- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
သထုံခရိုင်အတွင်း စစ်ဘေးရှောင်ဦးရေမြင့်တက်လာပြီး အခက်အခဲများစွာရှိနေ
KNU တပ်မဟာ(၁)နယ်မြေ သထုံခရိုင်အတွင်းတိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေမြင့်တက်လာနေပြီး အခက်အခဲများစွာဖြစ်ပေါ်လျက်ရှိကြောင်း စစ်ဘေးရှောင်ကူညီရေးလုပ်ဆောင်နေသူများထံမှ သိရသည်။
06 May 2022
DMG ၊ မေ ၇
KNU တပ်မဟာ(၁)နယ်မြေ သထုံခရိုင်အတွင်းတိုက်ပွဲများကြောင့် စစ်ဘေးရှောင်ဦးရေမြင့်တက်လာနေပြီး အခက်အခဲများစွာဖြစ်ပေါ်လျက်ရှိကြောင်း စစ်ဘေးရှောင်ကူညီရေးလုပ်ဆောင်နေသူများထံမှ သိရသည်။
KNU တပ်မဟာ(၁)နယ်မြေရှိ စစ်ဘေးရှောင်ဦးရေ တစ်သောင်းကျော်မှာ စားနပ်ရိက္ခာ၊ နေရာထိုင်ခင်း၊ သောက်သုံးရေနှင့် ဆေးဝါးများစွာလိုအပ်နေကြောင်း ကရင်စစ်ဘေးရှောင်ကူညီရေးလုပ်ဆောင်နေသူ တစ်ဦးကပြောသည်။
“တပ်မဟာ ၁ နယ်မြေအတွင်း ဘီလင်းနဲ့ ကျိုက်ထိုတို့မှာ အခုစစ်ဘေးရှောင်တစ်သောင်းကျော်အထိ ရှိလာနေပါတယ်။ လိုအပ်နေတာက ဆေးဝါးကဦးစားပေးအဆင့်ပေါ့။ စားနပ်ရိက္ခာ၊ နေရာထိုင်ခင်းကို ရသလိုဖြည့်ဆည်းပေးထားပါတယ်။ ရာသီဥတုက မိုးရွာလိုက်နေပူလိုက်ဆိုတော့ ကျန်းမာရေးထိခိုက်သူတွေ ရှိလာနေပါတယ်။ သောက်သုံးရေကိစ္စကလည်း တော်တော်လေးခက်ခဲ့ပါတယ်”ဟု ပြောသည်။
သောက်သုံးရေးမသန့်ရှင်းမှုကြောင့် ဝမ်းရောဂါဖြစ်ပွားသည့် စစ်ဘေးရှောင် ၁၀၀ နီးပါးအထိ ရှိလာနေကြောင်းလည်း သိရသည်။
စစ်ဘေးရှောင်များကိုကုသပေးနေသည့် ကျန်းမာရေးဝန်ထမ်းတစ်ဦးက “သောက်သုံးရေမသန့်ရှင်းတဲ့အတွက် ဝမ်းရောဂါပိုပြီးဖြစ်လာတယ်။ ဝမ်းကိုက်တာတို့၊ ဝမ်းပျက်ဝမ်းလျှောတို့ပေါ့။ ဆေးဝါးကတော့ လှူဒါန်းတဲ့သူတွေရှိနေပေမဲ့ အလုံအလောက်မရှိတော့ အဆင်ပြေသလိုပဲကုသပေးနေရပါတယ်”ဟုဆိုသည်။
KNU တပ်မဟာ(၁)နယ်မြေဖြစ်သည့် ဘားအံ၊ သထုံ၊ ဘီလင်းနှင့် ကျိုက်ထိုမြို့နယ်တို့တွင် မြန်မာစစ်တပ်၊ နယ်ခြားစောင့်တပ်(BGF)နှင့် KNLA ပူးပေါင်းအဖွဲ့တို့ကြား တိုက်ပွဲများဖြစ်ပွားလျက်ရှိနေသည်။