- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ပုလောမြို့နယ်တွင် စစ်ကောင်စီတပ်နှင့် KNU တို့တိုက်ပွဲကြောင့် ဒေသခံ နေအိမ် (၇) လုံး မီးလောင်ပျက်စီး
တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ကျောက်နိမ့်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ကေအန်ယူတပ်မဟာ (၄) KNDO ပူးပေါင်းအဖွဲ့ကြားတိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ဒေသခံနေအိမ် (၇) လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသခံသတင်းအရင်း အမြစ်ထံမှ သိရသည်။
15 Jun 2022
DMG ၊ ဇွန် ၁၅
တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ကျောက်နိမ့်ကျေးရွာအနီးတွင် စစ်ကောင်စီတပ်နှင့် ကေအန်ယူတပ်မဟာ (၄) KNDO ပူးပေါင်းအဖွဲ့ကြားတိုက်ပွဲဖြစ်ပွားခဲ့မှုကြောင့် ဒေသခံနေအိမ် (၇) လုံး မီးလောင်ပျက်စီးခဲ့ရကြောင်း ဒေသခံသတင်းအရင်း အမြစ်ထံမှ သိရသည်။
ပြီးခဲ့သည့် ဇွန်လ ၁၃ရက်နေ့တွင် ကျောက်နိမ့်ကျေးရွာသို့ စစ်ကြောင်းထိုး ချီတက်လာသည့် စစ်ကောင်စီတပ်နှင့် ကရင် KNDO ပူးပေါင်းအဖွဲ့ကြား အချိန်ခြောက်နာရီနီးပါး တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း KNDO ပူးပေါင်းအဖွဲ့ဝင်တစ်ဦးက ပြောသည်။
“ ရွာထဲကိုစစ်ကောင်စီတပ်ကစစ်ကြောင်းထိုးလာတာ။ နံနက် ၆ နာရီကျော် ကနေနေ့လည် ၁၂ နာရီ အထိနှစ်ဖက်တိုက်ပွဲဖြစ်တယ်။ အပြန်အလှန်ပစ်ခတ်တာ ခြောက်နာရီနီးပါး လောက်ကြာသွားတယ် ” ဟု အဆိုပါပူးပေါင်းအဖွဲ့ဝင်တစ်ဦးက ပြောသည်။
ထိုသို့ နှစ်ဖက်တိုက်ပွဲ ပြင်းထန်မှု အတွင်း စစ်ကောင်စီတပ်မှ လက်နက်ကြီးပစ်ခတ်မှုကြောင့် ကျေးရွာအတွင်းသို့ ကျရောက်မှုများနှင့် မီးရှို့ဖျက်ဆီးမှုကြောင့် ဒေသခံနေအိမ် (၇)လုံး မီးလောင်ကျွမ်းပျက်စီး ခဲ့ရကြောင်း ဒေသခံများ ထံမှသိရသည်။
“ လက်နက်ကြီးနဲ့ ပစ်တာမြိုထဲကပါ ကြားရတယ်။ အဲဒီမှာ စစ်တပ်တွေရွာထဲဝင်ပြီး မီးရှို့သွားတယ်လို့ သိရတယ်။ အိမ် (၇) လုံး လောက်မီးလောင်သွားတယ်။ ရွာထဲကသူတွေတချို့က မြို့ထဲကို ရှောင်လာကြတယ် ” ဟု ကျောက်နိမ့်ကျေးရွာသား တဦးက ပြောသည်။
လက်ရှိတွင် တိုက်ပွဲကြောင့်ကျောက်နိမ့်ကျေးရွာသားများမှာ နှင့် အနီးနားကျေးရွာတို့မှ ဒေသခံတစ်ထောင်ကျော်မှာ ပုလောမြို့နှင့် အနီးနား တောတောင်အတွင်းသို့ တိမ်းရှောင်နေရကြောင်း လည်း သိရသည်။
စစ်ရှောင်ကူညီရေး လုပ်ဆောင်နေသူ ဒေသခံ တဦးကတော့ “ တိုက်ပွဲကြောင့်မြို့နဲ့နီး စပ်တဲ့ရွာတွေကို တိမ်းရှောင်လာတာ တစ်ထောင်ကျော်လောက်ရှိတယ်။ တချို့ကတော့ တောတောင်ထဲကို တိမ်းရှောင်ရတာလည်း ရှိတယ်။ သူတို့အတွက်လိုအပ်တဲ့ စားနပ်ရိက္ခာတွေကိုတော့ အဆင်ပြေသလို ဖြစ်သလို စီစဉ်နေရတယ် ” ဟု ဆိုသည်။
ပုလောမြို့နယ်အနီး ကျေးရွာများတွင်ဇွန်လ ၁၃ ရက်မှ ယနေ့အထိ စစ်ကောင်စီတပ်နှင့် KNDO ပူးပေါင်း အဖွဲ့ကြား တိုက်ပွဲပြင်းထန်ဖြစ်ပွားနေမှုကြောင့် ဒေသခံ (၃၀၀၀) ကျော်မှာ နေရပ်စွန့်ခွာ တိမ်းရှောင်နေ ရကြောင်း စစ်ရှောင်ကူညီရေးအဖွဲ့များ ထံမှသိရသည်။