- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စစ်တွေမြို့ ပွိုင့်ကမ်းခြေမှ သဲထုတ်နေသူများအား အရေးယူသွားမည်ဟုဆို
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ပွိုင့်ကမ်းခြေမှ သဲထုတ်နေသူများကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က DMG သို့ပြောသည်။
14 Oct 2021
DMG ၊ အောက်တိုဘာ ၁၄
ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ပွိုင့်ကမ်းခြေမှ သဲထုတ်နေသူများကို အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်လွင်က DMG သို့ပြောသည်။
အများပြည်သူအပန်းဖြေနေကြသည့် စစ်တွေပွိုင့်ကမ်းခြေမှ သဲထုတ်ယူနေခြင်းများကို ပထမအဆင့်အနေဖြင့် ခံဝန်ထိုးခိုင်းခြင်းမှစ၍ အရေးယူမူအပိုင်းကိုပါ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
“အမှန်တကယ်ကတော့ဗျ။ ကိုယ့်ကမ်းခြေလို သဘောထားတယ်ဆိုရင် အားလုံးကဝိုင်းထိန်းသိမ်းရကြမှာလေ။ အခုက သူတို့တွေက ထော်လာဂျီလေးတွေနဲ့၊ သုံးဘီးဆိုင်ကယ်တွေနဲ့ လာလာထုတ်နေတာတွေ့တယ်။ တစ်ဆင့်ပြီးတစ်ဆင့်ပေါ့ ပထမတော့ ခံဝန်ထိုးခိုင်းမယ်။ နောက်ပိုင်းတော့ အရေးယူတာတွေဘာတွေလုပ်ဖို့ရှိပါတယ်”ဟု ၎င်းကပြောသည်။
ကားကြီးများ၊ သုံးဘီးများဖြင့် စစ်တွေကမ်းခြေမှ သဲမတူးယူရန်ဗီနိုင်းများကပ်ပြီး မြို့နယ်စည်ပင်နှင့် မြို့နယ်ထွေအုပ်တို့ ပူးပေါင်းကာ စာကပ်ခြင်းများကိုလုပ်ဆောင်ခဲ့သည့်အတွက် သဲတူးယူမှုများနည်းပါးခဲ့သော်လည်း လက်ရှိတွင် အများအပြားသဲတူးယူမှုများ တွေ့ရှိလာရခြင်းဖြစ်သည်။
“ကမ်းခြေမှာတော့ စောစောကဗီနိုင်းတွေ ကပ်ထားတာမျိုးတွေရှိတယ်။ သဲမထုတ်ဖို့ပေ့ါ။ အဓိကကတော့ ကားကြီးတွေနဲ့ ထုတ်တာမဟုတ်ဘဲ သုံးဘီးတွေနဲ့ထုတ်နေတာတွေ မရှိအောင်အတွက်တော့ စာတွေတော့လိုက်ကပ်နေတာရှိပါတယ်။ စည်ပင်နဲ့ ပူးပေါင်းပြီးတော့ပေါ့။ အခုပြန်ထုတ်နေတာတွေရှိလာတော့ ပြန်လုပ်ရမှာပေ့ါဗျ”ဟု ၎င်းကဆိုသည်။
စစ်တွေဒေသခံ ကိုမျိုးမင်းသူက“များသောအားဖြင့် အခုက ကားကြီးတွေနဲ့ ထုတ်တာတော့မတွေ့ပါဘူး။ သုံးဘီးတွေနဲ့ တစ်စီးပြီး တစ်စီးလာထုတ်တာတွေ့ကို အပတ်တိုင်းလိုလိုတွေ့ရပါတယ် ”ဟု ဆိုသည်။
ယခုကဲ့သို့ စစ်တွေကမ်းခြေမှ သဲထုတ်လုပ်နေခြင်းမှာ ကမ်းခြေကို ပျက်စီးစေသည့်အပြင် ရေကူးသူများကို အန္တရာယ်ဖြစ်စေလာနိုင်သည့်အတွက် အပြင်းအထန်ရှုတ်ချကြောင်း ရခိုင်လူငယ်မျိုးဆက်သစ်အဖွဲ့မှ ကိုမင်းဘာချေကပြောသည်။
“ကျနော်တို့မြင်တာက သဘာဝပတ်ဝန်ကျင်ကိုထိခိုက်တယ်။ ပျက်စီးတယ်။ အဲဒါကို ပထမဆုံးပြောချင်ပါတယ်။ ဒီသဲထုတ်လုပ်တာက ကမ်းခြေရဲ့ မညီမျှမှုတွေဖြစ်လာမယ်။ ရေပြင်ရဲ့စီးဆင်းမှုတွေ။ ပုံမှန်အားဖြင့် ကမ်းစပ်ကလှိုင်းတွေဘာတွေ တုတ်တဲ့အခါမှာ ပုံမှန်အနေအထားတစ်ခု ရေဆင်းတဲ့လူတွေရဲ့ လုံခြုံရေးကိစ္စတွေကို စိုးရိမ်စရာဖြစ်တယ်။ အခုလို သဲတွေထုတ်လာတော့ ကမ်းပါးတွေနိမ့်လာတယ်ဗျ။ ပုံမှန်အားဖြင့်မြေတွေနိမ့်လာရင် ခုနားကပြောသလို အန္တရာယ်ပိုဖြစ်လာမယ်။ အဲဒါကြောင့် ကျနော်တို့ အခုလိုသဲတွေထုတ်လုပ်နေတဲ့အပိုင်းကို ကျနော်တို့လက်မခံနိုင်ပါဘူး”ဟု ၎င်းကပြောသည်။
စစ်တွေကမ်းခြေတွင် လူသွားလူလာနည်းသည့်နေ့များတွင် သဲများကို ကျင်းကဲ့သို့တူးကာထုတ်ယူနေကြပြီး ညည့်အချိန်များတွင် တူးဖော်ထုတ်ယူမှုများ ရှိနေကြသည်။