- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တောင်ကုတ်မြို့နယ် ကြိုးကြာကွင်းကျေးရွာမှ ကျေးရွာတာဝန်ခံတစ်ဦးကို အမည်မသိလူတစ်စုကဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် တပ်မတော်မှ ရွာအတွင်းသို့ဝင်စစ်
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ကြိုးကြာကွင်းကျေးရွာမှ ကျေးရွာတာဝန်ခံတစ်ဦးကို အမည်မသိလူတစ်စုက ဖမ်းဆီးသွားပြီးနောက် ရွာအတွင်းသို့ တပ်မတော်မှ ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
05 Aug 2021
DMG ၊ သြဂုတ် ၅
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ကြိုးကြာကွင်းကျေးရွာမှ ကျေးရွာတာဝန်ခံတစ်ဦးကို အမည်မသိလူတစ်စုက ဖမ်းဆီးသွားပြီးနောက် ရွာအတွင်းသို့ တပ်မတော်မှ ဝင်ရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ယင်းကျေးရွာမှ တာဝန်ခံ ကိုဇော်မင်းလှိုင်ကို အမည်မသိလူတစ်စုမှ သြဂုတ်လ ၃ ရက်နေ့တွင် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ပြန်လည်လွတ်မြောက်လာခြင်းမရှိသေးကြောင်း ကျေးရွာသားများက ပြောသည်။
အဆိုပါကြိုးကြာကျေးရွာသို့ ယနေ့ သြဂုတ်လ ၅ ရက်နေ့တွင် တပ်မတော်မှ ဝင်ရောက်လာကာ နေအိမ်အချို့ကို စစ်ဆေးခဲ့ကြောင်းလည်း အမည်မဖော်လိုသည့် ကျေးရွာသားတစ်ဦးက ပြောသည်။
"ဒီနေ့မနက်ကစပြီး စစ်ဆေးနေတာပါ။ အခုတော့ ငါးအိမ်လောက် ဝင်စစ်ဆေးမှုလုပ်ထားပြီးပြီ။ တပ်ကပါတယ်၊ ပြီးတော့ ရပ်ကျေးအုပ်ချုပ်ရေးမှူးပါတယ်။ စစ်တာကတော့ အိမ်ထောင်စုစာရင်းကို စစ်ဆေးတယ်လို့သိရတယ်။ တစ်ရွာလုံးကို စစ်ဆေးတာမဟုတ်ဘူး။ သူတို့စစ်ချင်တဲ့အိမ်ကိုဝင်စစ်နေတာ" ဟု ၎င်းကျေးရွာသားက ပြောသည်။
ယနေ့ ညနေ ၄ နာရီအချိန်ထိ တပ်မတော်သားများမှ ကျေးရွာအတွင်းလှည့်လည်ကာ ပုံစံ ၁၀ နှင့် အိမ်ထောင်စုစာရင်း ရှိ၊မရှိကို စစ်ဆေးလျက်ရှိနေကြောင်း နောက်ထပ်ကျေးရွာသားတစ်ဦးက ပြောသည်။
"သူတို့က ပုံစံ ၁၀ ရှိ၊ မရှိစစ်တယ်။ အိမ်ထောင်စုစာရင်း ရှိ၊မရှိကိုစစ်တယ်။ မရှိရင်ဘာလို့မရှိတာလဲ။ လုပ်ထားကြ။ နောက်တစ်ကြိမ်လာစစ်လို့မရှိရင် မလွယ်ဘူးလို့ပြောတယ်။ ရွာထဲကိုတော့ စစ်သား ၁၀ လောက်ပါတယ်။ အပြင်မှာတော့ ကားလေးစီးက စောင့်နေတယ်။ ဒေသခံတွေကတော့ စိုးရိမ်မှုတွေအရမ်းများနေကြတယ်" ဟု ဆိုသည်။
ကြိုးကြာကွင်းကျေးရွာအခြေအနေနှင့်ပတ်သက်ပြီး တောင်ကုတ်မြို့နယ်ကောင်စီဥက္ကဌအား DMG မှ ဆက်သွယ်မေးမြန်းရန် ကြိုးပမ်းခဲ့သော်လည်း အဆက်အသွယ်မရရှိခဲ့ပေ။