- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မြဝတီ-ကော့ကရိတ် အာရှလမ်းမ၌ တိုက်ပွဲဖြစ်ပွား၊ ယာဉ်သွားလာမှုရပ်တန့်
ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်တွင် ယနေ့(မတ်လ ၁၂ ရက်) နံနက်အစောပိုင်းက မြန်မာစစ်တပ်မှ စစ်ကြောင်းချီတက်လာမှုကြောင့် KNLA ပူးပေါင်းအဖွဲ့နှင့် လက်ရှိအချိန်အထိ တိုက်ပွဲဖြစ်ပွားနေပြီး ယာဉ်အသွားအလာများ ရပ်တန့်နေရကြောင်း သိရသည်။
12 Mar 2022
DMG ၊ မတ် ၁၂
ကရင်ပြည်နယ် မြဝတီ-ကော့ကရိတ် အာရှလမ်းမပေါ်တွင် ယနေ့(မတ်လ ၁၂ ရက်) နံနက်အစောပိုင်းက မြန်မာစစ်တပ်မှ စစ်ကြောင်းချီတက်လာမှုကြောင့် KNLA ပူးပေါင်းအဖွဲ့နှင့် လက်ရှိအချိန်အထိ တိုက်ပွဲဖြစ်ပွားနေပြီး ယာဉ်အသွားအလာများ ရပ်တန့်နေရကြောင်း သိရသည်။
မြဝတီမြို့သို့ အာရှလမ်းမပေါ်မှ အင်အားတစ်ရာကျော်ဖြင့်လာသည့် မြန်မာစစ်တပ်ကို တောနော်ရေတံခွန်အနီး၌ ကေအန်ယူတပ်မဟာ(၆)နယ်မြေရှိ KNLA ပူးပေါင်းအဖွဲ့နှင့် နှစ်ဖက်ပစ်ခတ်ခဲ့ရာမှ လက်ရှိအချိန်အထိတိုက်ပွဲဖြစ်ပွားနေကြောင်း မြဝတီမြို့ ဒေသခံတစ်ဦးမှ DMG ကိုပြောသည်။
"ဒီနေ့မနက် ၈ နာရီကျော်လောက်မှာ စစ်တပ်အင်အားများပြားနဲ့ အာရှလမ်းမပေါ်ကို တက်ရောက်လာတာတွေ့ခဲ့ရပါတယ်။ နောက်တော့ တောနော်ရေတံခွန်ဘက်ရောက်တော့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်အသံတွေကြားရပြီး တိုက်ပွဲဖြစ်နေပါတယ်။ အခုအချိန်အထိဖြစ်နေပါတယ်"ဟု ၎င်းမှပြောသည်။
တိုက်ပွဲပြင်းထန်မှုကြောင့် မော်တော်ယာဉ်သွားလာမှုများကို ခေတ္တပိတ်ဆို့ထားကြောင်း KNLA ပူးပေါင်းအဖွဲ့မှ သတိပေးမှုရှိခဲ့သည်ဟု မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။
မြဝတီ-ရန်ကုန်ခရီးသည်ယာဉ်မောင်းတစ်ဦးမှ "အခုအချိန်အထိအာရှလမ်းမကြီးကိုပိတ်ဆို့ထားပါတယ်။ မြဝတီကလာတဲ့ယာဉ်တွေက သင်္ဃန်းညီနောင်ကနေပြန်လည့်နေရတယ်။ ကော့ကရိတ်ဘက်ကလာတဲ့ယာဉ်တွေကလည်း လှိုင်ဝကနေပြန်လှည့်နေရတယ်"ဟု ပြောသည်။
ထိုတိုက်ပွဲအတွင်း နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုကြောင့် ခရီးသွားမော်တော်ယာဉ် မှန်လုံယာဉ်တစ်စီးနှင့် ကုန်တင်ယာဉ်နှစ်စီးတို့ ထိခိုက်မီးလောင်ကျွမ်းခဲ့ပြီး ယာဉ်မောင်းတစ်ဦးသေဆုံးခဲ့သည်။
ကေအန်ယူတပ်မဟာ(၆)နယ်မြေများသို့ မြန်မာစစ်တပ်မှ စစ်ဆင်ရေးပြုလုပ်မှုနှင့် အင်အားတိုးချဲ့မှုများကြောင့် ဒေသခံများနေအိမ်သို့ ပြန်လည်နေထိုင်ရန်အခက်အခဲရှိနေသည်။