- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ထောင်ဒဏ်ချမှတ်ခံထားရသည့် ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့အမှုကို သံတွဲခရိုင်တရားရုံးသို့ အယူခံတင်သွင်းထား
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုကြောင့် ဖမ်းဆီးတရားစွဲဆိုခံရကာ ထောင်ဒဏ်ချမှတ် ခံထားရသည့် ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့အမှုကို သံတွဲခရိုင်တရားရုံးတွင် အယူခံတင်သွင်းထားကြောင်း ရှေ့နေ့များထံမှ သိရသည်။
11 Oct 2021
DMG ၊ အောက်တိုဘာ ၁၂
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုကြောင့် ဖမ်းဆီးတရားစွဲဆိုခံရကာ ထောင်ဒဏ်ချမှတ် ခံထားရသည့် ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့အမှုကို သံတွဲခရိုင်တရားရုံးတွင် အယူခံတင်သွင်းထားကြောင်း ရှေ့နေ့များထံမှ သိရသည်။
ဦးမင်းအောင်အတွက်အယူခံကို အောက်တိုဘာလ ၁၁ ရက်နေ့တွင် သံတွဲခရိုင်တရားရုံးသို့တင်သွင်းထားပြီဖြစ်ကြောင်း ၎င်း၏ရှေ့နေ့ ဒေါ်သင်္ဂီမောင်ကပြောသည်။
“ကိုမင်းအောင်ကိစ္စနဲ့ သံတွဲခရိုင်တရားရုံးမှာ အယူူခံတော့ တင်ထားပါပြီ။ သံတွဲခရိုင်တရားရုံးက လက်ခံ ၊ မခံကိုတော့မသိရသေးပါဘူး”ဟု ဒေါ်သင်္ဂီမောင်ကပြောသည်။
ကိုသန့်ဇင်ဖြိုးအတွက်အယူခံကို ပြီးခဲ့သည့် စက်တင်ဘာလ နောက်ဆုံးပတ်မှစ၍ သံတွဲခရိုင်တရားရုံးသို့ တင်သွင်းထားပြီဖြစ်ကြောင်း ၎င်း၏ရှေ့နေ့ ဦးအောင်ကြည်နိုင်ကပြောသည်။
“လွန်ခဲ့တဲ့လ နောက်ဆုံးအပတ်လောက်က အယူခံကိုတင်သွင်းလိုက်တာပါ၊ အယူခံကိုတော့ သံတွဲခရိုင်တရားရုံးက လက်ခံထားပါတယ်။ ဒီလ ၂၂ ရက်နေ့ ကြားနာမှာဖြစ်ပါတယ်”ဟု ၎င်းကဆိုသည်။
ကိုသန့်ဇင်ဖြိုးတွင် ကင်ဆာကဲ့သို့ရောဂါရှိနေသည့်အတွက် ဆေးကုသမှုကို မကြာခဏခံယူနေရကြောင်း ရှေ့နေ့နှင့် မိသားစုဝင်များ၏ ပြောပြချက်အရသိရသည်။
“သူက ကျန်းမာရေးတော့မကောင်းဘူး၊ အမြဲတမ်းဆေးခန်းပြနေရပါတယ်။ ရောဂါကတော့စုံပါတယ်။ ဘယ်ရောဂါဆိုတာတော့ တိတိကျကျပြောလို့မရပါဘူး၊ သို့သော်လည်း ကင်ဆာနဲ့ပတ်သက်တဲ့ရောဂါလို့သိရပါတယ်”ဟု ဦးအောင်ကြည့်နိုင်ကဆိုသည်။
ဖေဖော်ဝါရီလ ၉ ရက်နေ့က တောင်ကုတ်မြို့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒဖော်ထုတ်ခဲ့မှုကြောင့် ဦးမင်းအောင်နှင့် ကိုသန့်ဇင်ဖြိုးတို့မှာ ဖမ်းဆီးခံခဲ့ရသည်။
၎င်းတို့နှစ်ဦးမှာ ၇ လကျော်ကြာဖမ်းဆီးတရားစွဲဆိုခံရပြီးနောက် စက်တင်ဘာ ၁၇ ရက်နေ့တွင် တောင်ကုတ်မြို့နယ်တရားရုံးမှ ၎င်းတို့ကိုစွဲဆိုထားသည့် ငြိမ်းစုစီဥပဒေပုဒ်မ-၁၉ အတွက် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၂ နှစ်၊ ဘေး/စီ/မံဥပဒေပုဒ်မ-၂၅ အတွက် အလုပ်ကြမ်းနှင့်ထောင်ဒဏ် ၂ လစီ ချမှတ်ခဲ့ခြင်းဖြစ်သည်။