ခရီးသွားများလာ၍ လေးမြို့မြစ်အတွင်း အမှိုက်စွန့်ပစ်မှုကို ထိန်းသိမ်းရန်လိုအပ်လာ

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းက လေးမြို့မြစ်တစ်လြှောက်သို့ အျေပာ်ခရီးသွားလာမှုများပြားလာနေကြောင်း အဉ္စနခရီးသွား Agency အဖွဲ့မွ သိရသည်။

22 Nov 2021

DMG ၊ နိုဝင်ဘာ ၂၂

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့နယ်အတွင်းက လေးမြို့မြစ်တစ်လြှောက်သို့ အျေပာ်ခရီးသွားလာမှုများပြားလာနေကြောင်း အဉ္စနခရီးသွား Agency အဖွဲ့မွ သိရသည်။

ယခင်နှစ်များက တိုက်ပွဲဖြစ်ပွားမှုများနှင့် ကိုဗစ်ကူးစက်မှုတို့ကြောင့် လေးမြို့မြစ်သို့ ခရီးသွားလာသူနည်းပါးခဲ့သော်လည်း ယခုနှစ်တွင် တစ်နေ့လျှင် လူဦးရေရာနှင့်ချီ၍ လာရောက်လည်ပတ်မှုများရှိနေကြောင်း သိရသည်။

မြောက်ဦးဒေသခံ ကိုဇော်ထွန်းက“ချောင်းဖျားမှာဆိုရင် ရေလည်းတိမ်သွားတဲ့အတွက် အသက်အန္တရာယ်စိုးရိမ်ရတဲ့အခြေနေလည်းမရှိဘူး။ တစ်နှစ် နှစ်နှစ်လောက်တိုက်ပွဲကာလမှာ ဘယ်သူမှ မသွားကြဘူး။ အခုက တိုက်ပွဲလည်းမရှိဘူး ရာသီကလည်း ဆောင်းဦးရောက်လာပြီဆိုတော့ သွားတဲ့သူတွေများလာတယ်။ တခြားပြည်မဖက်ကတော့မဟုတ်ဘူး ကိုယ့်ရခိုင်ပြည်အတွင်း မြို့တွေကပဲအသွားအလာများပါတယ်“ဟု ဆိုသည်။

လေးမြို့မြစ်တစ်လျှောက်ရှိ ကျေးရွာ ၄၀ ခန့်မှာ အဆိုပါမြစ်ရေကို အဓိကအားထားသောက်သုံးကြပြီး လက်ရှိခရီးသွားလာသူများပြားလာကာ အမှိုက်များကို မြစ်အတွင်းသို့ ဖြစ်သလိုစွန့်မှုများလည်း ရှိလာနေသည်။

ခရီးသည်များအနေဖြင့် အမှိုက်စွန့်ပစ်ခြင်းကို စနစ်တကြဖြစ်ရန်အတွက် အသိပညာပေးမှုများ၊ အမှိုက်ပုံးထားရှိခြင်းများကို လုပ်ဆောင်သွားမည်ဟု အဉ္စနခရီးသွား Agency အဖွဲ့ဝင် ကိုအောင်ခိုင်စိုးကေပြာသည်။

“မြစ်ထဲကို အမှိုက်မပစ်ဖို့အတွက် ကြော်ငြာဆိုင်းဘုတ်ကတ်တာတွေ၊ အမှိုက်ပုံးတွေထားပေးမှာပါ။ အကုန်လုံးမှာ ကျောက်တွေဖြစ်နေတော့ အမှိုက်ကျင်းလုပ်ဖို့အတွက်လည်း အဆင်မပြေဘူး။ ပုလင်းခွံတွေ မီးတိုက်လို့အဆင်မပြေတာတွေကို ဘုတ်နဲ့ပြန်ယူလာမယ်။ မီးရှို့လို့ရတဲ့ပစ္စည်းတွေအကုန်လုံးကို ကျနော်တို့ မီးရှို့ပြီးစွန့်ပစ်မှာပါ“ဟု ၎င်းကဆိုသည်။

ခရီးသည်များအပန်းဖြေနိုင်စေရန်အတွက် လေးမြို့မြစ်ကမ်းဘေးရှိ ကုန်းချောင်းနှင့်လက်ပံပြား စသည့်နှစ်နေရာတွင် အစ္စနခရီးသွား Agency အဖွဲ့မှ အမိုးအကာများဖြင့် တဲအိမ်ငယ်များဆောက်လုပ်ပေးထားကြောင်းလည်း သိရသည်။

လေးမြို့မြစ်သန့်ရှင်းလှပရန်အတွက် အဆိုပါမြစ်ကမ်းဘေးမှ ကျေးရွာသားများနှင့် သက်ဆိုင်ရာဌာနများပူးပေါင်းလုပ်ဆောင်ရန်လိုအပ်သည်ဟု မြောက်ဦးဒေသခံတစ်ဦးက ရှုမြင်သည်။

မြောက်ဦးဒေသခံ ဦးမောင်ကျော်ဇောက “အစိုးရကိုယ်တိုင် ဝင်ပါလာရမဲ့လုပ်ငန်းတွေပါ။ ပြည်နယ်အစိုးရ၊ နိုင်ငံတော်အစိုးရပါဝင်လာရမယ်။ အဲဒီလိုအစိုးရမလုပ်ပေးရင်တော့ ဘာမှဖြစ်လာမှာမဟုတ်ဘူး။ အစိုးရဘက်ဂျက်ငွေမရှိပဲနဲ့ ဘာမှလုပ်လို့မရဘူး။ အသိပညာပေးမှုတွေ ဘယ်လောက်ပဲလုပ်လုပ် လိုအပ်တဲ့နည်းပညာတွေ၊ ပစ္စည်းကိရိယာတွေမရှိပဲ ဘာမှဖြစ်လာမှာမဟုတ်ဘူး။အမှိုက်ပစ်မဲ့နေရာရှိရင်တော့ အဲဒီမြစ်ထဲကိုပဲပစ်ကြမှာပဲ။ အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမှိုက်ပုံးတစ်ခုချပေးရုံနဲ့ လုံလောက်တဲ့လုပ်ငန်းလည်းမဟုတ်ဘူး“ဟု ပြောသည်။

မြောက်ဦးမြို့၏အရှေ့ဖက် ၁၀ မိုင်ကျော်ခန့်အကွာတွင် ဆင်းအိုးကျေးရွာရှိပြီး ယင်းမှတဆင့် လေးမြို့မြစ်တစ်လျှောက် ကုန်းချောင်းနှင့် လက်ပံပြားစသည်တို့အပါအဝင် တခြားနေရာများကိုသွားရောက်ကာ သဘာဝအလှတရားများကို ကြည့်ရှုခံစားနိုင်သည်။

လေးမြို့မြစ်ဒေသခံများမှာ ရေလမ်းကြောင်းကို အဓိကအားကိုးလုပ်ကိုင်နေသူများဖြစ်ပြီး ယခုကဲ့သို့ခရီးသွားဧည့်သည် လာရောက်မှုများပြားလာခြင်းကြောင့် ဘုတ်၊စက်လှေငှားသူများအနေဖြင့်လည်းအဆင်ပြေမှုရှိသလို မြစ်တစ်လျှောက်မှဒေသခံများအတွက် တခြားအရောင်းအဝယ်များလည်း အဆင်ပြေမှုရှိလာကြသည်။

လေးမြို့မြစ်ဒေသခံများမှာ တောင်ယာလုပ်ငန်း၊ သစ်ခုတ်၊ ဝါးခုတ် ဆောင်းသီးနှံစိုက်ပျိုးခြင်းလုပ်ငန်းတို့ကိုလုပ်ကိုင်ကာ နေထိုင်နေကြသူများဖြစ်သည်။

လေးမြို့မြစ်သည် ချင်းပြည်နယ်အတွင်းရှိ ချင်းတောင်တန်း ဘာဘုတလန်တောင်ထိပ်မှ ရခိုင်ပြည်နယ်သို့ ဖြတ်သန်းစီးဆင်းသွား သော ရေချိုမြစ်တစ်စင်းဖြစ်သည်။