- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် သမ္မတအမှုကို ယနေ့အမိန့်မချဖြစ်၊ ဒီဇင်ဘာ ၆ ရက်သို့ ထပ်မံရုံးချိန်း
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို စစ်ကောင်စီမှတရားစွဲထားသည့်ပုဒ်မများမှ အမှုနှစ်ခုအတွက် ယနေ့ နိုဝင်ဘာ ၃၀ ရက်တွင် အမိန့်ချမည်ကိုစစ်ကောင်စီ၏နေပြည်တော်အထူးတရားရုံးမှ ဒီဇင်ဘာ ၆ ရက်နေ့သို့ ရွှေ့ပြောင်းလိုက်ကြောင်းသိရသည်။
30 Nov 2021
DMG ၊ နိုဝင်ဘာ ၃၀
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတ ဦးဝင်းမြင့်တို့ကို စစ်ကောင်စီမှတရားစွဲထားသည့်ပုဒ်မများမှ အမှုနှစ်ခုအတွက် ယနေ့ နိုဝင်ဘာ ၃၀ ရက်တွင် အမိန့်ချမည်ကိုစစ်ကောင်စီ၏နေပြည်တော်အထူးတရားရုံးမှ ဒီဇင်ဘာ ၆ ရက်နေ့သို့ ရွှေ့ပြောင်းလိုက်ကြောင်းသိရသည်။
အမိန့်ချမည့်နေ့ရက်ကို လာမည့် ဒီဇင်ဘာ ၆ ရက်ကိုရွှေ့ပြောင်းလိုက်ကြောင်း အတိုင်ပင်ခံပုဂ္ဂိုလ်၏ရှေ့နေများနှင့်နီးစပ်သူတစ်ဦးက ပြောသည်။
"ရုံးချိန်းကနောက်လ ၆ ရက်နေ့မှာ ထပ်ချိန်းလိုက်ပါတယ်။ အမှုအတွက်လိုအပ်ချက်ရှိနေလို့ အခုလိုရက်ချိန်းပေးလိုက်တာသိရပါတယ်" ဟု အဆိုပါနီးစပ်သူတစ်ဦးကပြောသည်။
အမိန့်ချမှတ်ခြင်းခံရမည့် ပုဒ်မနှစ်ခုတွင် အရပ်သားတစ်ဦးက သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဥပဒေပုဒ်မ ဖြင့် အတိုင်ပင်ခံပုဂ္ဂိုလ်ကို စွဲဆိုထားခြင်းဖြစ်ပြီး ခံပြသက်သေအဖြစ် ဒေါက်တာဇော်မြင့်အောင်ကို နေပြည်တော်သို့လာရောက်ရန် အိုးဘိုထောင်မှတဆင့် ဆင့်ခေါ်စာအသစ်လျှောက်ထားမှုအတွက် ဒီဇင်ဘာ ၆ ရက်တွင် တဆက်ထဲအမိန့်ချမှတ်သွားမည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေဥပဒေအကြံပေးတစ်ဦးက ဆိုသည်။
"အမေစုကို စွဲထားတဲ့သူက အရပ်သားတစ်ဦးဖြစ်တဲ့ ဦးညီညီပေါ့။ သူက သဘာဝဘေးအန္တရာယ်ဥပဒေနဲ့စွဲထားတာ။ အမေစုရဲ့ခံပြသက်သေက အန်ကယ်ဒေါက်တာဇော်မြင့်အောင်ပေါ့နော်။ ကျန်းမာရေးကောင်းလာပြီမို့လို့ အိုးဘိုထောင်ကနေ သက်သေထွက်ဆိုဖို့ ခေါ်ယူဖို့အတွက်ပါ အမိန့်ချမယ်ဆိုပြီး တရားရုံးကဆုံးဖြတ်တယ်ဆိုပြီး အမိန့်ချလိုက်တာပါ" ဟု အဆိုပါရှေ့နေအကြံပေးက ပြောသည်။
နေပြည်တော်အထူးတရားရုံးမှ ရုံးချိန်းထပ်မံပေးအပ်လိုက်ပေမဲ့ စွဲဆိုထားသည့်သဘာဝဘေးအန္တရာယ်ဆိုင်ရာဥပဒေပုဒ်မ ၂၅ ပက်သက်ပြီး လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့်သမ္မတဦးဝင်းမြင့်ကို ဆက်လက်အမှုစစ်ဆေးခဲ့ကြောင်းအဆိုပါရှေ့နေက ထပ်မံပြောသည်။
သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နှင့် ပုဒ်မ ၅၀၅(ခ)၊ ပို့ကုန်သွင်းကုန်ဥပဒေ၊ နိုင်ငံတော်လျို့ဝှက်ချက်ပေါက်ကြားမှုဆိုင်ရာဥပဒေပုဒ်မ၊ အဂတိတိုက်ဖျက်ရေးဥပဒေပုဒ်မ စသည်ဖြင့် အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်အား ပုဒ်မ ၂၀ ခုနှင့် သမ္မတဦးဝင်းမြင့်ကိုလည်း ပုဒ်မ ၅ ခုဖြင့် စစ်ကောင်စီမှအာဏာသိမ်းယူသည့် ဖေဖော်ဝါရီလ ၁ ရက်မှစပြီး တရားစွဲဆိုထားသည်။
ထို့အပြင် ကိုဗစ်-၁၉ ကန့်သတ်မှုအရဆိုကာ တရားစွဲဆိုသည့်အချိန်မှစပြီး မေလ ၂၄ နေ့ မတိုင်ခင်အထိ ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတဦးဝင်းမြင့်တို့ကို လူထုတ်ယူစစ်ဆေးခြင်းမရှိခဲ့ဘဲ ဗီဒီယိုကွန်ဖရင့်နှင့်ရုံးချိန်းပေးခြင်းကို စစ်ကောင်စီဘက်မှလုပ်ဆောင်မှုရှိခဲ့သည်။