- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
လက်နက်ကြီးပစ်ခတ်မှုကြောင့် ထားဝယ်ဒေသခံများ ထွက်ပြေးနေရ
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ဝကုန်းကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်ယာဉ်တန်းမှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဒေသခံတစ်ထောင်ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
29 Aug 2022
DMG ၊ သြဂုတ် ၂၉
တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ် ဝကုန်းကျေးရွာအတွင်းသို့ စစ်ကောင်စီတပ်ယာဉ်တန်းမှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဒေသခံတစ်ထောင်ကျော် နေရပ်စွန့်ခွာထွက်ပြေးနေရကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
သြဂုတ် ၂၇ ရက်နေ့နံနက်ပိုင်းက ထိုင်း-မြန်မာနယ်စပ် ထားဝယ်-ထီးခီးကားလမ်းမသို့ ကား ၁၇ စီးပါသည့် စစ်ကောင်စီယာဉ်တန်းဖြတ်သန်းစဉ် အနီးအနားဝန်းကျင်သို့ လက်နက်ကြီးဖြင့် အချက်ရေ (၁၀)ထက်မနည်းပစ်ခတ်ခဲ့သည်ဟု ဝကုန်းကျေးရွာသားတစ်ဦးကပြောသည်။
ထိုသို့ပစ်ခတ်မှုကြောင့် ဝကုန်းကျေးရွာအတွင်းသို့ လက်နက်ကြီးကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံများမှာလည်း နီးစပ်ရာတောင်တောင်များသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ၎င်းကဆက်ပြောသည်။
“မနက် ၄ နာရီမှာ ထားဝယ်-ထီးခီး နယ်စပ်ကို စစ်တပ်ယာဉ်တန်းဖြတ်တယ်။ ဖြတ်နေအချိန် လက်နက်ကြီးနဲ့ တရစပ်ပစ်တယ်။ လက်နက်ငယ်နဲ့ပစ်တာလည်းပါတယ်။ ရွာထဲက အကုန်လုံးနီးပါး နီးစပ်တဲ့တောထဲကို ပြေးရှောင်နေရပါတယ်”ဟု ဝကုန်းကျေးရွာသားက ပြောသည်။
စစ်ကောင်စီတပ်ဖွဲ့မှ လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် ဒေသခံများ အထိအခိုက်မရှိသော်လည်း ဝကုန်းကျေးရွာအတွင်း နေအိမ်နှစ်လုံး ထိခိုက်ပျက်စီးခဲ့ကြောင်း သိရသည်။
နောက်ထပ် ဝကုန်းကျေးရွာသားတစ်ဦးက “စစ်ယာဉ်တန်းလာမယ် ကြိုသိရတော့ ရွာသားတွေက အကုန်ရှောင်ကြတယ်။ လက်နက်ကြီးနဲ့ပစ်တဲ့အချိန်မှာ ရွာထဲမှာ တစ်ယောက်မှမရှိတော့ဘူး။ လက်နက်ပစ်သံမကြားရတော့မှ ရွာထဲဝင်ကြည့်တော့ အိမ်နှစ်လုံးကို လက်နက်ကြီးမှန်ထားတာတွေ့တယ်။ ကျည်ဆံ အခွံတွေကိုလည်း တွေ့တယ်။ ရွာထဲမှာ ဘယ်သူမှမနေရဲတော့ဘူး။ အခုလည်း အကုန်ရှောင်နေကြရတယ်”ဟု ဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး စစ်ကောင်စီ သတင်းပြန်ကြားရေးအဖွဲ့မှ တစုံတရာ သတင်းထုတ်ပြန်ခြင်း မတွေ့ရသေးပေ။
ဝကုန်းကျေးရွာမှ ထွက်ပြေးတိမ်းရှောင်လာသည့် ဒေသခံတစ်ထောင်ကျော်အတွက် နေထိုင်စရာအမိုးအကာနှင့် စားနပ်ရိက္ခာများ အရေးပေါ်လိုအပ်နေကြောင်း စစ်ရှောင်ကူညီရေးအဖွဲ့ဝင်များထံမှ သိရသည်။
စစ်ရှောင်ကူညီရေးလုပ်ဆောင်နေသူတစ်ဦးက “ဝကုန်းကျေးရွာ ဒေသခံ တစ်ထောင်ကျော်လောက်ရှိနေပါတယ်။ သူတို့အတွက် အမိုးအကာတွေနဲ့ စားနပ်ရိက္ခာတွေအတွက် အကူအညီအရေးပေါ်လိုအပ်နေပါတယ်။ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ကူညီပေးကြဖို့ တောင်းခံထားတာရှိပါတယ်”ဟု ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လ ၂၆ ရက်နေ့ နံနက်အချိန်၌ ထားဝယ်မြို့မှ ထိုင်း-မြန်မာနယ်စပ်ဒေသ ထီးခီးသို့ထွက်ခွာလာသည့် စစ်တပ်ယာဉ်တန်း(၁၇)စီးကို ပကာရီကျေးရွာအရောက်တွင် ကေအန်ယူတပ်မဟာ(၄) KNDO နှင့် ဒေသခံကာကွယ်ရေး(PDF) ပူးပေါင်းအဖွဲ့မှ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ နှစ်ဖက်အပြန်အလှန်တိုက်ပွဲဖြစ်ပွားခဲ့သည်။