- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
သက်ကယ်ပြင်မွတ်ဆလင်စခန်းအား မနက်ဖန်စတင်ကာ ကိုဗစ်ကာကွယ်ဆေးထိုးသွားမည်
ရခိုင်ပြည်နယ်အတွင်းရှိ ရခိုင်စစ်ဘေးရှောင်စခန်းများ၊ တိုက်ပွဲရှောင်ယာယီစခန်းများနှင့် မွတ်ဆလင်ဒုက္ခသည်စခန်း ၁၅ခုအား ကိုဗစ်ကာကွယ်ဆေး ထိုးသွားမည်ဖြစ်ကာ မနက်ဖန်သြဂုတ်လ ၂၈ ရက်နေ့တွင် စစ်တွေမြို့နယ် သက်ကယ်ပြင်မွတ်ဆလင်ဒုက္ခသည်စခန်းကို စတင်ထိုးသွားမည်ဖြစ်ကြောင်း ပြည်နယ်ကုသရေးဦးစီးဌာနမှ သိရသည်။
27 Aug 2021
DMG ၊ သြဂုတ် ၂၇
ရခိုင်ပြည်နယ်အတွင်းရှိ ရခိုင်စစ်ဘေးရှောင်စခန်းများ၊ တိုက်ပွဲရှောင်ယာယီစခန်းများနှင့် မွတ်ဆလင်ဒုက္ခသည်စခန်း ၁၅ခုအား ကိုဗစ်ကာကွယ်ဆေး ထိုးသွားမည်ဖြစ်ကာ မနက်ဖန်သြဂုတ်လ ၂၈ ရက်နေ့တွင် စစ်တွေမြို့နယ် သက်ကယ်ပြင်မွတ်ဆလင်ဒုက္ခသည်စခန်းကို စတင်ထိုးသွားမည်ဖြစ်ကြောင်း ပြည်နယ်ကုသရေးဦးစီးဌာနမှ သိရသည်။
“ လောလောစဉ်တော့ ၆၅နှစ်အထက်တွေကို ထိုးသွားပါမယ်။ လူသေချာတော့ အလွတ်မရဘူး၊ မနက်ဖန် ကျနော်တို့ပထမဆုံးစထိုးမှာပါ၊ သက်ကယ်ပြင် campကိုထိုးသွားပါမယ်၊”ဟု ပြည်နယ်ကုသရေးဦးစီးဌာနမူး ဒေါက်တာကြည်လွင်ကပြောသည်။
ရခိုင်ပြည်နယ်ရှိ စစ်တွေ၊မြောက်ဦး၊ မြေပုံ၊ကျောက်တော်၊ မင်းပြားနှင့် အမ်းစသည့် စစ်ဘေးရှောင်စခန်း ၁၅ခုတွင် အသက် ၆၅နှစ်အထက်များကို ထိုးသွားမည်ဖြစ်ကြောင်း ဒေါက်တာကြည်လွင်က ဆက်ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၁ရက်နေ့က ရခိုင်ပြည်အတွင်းရှိ ရခိုင်စစ်ဘေးရှောင်စခန်းများ (IDPs) နှင့် မွတ်ဆလ င်ဒုက္ခသည်စခန်းများ (IDPs) အတွင်း နေထိုင်သူများအနက် COVID -19 ကာကွယ်ဆေး မထိုးရသေးသူဦးရေ ၅၀၀၀၀ ကို ကာကွယ်ဆေးထိုးပေးသွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ကောင်စီအဖွဲ့ဝင် ဦးလှသိန်းက ပြောကြားထားသည်။
ယင်းသို့ထိုးနှံပေးမည့် ကာကွယ်ဆေး ၅၀၀၀၀ အနက် ၃၀၀၀၀ ကို ရခိုင်စစ်ဘေးရှောင်စခန်းတွင် ထိုးပေးသွားမည်ဖြစ်ပြီး ကျန် ၂၀၀၀၀ ကို မွတ်ဆလင်ဒုက္ခသည်စခန်းများတွင် ကာကွယ်ဆေးထိုးရန် စီစဉ်ထားခြင်းလည်းဖြစ်သည်။
IDPs Camp များတွင် ကိုဗစ်ကာကွယ်ဆေးထိုးပေးမည့်ကိစ္စသည် ကောင်းမွန်သည့်ကိစ္စရပ်တစ်ခုဖြစ်ပြီး မွတ်ဆလင် Camp များ ပါဝင်လာသည့်အပေါ် များစွာကြိုဆိုကြောင်း ရခိုင်တိုင်းရင်းသားမျိုးန ွယ်များ အစည်းအရုံး (REC)မှ အတွင်းရေးမှူး ကိုဇော်ဇော်ထွန်းက ဆိုသည်။
ရခိုင်ပြည်တွင် IDPs စခန်းများအတွင်း နေထိုင်ရသည့် စစ်ဘေးရှောင်ဦးရေ တစ်သိန်းကျော်နှင့် IDPs Camp များတွင် နေထိုင်ရသည့် မွတ်ဆလင်ဦးရေ နှစ်သိန်းကျော်အထိ ရှိနေကြောင်း REC ၏ စာရင်းအရ သိရသည်။
ရခိုင်တပြည်လုံးတွင် ကာကွယ်ဆေးထိုးပြီးသူ စုစုပေါင်း ၂သိန်းကျော်ထိုးပြီးဖြစ်ကာ နောက်ထပ် ငါးသောင်းခန့်အား ဆက်လက်ထိုးသွားမည်ဖြစ်ကြောင်း ဆိုသည်။