စစ်တွေ ဆေးရုံကြီးအနီးတွင် ပစ်ခတ်မှုဖြစ်

စစ်တွေမြို့နယ် ပြည်သူ့ဆေးရုံကြီးအနီးတွင် ယနေ့ည ၆ နာရီကျော်အချိန်က သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့သည်။

08 Sep 2022

DMG ၊ စက်တင်ဘာ ၈

စစ်တွေမြို့နယ် ပြည်သူ့ဆေးရုံကြီးအနီးတွင် ယနေ့ည ၆ နာရီကျော်အချိန်က သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး လူတစ်ဦးသေဆုံးခဲ့သည်။

ဖြစ်စဉ်မှာ မိသားစုဝင်သုံးဦးမှာ မီးပွိုင့်တွင်ရပ်နေစဉ် အမည်မသိလူများက အနီးကပ်ပစ်ခတ်ခံခဲ့ရခြင်းဖြစ်သည်။

ပစ်ခတ်မှုကြောင့် ဦးခေါင်းပိုင်းတွင် ကျည်ဒဏ်ရာနှစ်ချက်ရရှိကာ ဖခင်ဖြစ်သူသေဆုံးပြီး မိခင်ဖြစ်သူနှင့် သားဖြစ်သူ အသက်ရှင်ကျန်ခဲ့သည်။

လက်ရှိတွင် အလောင်းကို ဆေးရုံကြီးသို့ပို့ဆောင်ထားပြီး မှုခင်းဆရာဝန်ကို စောင့်ဆိုင်းနေသည်။ သေဆုံးသူမှာ ဓညဝတီရပ်ကွက်မှဟု ကနဦးစုံစမ်းသိရှိရသည်။ အသေးစိတ်ကို dmg အနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။