- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
NLD အမတ်ဟောင်း ဦးမင်းအောင်နှင့် ပါတီဝင် ကိုသန့်ဇင်ဖြိုးတို့ကို ဘေး/စီ/မံပုဒ်မဖြင့် စွဲချက်တင်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်နှင့် ပါတီဝင် ကိုသန့်ဇင်ဖြိုးတို့ကို သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ- ၂၅ ဖြင့် ယနေ့ ဇူလိုင် ၂၆ ရက်နေ့ ရုံးချိန်းတွင် စွဲချက်တင်လိုက်ကြောင်း သိရသည်။
26 Jul 2021
DMG ၊ ဇူလိုင် ၂၆
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)ပါတီ၏ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးမင်းအောင်နှင့် ပါတီဝင် ကိုသန့်ဇင်ဖြိုးတို့ကို သဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ- ၂၅ ဖြင့် ယနေ့ ဇူလိုင် ၂၆ ရက်နေ့ ရုံးချိန်းတွင် စွဲချက်တင်လိုက်ကြောင်း သိရသည်။
ယနေ့ရုံးချိန်းတွင် ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့သည် ဘေး/စီ/မံအမှုနှင့်ပတ်သက်ပြီး အပြစ်မရှိကြောင်း ထွက်ဆိုခဲ့ကြောင်း အမှုကိုလိုက်ပါဆောင်ရွက်ပေးနေသည့် တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂီမောင်က ပြောသည်။
“သဘာဝဘေးစီင်္မဥပဒေပုဒ်မ-၂၅ အရ သူတို့နှစ်ဦးကို စွဲချက်တင်တယ်။ သူတို့က အပြစ်မရှိဘူးလို့ပြောတယ်။ ဆိုတော့ တရားခံဘက်ကတင်ပြချင်တဲ့ သက်သေစာရင်းတွေပေးတယ်။ သြဂုတ်လ ၉ ရက်နေ့ကို ရုံးချိန်းလိုက်တယ်” ဟု ၎င်းကပြောသည်။
ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့မှာ ငြိမ်းချမ်းစွာစုဝေးခွင့်နှင့် စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေပုဒ်မ-၁၉၊ သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ- ၂၅ တို့ဖြင့် တောင်ကုတ်မြို့နယ်တရားရုံးတွင် တရားစွဲဆိုခံထားရခြင်းဖြစ်သည်။
လာမည့် သြဂုတ်လ ၉ ရက်နေ့ရုံးချိန်းတွင် အမှုနှစ်ခုစလုံးနှင့်ပတ်သက်ပြီး တရားစွဲဆိုခံထားရသူများကို စစ်ဆေးသွားမည် ဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ ဒေါ်သိင်္ဂီမောင်က ပြောသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၉ ရက်နေ့က တောင်ကုတ်မြို့၌ စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ကြောင်း ဆန္ဒဖော်ထုတ်မှုနှင့် ပတ်သက်ပြီး ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတု့ိ ဖမ်းဆီးခံခဲ့ရခြင်း ဖြစ်သည်။
ယင်းနောက် ၎င်းတို့နှစ်ဦးကို တောင်ကုတ်မြို့မရဲစခန်းမှ ဒု-ရဲမှူး ဇော်လတ်က တရားလိုပြုလုပ်ကာ ငြိမ်းစုစီပုဒ်မဖြင့် အမှုဖွင့်လှစ်ခဲ့ပြီး သံတွဲခရိုင် သဘာဝဘေးအန္တရာယ်နှင့် ကာကွယ်ရေးပစ္စည်းထိန်းသိမ်းရေးဌာနမှ ဦးစီးမှူး ဒေါ်မြင့်သူသင်းမှ တရားလိုပြုလုပ်ကာ ဘေးစီမံပုဒ်မဖြင့် ထပ်မံ အမှုဖွင့်လှစ်ခဲ့ခြင်းလည်းဖြစ်သည်။