ၍ ငါးများပုတ်သိုးကာစွန့်ပစ်နေရ
ရမ်းဗြဲမြို့နယ်အတွင်း လျှပ်စစ်မီး မကြာခဏပြတ်တောက်မှုကြောင့် ရေခဲစက်မှ ရေခဲလုံလောက်စွာမရရှိ၍ ငါးများပုတ်သိုးကာ စွန့်ပစ်ရမှုများရှိနေကြောင်း သိရသည်။
02 Apr 2022
DMG ၊ ဧပြီ ၂
ရမ်းဗြဲမြို့နယ်အတွင်း လျှပ်စစ်မီး မကြာခဏပြတ်တောက်မှုကြောင့် ရေခဲစက်မှ ရေခဲလုံလောက်စွာမရရှိ၍ ငါးများပုတ်သိုးကာ စွန့်ပစ်ရမှုများရှိနေကြောင်း သိရသည်။
ရမ်းဗြဲချောင်းအတွင်း ငါးအများအပြားသေဆုံးလျက် မျောပါနေသည်ကို မတ်လ ၃၀ ရက်နေ့တွင် ဒေသခံများတွေ့ရှိခဲ့ကြပြီး အဆ်ုပါငါးများမှ ရေခဲမရရှိ၍ ငါးဝယ်ယူသူများမှလွှင့်ပစ်ခဲ့ခြင်းဖြစ်သည်ကိုစုံစမ်းသိရှိခဲ့ရသည်ဟု ရမ်းဗြဲမြို့နယ် လူမှုရေးလုပ်ငန်းများလုပ်ကိုင်နေသူ ကိုထွန်းနိုင်ကပြောသည်။
"ကျနော်တို့ ငါးအသေတွေတွေ့တာကတော့ မတ်လ ၃၀ ရက်နေ့။ ချောင်းတွင်းထဲကို မျောလာတယ်။ အဲဒါကို ကျနော်တို့စုံစမ်းကြည့်တဲ့အခါ ရေခဲဝယ်မရလို့ ငါးဒိုင်တွေက လွှင့်ပစ်တာလို့သိရတယ်"ဟု ၎င်းကဆိုသည်။
ရမ်းဗြဲမြို့နယ်တွင် တစ်နေ့လျှင် လျှပ်စစ်မီး ၄ နာရီခန့် ပုံမှန်ပြတ်တောက်လျက်ရှိပြီး ရေခဲထုတ်လုပ်သည့် ရေခဲစက်လုပ်ငန်းများမှာ အရှုံးနှင့်ရင်ဆိုင်နေကြရကြောင်း သိရသည်။
ငါးအဝယ်ဒိုင်များအနေဖြင့် ငါးအများအပြားရရှိသည့်နေ့များတွင် ရေခဲကို လုံလောက်စွာဝယ်ယူ၍မရရှိသဖြင့် အခက်အခဲဖြစ်ရသည်ဟု ရမ်းဗြဲမြို့နယ်မှ ငါးပုဇွန်ရောင်းဝယ်ရေးဒိုင်ပိုင်ရှင်တစ်ဦးဖြစ်သူ ကိုစိုးမင်းနိုင်ကပြောသည်။
"ရေခဲကတော့ ပုံမှန်ဆိုရင် လည်ပတ်လို့ရတယ်။ တစ်ခါတစ်ခါ ငါးတွေအများရလာတဲ့အခါတော့ ရေခဲက မလုံလောက်ဘူး။ ရေခဲစက်ကလဲ လျှပ်စစ်မီးမရတော့ လိုသလောက်မထုတ်နိုင်ဘူး။ အဲလိုနေ့မျိုးတွေရှိတယ်။ အဆင်ပြေအောင်တော့ ဖြေရှင်းနေရတယ်"ဟု ၎င်းကပြောသည်။
ရမ်းဗြဲမြို့နယ်အတွင်း ရေခဲစက် ၃ ခုရှိပြီး ယခင်က တစ်နေ့လျှင် ရေခဲပေါင် ၁၅၀ အထိ ထုတ်လုပ်မှုရှိခဲ့ကြောင်း သိရသည်။ ယခုအခါ လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ရေခဲများပျက်စီးမှုရှိနေကြောင်း ရေခဲလုပ်ငန်းလုပ်ကိုင်သူများကပြောသည်။