- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မာန်အောင်တွင် ဓနိဖက်သုံးစွဲမှု အနည်းငယ်မြင့်တက်လာ
ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် နေအိမ်အမိုးပြုလုပ်ရာ၌အသုံးပြုသော ဓနိဖက်ကို သုံးစွဲသူပြန်လည်မြင့်တက်လာနေသည်ဟု ဓနိဖက်ရောင်းဝယ်ရေး လုပ်ကိုင်နေသူများထံမှ သိရသည်။
17 Mar 2022
DMG ၊ မတ် ၁၇
ရခိုင်ပြည်နယ် မာန်အောင်မြို့တွင် နေအိမ်အမိုးပြုလုပ်ရာ၌အသုံးပြုသော ဓနိဖက်ကို သုံးစွဲသူပြန်လည်မြင့်တက်လာနေသည်ဟု ဓနိဖက်ရောင်းဝယ်ရေး လုပ်ကိုင်နေသူများထံမှ သိရသည်။
ဓနိဖက်ကို ယခင်က မာန်အောင်အပါအဝင် ရခိုင်ပြည်နယ်အတွင်း အသုံးများခဲ့သော်လည်း သံဖြူများအစားထိုး ပေါ်လာပြီးနောက် သုံးစွဲသူသိသိသာသာလျော့ကျခဲ့သည်။ လက်ရှိမှာ ဓနိဖက်သုံးစွဲမှု အနည်းငယ် ပြန်လည်မြင့်တက်လာနေသည်ဟု မာန်အောင်မြို့နယ်မှ ဓနိဖက်ရောင်းဝယ်ရေးလုပ်ကိုင်နေသူ ဦးထွန်းမင်းက ပြောသည်။
“သံဖြူတွေပေါ်လာပြီးနောက်ပိုင်း ဓနိဖက်သုံးစွဲသူတွေကတော့ လျှော့ကျမှုရှိခဲ့တယ်။ ဓနိခင်းပိုင်ရှင်တွေဆိုရင် အလုပ်မဖြစ်လောက်အောင် ဝယ်သူနည်းပါးခဲ့တယ်။ အခုတော့ပြန်ပြီး ဓနိဝယ်ယူသုံးစွဲသူက များပြားလာတာ” ဟု ၎င်းကဆိုသည်။
မာန်အောင်မြို့နယ်တွင် လက်ရှိဓနိဖက်တစ်ရာလျှင် နှစ်သောင်းကျပ်မှ နှစ်သောင်းသုံးထောင်ကျပ်အထိ ဈေးနှုန်းရှိနေကြောင်း ဓနိဖက်ရောင်းဝယ်ရေးပြုလုပ်နေသူများထံမှ သိရသည်။
ရာသီဥတုအပူချိန် မြင့်မားလာခြင်းကြောင့် ဓနိဖက်အားသုံးစွဲသူ ပြန်လည်မြင့်တက်လာခြင်းဖြစ်သည်ဟု မာန်အောင်ဒေသခံ ကိုထွန်းထွန်းစောကဆိုသည်။
“သံဖြူဆိုတာက သက်တမ်းတာရှည်ခံတော့ အရင်တုန်းကအသုံးပြုကြတာ များကြတယ်။ အခုက အပင်ရိပ်တွေကလဲနည်း၊ အပူချိန်ကလဲပြင်းဆိုတော့ အအေးဓာတ်ကိုပေးတဲ့ ဓနိဖက်ကို သံဖြူအောက်က အစားထိုးပြီး သုံးစွဲတာရှိသလို သံဖြူကိုခွာထုတ်ပြီး ဓနိဖက်ကိုမိုးပြီးနေလာကြသူတွေလဲ ရှိလာနေတယ်” ဟု ၎င်းကပြောသည်။
ဓနိဖက်ကို နေအိမ်အမိုးအဖြစ်အသုံးပြုပါက တစ်ကြိမ်မိုးလျှင် ၃ နှစ်ခန့်ခံပြီး လက်ရှိ မာန်အောင်မြို့နယ်တွင် ဓနိဖက်ရောင်းအားမြင့်လာ၍ အခြား တောင်ကုတ်မြို့နယ်များမှ မှာယူရောင်းချနေရသည်ဟုလည်း ဓနိဖက်ရောင်းဝယ်ရေး လုပ်ကိုင်နေသူများထံမှ သိရသည်။