- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တောင်ကုတ်မိုးပညာဌာနကျောင်းဥက္ကဋ္ဌ အမှုအား လာမည့်ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက်ပေးမည်
ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ-၁၇(၁)ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် တောင်ကုတ်မြို့၊ မိုးပညာဒါနကျောင်းဥက္ကဋ္ဌ ကိုအောင်ဝင်းနိုင်ကို အမှုစစ်ဆေးခြင်းအားလုံးပြီးစီးသွားပြီဖြစ်သည့်အတွက် လာမည့် ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက်ပေးမည်ဟု အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေထံမှ သိရသည်။
22 Feb 2022
DMG ၊ ဖေဖော်ဝါရီ ၂၂
ရက္ခိုင့်တပ်တော်(AA)နှင့်ဆက်စပ်သည်ဟုဆိုကာ မတရားအသင်းဆက်သွယ်မှုပုဒ်မ-၁၇(၁)ဖြင့် ဖမ်းဆီးတရားစွဲဆိုခံထားရသည့် တောင်ကုတ်မြို့၊ မိုးပညာဒါနကျောင်းဥက္ကဋ္ဌ ကိုအောင်ဝင်းနိုင်ကို အမှုစစ်ဆေးခြင်းအားလုံးပြီးစီးသွားပြီဖြစ်သည့်အတွက် လာမည့် ရုံးချိန်းတွင် အပြီးသတ်လျှောက်လဲချက်ပေးမည်ဟု အမှုကိုလိုက်ပါဆောင်ရွက်နေသည့် ရှေ့နေထံမှ သိရသည်။
“လာမယ့်ရုံးချိန်းမှာ နှစ်ဖက်အပြီးသတ်လျှောက်လဲချက်လတင်ရမယ်။ အမှုကို အကုန်စစ်ဆေးပြီးပြီ။ တောင်ကုတ်မြို့နယ်တရားရုံးမှာ လျှောက်လဲချက်တင်ရမှာ။ အဲဒီနေ့မှာပဲ ပုဒ်မ(၈)က အမှု စစ်ကိုစစ်ဖို့ရှိတယ်။ ရုံးချိန်းက ဖေဖော်ဝါရီ(၂၈)ရက်နေ့ကို ချိန်းထားတယ်”ဟု တရားလွှတ်တော်ရှေ့နေ ဦးအောင်ကြည်နိုင်က DMG ကိုပြောသည်။
ကိုအောင်ဝင်းနိုင်ကို ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဇွန်လ ၅ ရက်နေ့က တောင်ကုတ်-သံတွဲသွားလမ်း ဖုံညိုတောင်စစ်ဆေးရေးဂိတ်အနီးတွင် စစ်သားများကဖမ်းဆီးခဲ့ပြီးနောက် ဩဂုတ်လ ၆ ရက်နေ့တွင် (AA)နှင့်ဆက်စပ်သည်ဟုဆိုကာ မတရားအသင်း ဆက်သွယ်မှုပုဒ်မ-၁၇(၁)ဖြင့် တောင်ကုတ်မြို့(၅၅၄)တပ်ရင်းမှ ဗိုလ်ကြီးကျော်ဇင်ဦးက တရားလိုပြုကာ တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ကိုအောင်ဝင်းနိုင်အား နောက်ထပ်အမှုတစ်ခုအဖြစ် လိုင်စင်မဲ့ကားမောင်းနှင်သည်ဟုဆိုကာ ပို့ကုန်သွင်သွင်းကုန်ဥပဒေပုဒ်မ-(၈)ဖြင့် တောင်ကုတ်မြို့မရဲစခန်းက ယာဉ်ထိန်းရဲ ဒုရဲအုပ်တစ်ဦးမှ တရားလိုပြုကာ တရားစွဲထားခြင်းကြောင်း သိရသည်။
ကိုအောင်ဝင်းနိုင်မှာ လက်ရှိတွင် တောင်ကုတ်မြို့မရဲစခန်း၌ ထိန်းသိမ်းထားခံနေရကာ မကြာခဏ ရင်ဘတ်အောင့်သည့်ဝေဒနာကိုခံစားနေရသူဖြစ်ပြီး ၎င်းမှာ AA နှင့်ပတ်သက်မှုကြောင်း မိသားစုတို့က DMG ကိုပြောဆိုထားသည်။
“ကျမယောက်ျားမှာ ဘာအပြစ်မှမရှိပဲ ဒီလိုအကြာကြီးဖမ်းဆီးထားတော့ မိသားစုဝင်တွေမှာ နစ်နာတာပေါ့။ ဒါကြောင့် အမြန်ဆုံးပြန်လွှတ်ပေးစေချင်တယ်”ဟု ဇနီးဖြစ်သူ မတွယ်တာစိုးက DMG ကိုပြောသည်။
မိုးပညာဒါနသင်တန်းကျောင်းသည် တောင်ကုတ်မြို့နှင့် ၈ မိုင်အကွာ မိုးတောင်ရွာတွင်တည်ရှိပြီး ၂၀၂၁ ဧပြီလကစတင်တည်ထောင်ကာ ကွန်ဗျူတာ၊ အင်္ဂလိပ်စကားပြော၊ စက်မှုလက်မှုနှင့် စိုက်ပျိုးရေးပညာတို့ကို သင်ကြားပေးနေသည့် ကျောင်းတစ်ကျောင်းဖြစ်သည်။
ပြီးခဲ့သည့်ဖေဖော်ဝါရီ ၁၂ ရက်နေ့ ပြည်ထောင်စုနေ့တွင် ရက္ခိုင့်တပ်တော်(AA)အဖွဲ့ဝင်များနှင့်ဆက်စပ်သူ ၄၆ ဦးကို စစ်ကောင်စီကပြန်လွှတ်ပေးခဲ့သည်။ လက်ရှိတွင် အကျဉ်းထောင်အသီးသီး၌ AA နှင့်ဆက်စပ်ပြီး ဖမ်းဆီးတရားစွဲခံထားရသူ ၇၀ ဦးခန့်ကျန်ရှိသေးကြောင်း ၎င်းစာရင်းကိုကောက်ယူထားသည့် စာရေးဆရာဝေဟင်အောင်ထံမှ သိရသည်။