- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ဆက်လက်အားကောင်းလာနိုင်ဟု မိုး/ဇလခန့်မှန်း
ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် လာမည့်မတ်လ ၂၃ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ဆက်လက်အားကောင်းလာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ထုတ်ပြန်ချက်အရ သိရသည်။
17 Mar 2022
DMG ၊ မတ် ၁၇
ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် လာမည့်မတ်လ ၂၃ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်သို့ ဆက်လက်အားကောင်းလာနိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါလေဖိအားနည်းရပ်ဝန်းသည် ပိုမိုအားကောင်းလာကာ ကနဦးတွင် အရှေ့-အရှေ့မြောက်ဘက်သို့ ရွေ့လျားပြီး ကပ္ပလီပင်လယ်ပြင်နှင့် နီကိုးဘားကျွန်းအနီးတို့တွင် မတ်လ ၂၀ ရက်နေ့၌ မုန်တိုင်းငယ်(Depression)အဖြစ်သို့ ရောက်ရှိနိုင်သည်ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။
မုန်တိုင်းငယ်သည် မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားပြီးနောက် မတ်လ ၂၁ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်း(CyclonicStorm)အဖြစ်သို့ ဆက်လက်အားကောင်းလာနိုင်ပြီး မြောက်-အနောက် မြောက်ဘက်သို့ မတ်လ ၂၂ ရက်နေ့အထိ ဆက်လက်ရွေ့လျားနိုင်ကြောင်းလည်း ဖော်ပြထားသည်။
ထိုမှတစ်ဆင့် မြောက်-အရှေ့မြောက်ဘက်သို့ပြန်ကွေ့ကာ မတ်လ ၂၃ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ(Bangladesh)နှင့် မြန်မာနိုင်ငံ ၊ ရခိုင်ကမ်းရိုးတန်းမြောက်ပိုင်း ကမ်းခြေအနီးသို့ ရောက်ရှိနိုင်သည်ဟု ခန့်မှန်းကြောင်းလည်း ဖော်ပြထားသည်။
“မုန်တိုင်းတောင်မဖြစ်သေးဘူး၊ လေဖိအားနည်းရပ်ဝန်းအဆင့်မှာခန့်မှန်းတာဆိုတော့ လမ်းကြောင်းက အနည်းငယ်ပြောင်းလဲမှုရှိနိုင်တယ်။ သွားမဲ့လမ်းကြောင်းကို ပိုပြီးတိတိကျကျပြောနိုင်တဲ့ အခြေအနေကတော့ မုန်တိုင်းဖြစ်သွားရင်ပေါ့။ ဒီကနေ့ခန့်မှန်းထားတဲ့ လမ်းကြောင်းအတိုင်းဆို အလယ်ပိုင်း စစ်တွေနဲ့ ကျောက်ဖြူတို့ ကြားထဲဖြစ်နိုတယ်”ဟု မိုး/ဇလညွှန်ကြားရေးမှူး ဦးလှထွန်းက ပြောသည်။