- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကျောက်ဖြူမြို့နယ်တွင် ဒေသခံနှစ်ဦးကို AA နှင့် ဆက်စပ်ပြီးဖမ်းဆီးထား
ရက္ခိုင့်တပ်တော် (AA) နှင့် ပတ်သက်ပြီး ကျောက်ဖြူမြို့နယ်၊ မူရင်းကျေးရွာမှ ဒေသခံနှစ်ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
27 Jun 2022
DMG ၊ ဇွန် ၂၇
ရက္ခိုင့်တပ်တော် (AA) နှင့် ပတ်သက်ပြီး ကျောက်ဖြူမြို့နယ်၊ မူရင်းကျေးရွာမှ ဒေသခံနှစ်ဦးကို မြန်မာစစ်တပ်က ဖမ်းဆီးထိန်းသိမ်းထားကြောင်း သိရသည်။
ဖမ်းဆီးခံရသူများမှာ ကိုစိုင်းဝဏ္ဏကျော် (၂၈ နှစ်) နှင့် ကိုထွန်းထွန်းဇော် (၂၀ နှစ်) တို့ဖြစ်ပြီး ဇွန်လ ၂၄ ရက်နေ့က ဇင်ချောင်းကျေးရွာသို့သွားရောက်စဉ် ဇင်ချောင်းရဲစခန်းအနီးတွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဟု မိသားစုဝင်များက ပြောသည်။
“ဖမ်းတာက ကျောက်ဖြူ အခြေစိုက် ခလရ ၃၄ က လို့ သိရတယ်။ သူတို့ကို ဖုန်းထဲမှာ အေအေနဲ့ဆက်စပ်တာ တွေ့လို့ဆိုပြီး စစ်ဆေးဖို့ ခေါ်ထားတာလို့ပြောတယ်။ ပြန်လွှတ်ပေးမယ်လို့ပြောတယ်။ ၂၅ ရက်နေ့က သွားတော့ သူတို့ကို စစ်တပ်က ယူသွားပြီလို့ပြောတယ်" ဟု ကိုစိုင်းဝဏ္ဏကျော်၏ အစ်ကိုဖြစ်သူက ပြောသည်။
ဖမ်းဆီးခံရသူ နှစ်ဦးနှင့်တွေ့ခွင့်မရရှိသေးသဖြင့် ၎င်းတို့၏ အသက်အန္တရာယ်နှင့်ပတ်သက်ပြီး အလွန်စိုးရိမ် ကြောင်း ကိုထွန်းထွန်းဇော်၏ မိသားစုဝင်တစ်ဦးက ပြောသည်။
“ကျမတို့ကလေးက (နည်းပညာတက္ကသိုလ်)ကျောင်းသားလေးပါ။ သူကျောင်းတက်ဖို့ သွားဖို့လုပ်နေတဲ့အချိန်မှာ ဖမ်းဆီးခံလိုက်ရတာ။ ဘယ်နိုင်ငံရေးမှလည်းမလုပ်ဘူး။ သူတို့တွေက ကောင်းကောင်းမွန်မွန် နေသူတွေ ဖြစ်တယ်။ သူတို့ နှစ်ယောက်စလုံးကို အခု တွေ့ခွင့်လည်းမရ၊ ဘယ်မှာထားမှန်းလည်း မသိတော့ ကျမတို့ အရမ်းစိုးရိမ်တယ်” ဟု သူကပြောသည်။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မြန်မာစစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းနှင့် ပြည်နယ် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်သူရတို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိပါ။
အလားတူ ပြီးခဲ့သည့် မေလ ၂၆ ရက်နေ့ကလည်း ကျောက်ဖြူမြို့မှ ဦးသန်းလှိုင်နှင့်ဒေါ်ခင်အုန်းနွဲ့တို့ကို ရက္ခိုင့် တပ်တော်အတွက် ရန်ပုံငွေကောက်ခံသည်ဟုဆိုကာ မြန်မာစစ်တပ်က ဖမ်းဆီးထားသည်။
လက်ရှိအခြေအနေတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့သည် တိုက်ပွဲမဖြစ်ကြသော်လည်း စစ်ရေးတင်းမာ မှုများရှိနေသည်။ ရက္ခိုင့်တပ်တော်ကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဖမ်းဆီးမှုများရှိနေပြီး မြန်မာစစ်တပ်ကလည်း အရပ်သားများကို ဖမ်းဆီးမှုများရှိနေသည်။