- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
သံတွဲတွင် ရေပြန်ကျသွားပြီ
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ဇူလိုင် ၂၇ ရက်နေ့က ရေကြီး ရေလျှံဖြစ်ပြီး စိုးရိမ်ရေမှတ်ကျော်လွန်ခဲ့ကာ ဆေးရုံအပါအဝင် လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ မီးသင်္ဂြိုဟ်စက်နှင့် နေအိမ်အများအပြား ရေနစ်မြုပ်မှုဖြစ်ခဲ့သည်။
28 Jul 2021
DMG ၊ ဇူလိုင် ၂၈
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ဇူလိုင် ၂၇ ရက်နေ့က ရေကြီး ရေလျှံဖြစ်ပြီး စိုးရိမ်ရေမှတ်ကျော်လွန်ခဲ့ကာ ဆေးရုံအပါအဝင် လျှပ်စစ်ဓာတ်အားပေးစက်ရုံ၊ မီးသင်္ဂြိုဟ်စက်နှင့် နေအိမ်အများအပြား ရေနစ်မြုပ်မှုဖြစ်ခဲ့သည်။
ယင်းသို့ ရေကြီးရေလျှံမှုကြောင့် ဆေးရုံမှလူနာအချို့ကို ရေလွတ်ရာသို့ပြောင်းရွှေ့ခဲ့ရသလို လျှပ်စစ်ဓာတ်အားကိုလည်း ဖြတ်တောက်ထားခဲ့ရသည်။
ယနေ့ ဇူလိုင် ၂၈ ရက်နေ့တွင် သံတွဲ၌ ရေပြန်ကျသွားပြီးဖြစ်သဖြင့် သံတွဲဆေးရုံအတွင်း တင်ကျန်ခဲ့သည့်နုန်းမြေများကို သံတွဲခရိုင်နှင့်မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များမှ ဆေးကြောပေးလျက်ရှိကြောင်း သတင်းထုတ်ပြန်ထားသည်။
သံတွဲမြို့နယ်အတွက် အရေးပေါ်လိုအပ်နေသည့် အစားအသောက်များကို ကူညီဆောင်ရွက်ပေးနိုင်ရန်လည်း လူမှုကူညီရေးဆောင်ရွက်နေသူများက စီစဉ်နေကြသည်။
လက်ရှိမှာ လျှပ်စစ်မီးပြတ်တောက်နေဆဲဖြစ်သဖြင့် ဖုန်းများ ဘက်ထရီကုန်ကာ အဆက်အသွယ်များခက်ခဲလျက်ရှိနေသည်။
ဇူလိုင် ၂၇ ရက်နေ့စာရင်းအရ သံတွဲမြို့တွင် ကိုဗစ်အတည်ပြုလူနာ ၆၈ ဦးမှာ ဆေးကုသမှုခံယူလျက်ရှိကြောင်းလည်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဌာန၏ စာရင်းအရ သိရသည်။