- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မြောက်ဦးမြို့နယ်မှ အသက်မပြည့်သေးသည့် မွတ်ဆလင်လူငယ်နှစ်ဦး ဖမ်းဆီးခံထားရ
မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်ကျေးရွာမှ အသက်မပြည့်သေးသည့် မွတ်ဆလင်လူငယ်နှစ်ဦးအား မြန်မာစစ်တပ်က ဇွန်လ ၂၂ ရက်နေ့တွင် ကျေးရွာအတွင်းသို့ဝင်ရောက်ဖမ်းဆီးသွားပြီး ယနေ့အချိန်အထိ ပြန်မလွတ်သေးကြောင်းသိရသည်။
24 Jun 2022
DMG ၊ ဇွန် ၂၄
မြောက်ဦးမြို့နယ်၊ ပေါင်းတုတ်ကျေးရွာမှ အသက်မပြည့်သေးသည့် မွတ်ဆလင်လူငယ်နှစ်ဦးအား မြန်မာစစ်တပ်က ဇွန်လ ၂၂ ရက်နေ့တွင် ကျေးရွာအတွင်းသို့ဝင်ရောက်ဖမ်းဆီးသွားပြီး ယနေ့အချိန်အထိ ပြန်မလွတ်သေးကြောင်းသိရသည်။
မြောက်ဦးမြို့ ခမရ(၅၄၀)တပ်ရင်းမှ မြန်မာစစ်သားများသည် စစ်ကား ၂ စီးအပြည့်ဖြင့် ပေါင်းတုတ်ကျေးရွာအတွင်းသို့ ညဉ့်အချိန်ဝင်ရောက်လာကာ ပေါင်းတုတ်ရွာကြီးမှ ရာအိမ်မှူးနှင့် ရွာ(သစ်)မှ ရာအိမ်မှူးတို့ကို လာရောက်ရှာဖွေခဲ့ကြောင်း သိရသည်။
ယင်းနောက် ရာအိမ်မှူးနှစ်ဦးအားရှာမတွေ့သဖြင့် ပေါင်းတုတ်ရွာကြီးရှိ ရာအိမ်မှူးအိမ်မှ အလုပ်သမားနှစ်ဦးနှင့် ပေါင်းတုတ် ရွာ(သစ်)ရှိ ရာအိမ်မှူး၏သားဖြစ်သူတို့ကို ဖမ်းခေါ်သွားခဲ့သည်။ နောက်ပိုင်းတွင် ပေါင်းတုတ်ရွာ(သစ်)မှ ရာအိမ်မှူး၏သားကို အာမခံဖြင့် ပြန်လည်လွှတ်ပေးလိုက်ကြောင်း အမည်မဖော်လိုသည့်ဒေသခံတစ်ဦးက ပြောသည်။
“အဲဒီရာအိမ်မှူးနှစ်ဦးကို အေအေနဲ့ဆက်စပ်တယ်ဆိုပြီး လာဖမ်းတာ။ ဒါပေမဲ့ ရာအိမ်မှူးတွေက ရှောင်တိမ်းနေကြတော့ အိမ်မှာရှိတဲ့အလုပ်သမားနှစ်ယောက်နဲ့ သူတို့ရဲ့သားကို ကားပေါ်ဖမ်းတင်သွားတာ။ ရာအိမ်မှူးသားတစ်ယောက်ကတော့ အဖမ်းခံရတဲ့နေ့ကတည်းက မိသားစုတွေ အာမခံနဲ့သွားထုတ်လို့ ညဉ့် ၁ နာရီလောက်မှာ ပြန်လွတ်လာတယ်။ အလုပ်သမားနှစ်ယောက်ကတော့ အခုထိပြန်မလွတ်သေးပါဘူး”ဟု ၎င်းကပြောသည်။
ဖမ်းဆီးခံထားရသည့် ကလေးငယ်နှစ်ဦးမှာ အသက် ၁၃ နှစ်သာရှိသေးပြီး တစ်ဦး၏အမည်မှာ မာစီးရီးဖြစ်ကြောင်းနှင့် ကျန်တစ်ဦးမှာ ယခင်ကျေးရွာလူကြီးဟောင်း၏သားဖြစ်ကြောင်းလည်း ဒေသခံများကပြောသည်။
လက်ရှိတွင် ပေါင်းတုတ်ကျေးရွာမှဒေသခံများမှာ မြန်မာစစ်တပ်မှ ထပ်မံလာရောက်ကာ ဖမ်းဆီးစစ်ဆေးမှုများပြုလုပ်မည်ကို စိုးရိမ်သဖြင့် ကျေးရွာမှ တချို့လူငယ်ပိုင်းများမှာ ရှောင်တိမ်းနေကြောင်းလည်း သိရသည်။
“ကျနော်အပါအဝင် ရွာသူ၊ရွာသားတွေအကုန်လုံးကတော့ စိုးရိမ်စိတ် ဝင်နေကြတာပေါ့။ သူတို့တွေထပ်ရောက်လာပြီး စစ်ဆေးမှုတွေထပ်လုပ်မှာကိုကြောက်လို့ ညဆိုရင် ကောင်းကောင်းတောင်အိပ်မပျော်ဘူး’’ဟု ရွာခံတစ်ဦးကပြောသည်။
ပေါင်းတုတ်ကျေးရွာသည် မြောက်ဦးမြို့နှင့် ၅ မိုင်ဝေးပြီး မြောက်ဦး-မင်းပြားကားလမ်းမ၌ရှိကာ မွတ်ဆလင်လူဦးရေငါးထောင်ကျော်နှင့် ရခိုင်လူမျိုး ၂ ထောင်ကျော်နေထိုင်နေသည့် ကျေးရွာကြီးတစ်ရွာလည်းဖြစ်သည်။
မြောက်ဦးမြို့တွင် ပြီးခဲ့သည့် ဇွန်လ ၂၁ ရက်နေ့က စရဖတပ်ဖွဲ့ဝင်သုံးဦးကို ရက္ခိုင့်တပ်တော်(AA)က ဖမ်းဆီးသွားပြီးနောက် မြို့ထဲ၌ မြန်မာစစ်တပ်က စစ်ဆေးမှုများတင်းကျပ်ကာ ဒေသခံအများအပြား ဖမ်းဆီးခံခဲ့ရသည်။