- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရမ်းဗြဲမြို့လယ်ရှိ တန်းချောင်းကို ကိုယ်ထူကိုယ်ထစနစ်ဖြင့် တူးဖော်နေ
ရမ်းဗြဲမြို့လယ်ရှိ တန်းချောင်းအတွင်း အမှိုက်စွန့်ပစ်မှုများပြားလာပြီး ချောင်းတိမ်ကောလာသည့်အတွက် ချောင်းပိတ်ဆို့မှုမဖြစ်စေရန် လူမှုအသင်းအဖွဲ့များမှဦးဆောင်ကာ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ချောင်းအားပြန်လည်တူးဖော်လျက်ရှိကြောင်း သိရသည်။
05 Apr 2022
DMG ၊ ဧပြီ ၆
ရမ်းဗြဲမြို့လယ်ရှိ တန်းချောင်းအတွင်း အမှိုက်စွန့်ပစ်မှုများပြားလာပြီး ချောင်းတိမ်ကောလာသည့်အတွက် ချောင်းပိတ်ဆို့မှုမဖြစ်စေရန် လူမှုအသင်းအဖွဲ့များမှဦးဆောင်ကာ ကိုယ်ထူကိုယ်ထစနစ်ဖြင့် ချောင်းအားပြန်လည်တူးဖော်လျက်ရှိကြောင်း သိရသည်။
ရမ်းဗြဲမြို့မှ မြစ်ဝသို့ရေစီးဆင်းသော အဆိုပါချောင်းအတွင်းသို့ အမှိုက်စွန့်ပစ်မှုများကြောင့် ချောင်းမှာ တစ်နှစ်ထက်တစ်နှစ်တိမ်ကောလာနေရကြောင်း ဒေသခံများကပြောသည်။
ထို့ကြောင့် ချောင်းပိတ်ဆို့မှုဖြစ်မည်ကို စိုးရိမ်လာရသည့်အတွက် ဒေသခံလူမှုအဖွဲ့အစည်းနှင့် အလှူရှင်များစုပေါင်းကာ ချောင်းအားတူးဖော်နေသည်ဟု ချောင်းတူးဖော်ရေးတွင်ဦးဆောင်သူ ကိုထွန်းနိုင်ကပြောသည်။
"ဒီချောင်းက ရမ်းဗြဲမြို့ရဲ့အလှကိုဆင်ထားတဲ့ ချောင်းတစ်ခုလဲဖြစ်တယ်။ အဲဒီချောင်းက မြို့တစ်ခုလုံးကရေတွေကို စီးဆင်းတဲ့ချောင်းလဲဖြစ်တော့ အခုအမှိုက်တွေပစ်တာများလာတော့ ချောင်းက တစ်ဖြည်းဖြည်းတိမ်လာတယ်။ အဲဒါကို ကျနော်တို့ကဦးဆောင်ပြီး ကိုယ်ထူကိုယ်ထစနစ်နဲ့ပြုပြင်ကြတာ"ဟု ၎င်းကဆိုသည်။
အဆိုပါချောင်းကို ပထမဆုံးအကြိမ် ပြန်လည်တူးဖော်ခြင်းဖြစ်ပြီး ဒေသခံပြည်သူများအနေဖြင့် ချောင်းထဲသို့ အမှိုက်စွန့်ပစ်ခြင်းကို ထပ်မံမလုပ်ဆောင်ရန်လိုအပ်သည်ဟု ရမ်းဗြဲမြို့ခံ ကိုအောင်ထိန်ကဆိုသည်။
"အမှိုက်ပုံးတွေကတော့ ရှိတယ်။ ဒါပေမဲ့ အမှိုက်ပုံးက မလုံလောက်ဘူးဆိုတဲ့အခါ ချောင်းထဲကိုစွန့်ပစ်ကြတာများတယ်။ အဲဒါကြောင့် အခုချောင်းကိုတူးဖော်ပြီး သန့်ရှင်းအောင်လုပ်ထားတယ်။ နောက်အမှိုက်တွေကို ချောင်းအတွင်းသို့မစွန့်ပစ်ဖို့အတွက် လိုအပ်တယ်"ဟု ၎င်းကဆိုသည်။
လက်ရှိချောင်းတူးဖော်ရာတွင် ငွေကြေးလိုအပ်ချက်ရှိနေသေးပြီး ဆက်လက်တူးဖော်နိုင်ရန် ငွေကြေးအကူအညီလိုအပ်နေကြောင်း ဦးဆောင်လုပ်ကိုင်နေသူများကပြောသည်။