- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်တွင် ရေချိုပုစွန်သားဖောက်စခန်းတစ်ခုကို ပထမဆုံးအကြိမ်စမ်းသပ်လုပ်ဆောင်ရန်စီစဉ်နေဟု ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာန တာဝန်ရှိသူပြော
ရခိုင်ပြည်နယ်တွင် ရေချိုပုဇွန်သားဖောက်စခန်းတစ်ခုကို ပထမဆုံးအကြိမ် စမ်းသပ်လုပ်ဆောင်ရန် စီစဉ်နေကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်ဦးက DMG သို့ ပြောသည်။
05 Oct 2021
DMG ၊ အောက်တိုဘာ ၅
ရခိုင်ပြည်နယ်တွင် ရေချိုပုဇွန်သားဖောက်စခန်းတစ်ခုကို ပထမဆုံးအကြိမ် စမ်းသပ်လုပ်ဆောင်ရန် စီစဉ်နေကြောင်း ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်ဦးက DMG သို့ ပြောသည်။
အဆိုပါ ပုဇွန်သားဖောက်စခန်းကို ကျောက်တော်၊ မြောက်ဦးနှင့် ပုဏ္ဏားကျွန်း စသည့်မြို့နယ်များထဲမှ တစ်ခုတွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
“ရခိုင်မှာ ရေချိုပုဇွန်သားဖောက်စခန်း တစ်ခုမှမရှိသေးဘူး။ အခုမှ ပထမဆုံးအကြိမ် စမ်းသပ်လုပ်ဆောင်မှာဖြစ်တယ်။ အခုက စီစဉ်နေတုန်းပေါ့နော်။ ရေချိုပုဇွန်ဆိုတာ ရေချိုရေငန်စပ်မှာနေပါတယ်။ ဒါကြောင့် ရေချိုရေငန်စပ်ရှိတဲ့ မြို့နယ်တွေမှာပဲ လုပ်လို့ရမယ်”ဟု ၎င်းကပြောသည်။
လုပ်ငန်းအောင်မြင်ခဲ့လျှင် ရရှိလာမည့်ရေချိုပုဇွန်များကို ပြည်တွင်းအပြင် ပြည်မဘက်သို့လည်းတင်ပို့သွားမည်ဟု ဦးသက်ဦးက ဆက်ပြောသည်။
“တင်ပို့ဖို့ကတော့ ပြည်ပဘက်ကို သိပ်မသေချာသေးဘူး။ ဒါပေမဲ့ ပြည်မဘက်ကတော့ တင်ပို့ဖို့သေချာပါတယ်။ အဲဒါကို အခုက အကောင်အထည်ဖော်လုပ်ဆောင်နေပါပြီ”ဟု ၎င်းကပြောသည်။
ရေချိုပုစွန်သားဖောက်စခန်းအတွက် ပြည်နယ်ဘတ်ဂျက်မှ ဘဏ္ဍာငွေကျပ်သိန်းငါးထောင်အထက် ကုန်ကျခံကာ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဆိုသည်။
ရခိုင်ပြည်နယ်တွင် ရေချိုပုဇွန်သားဖောက်စခန်းမှာ ယခုပထမဆုံးအကြိမ်ဖြစ်သော်လည်း ရေငန်ပုဇွန်သားဖောက်စခန်းမှာ ၃ ခုရှိကြောင်း သိရသည်။
အဆိုပါ ရေငယ်ပုဇွန်သားဖောက်စခန်း ၃ ခုမှာ ကျောက်ဖြူမြို့နယ်တွင် စေတီယျစခန်း၊ ပေါက်တောမြို့နယ်တွင် စိုးမဲကျီစခန်းနှင့် စစ်တွေမြို့နယ်၌ ရေချမ်းပြင်စခန်းတို့ဖြစ်ကြောင်း သိရသည်။
photo Crd - greenwaymyanmar