- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
လေးတောင်မြို့အဖြစ်သတ်မှတ်ပြီး ၂ နှစ်ကျော်ကြာအထိ မြို့တည်ဆောက်မှု ၂၅ ရာခိုင်နှုန်းခန့်သာ ပြီးမြောက်သေး
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်အတွင်းရှိ လေးတောင်တိုက်နယ်ကို မြို့အဖြစ်ပြောင်းလဲသတ်မှတ်လိုက်ပြီး ၂ နှစ်ကျော်ကြာသည်အထိ မြို့တည်ဆောက်မှု ၂၅ ရာခိုင်နှုန်းခန့်သာပြီးမြောက်သေးကြောင်း လေးတောင်မြို့ဖြစ်မြောက်ရေးကော်မတီမှ သိရသည်။
13 Nov 2021
DMG ၊ နိုဝင်ဘာ ၁၃
ရခိုင်ပြည်နယ်၊ ရမ်းဗြဲမြို့နယ်အတွင်းရှိ လေးတောင်တိုက်နယ်ကို မြို့အဖြစ်ပြောင်းလဲသတ်မှတ်လိုက်ပြီး ၂ နှစ်ကျော်ကြာသည်အထိ မြို့တည်ဆောက်မှု ၂၅ ရာခိုင်နှုန်းခန့်သာပြီးမြောက်သေးကြောင်း လေးတောင်မြို့ဖြစ်မြောက်ရေးကော်မတီမှ သိရသည်။
လေးတောင်တိုက်နယ်ကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် အစိုးရမှ လေးတောင်မြို့အဖြစ် ပြောင်းလဲသတ်မှတ်ပေးခဲ့ပြီး မြို့ဖြစ်မြောက်ရေးအတွက် အကောင်အထည်ဖော် လုပ်ဆောင်ခဲ့ရာတွင် လက်ရှိအချိန်ထိ ၂၅ ရာခိုင်နှုန်းခန့်သာ ပြီးမြောက်နိုင်သေးကြောင်း လေးတောင်မြို့ဖြစ်မြောက်ရေးကော်မတီ အတွင်းရေးမှူး ဦးအောင်နိုင်ထွန်းကပြောသည်။
လက်ရှိလေးတောင်မြို့တွင် ထွေအုပ်ရုံးတည်ဆောက်မှုနှင့် ဝန်ထမ်းအိမ်ရာတည်ဆောက်မှုမှာ ၉၀ ရာခိုင်နှုန်း၊ မြို့တွင်းလမ်းမကြီးကွန်ကရစ်ခင်းခြင်းမှာ ၇၅ ရာခိုင်နှုန်း၊ မြို့တွင်းမီးကြိုးသွယ်တန်းခြင်းမှာ ၈၀ ရာခိုင်နှုန်းခန့် ပြီးစီးမှုရှိသေးကြောင်း မြို့ဖြစ်မြောက်ရေးကော်မတီထံမှ သိရသည်။
လေးတောင်မြို့ကို ရပ်ကွက်(၅)ခုဖြင့်ဖွဲ့စည်းထားပြီး အမှတ်(၁)ရပ်ကွက်တွင် ကျေးရွာ ၅ ရွာ၊ အမှတ်(၂)ရပ်ကွက်တွင် ကျေးရွာ ၃ ရွာ၊ အမှတ်(၃)ရပ်ကွက်တွင် ကျေးရွာ ၃ ရွာ၊ အမှတ်(၄)ရပ်ကွက်တွင် ကျေးရွာ ၂ ရွာ၊ အမှတ်(၅)ရပ်ကွက်တွင် ကျေးရွာ ၂ ရွာတို့ ပါဝင်သည်။
လေးတောင်မြို့အတွင်း လျှပ်စစ်မီးနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာပါက ဒေသမှထွက်ရှိသော ရေထွက်ပစ္စည်များအပြင် စိုက်ပျိုးသီးနှံများ ဈေးကောင်းရရှိလာနိုင်မည်ဖြစ်ကြောင်း လေးတောင်မြို့ဒေသခံ ဦးကျော်အေးကပြောသည်။
"အခုမီးမရတော့ ရေခဲမရဘူး။ ရေခဲမရတော့ ငါးတွေပုတ်တာတွေဖြစ်တယ်။ မီးရလာရင်တော့ အအေးခန်းတွေလုပ်ပြီး ပြည်မတွေကိုပို့လို့ရမယ်။ အခုက တော်တော်အပျက်အစီးများပြီး ဆုံးရှုံးမှုတွေဖြစ်နေရတယ်။ အခြားအရာတွေလဲအဲလိုပဲ"ဟု ၎င်းကပြောသည်။
လေးတောင်မြို့ တည်ဆောက်ရေးအတွက် ယခင် NLD အစိုးရလက်ထက်က ဘတ်ဂျက်ချပေးမှုရှိသော်လည်း ယခုစစ်ကောင်စီလက်ထက်တွင် ဘတ်ဂျက်ချပေးမှုမရှိသေးကြောင်း သိရသည်။
လေးတောင်မြို့ကို မြို့အင်္ဂါရပ် ၂၁ ချက်ဖြင့်ညီညွတ်စေရန် မြို့တော်ခန်းမ၊ မြို့မအားကစားကွင်း၊ မြို့မဘောလုံးကွင်း၊ မြို့နယ် ဆေးရုံ ၊ မြို့မဈေးစသည့်တို့လိုအပ်နေသေးပြီး မြို့အင်္ဂါရပ်နှင့် ညီစေရန် အမြန်လုပ်ပေးစေလိုကြောင်း ဒေသခံများကပြောဆိုသည်။
လေးတောင်မြို့အတွင်းရှိ ဒေသခံများမှာ ရေလုပ်ငန်းနှင့် လယ်ယာလုပ်ငန်းကို အဓိကထားလုပ်ကိုင်ကြပြီး ပန်းပု၊ ပန်းချီ၊ ပန်းထိမ်လုပ်ငန်းများကို လုပ်ကိုင်သူများလည်းရှိကြသည်။
လက်ရှိမှာ မြို့အဖြစ်သတ်မှတ်ခံထားရသည့်အတွက် ဒေသခံများအနေဖြင့် လူမှုဘဝမြင့်တက်မှုရှိလာမည်ဟု မျှော်လင့်နေကြသည်။