- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ကျောက်တော်မှ တရားစွဲခံထားရသည့် စစ်ဘေးရှောင်တစ်ဦး ဆေးကုသခွင့်ရရှိရန် မိသားစုဝင်များ လိုလားနေ
မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)ဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်၊ ကျောက်တော်မြို့၊ ကဝိရတနာကျောင်းမှ အသက် (၄၀)အရွယ် စစ်ဘေးရှောင် ဦးကျော်ဟိန်းမှာ ကျန်းမာရေးမကောင်းသဖြင့် ဆေးကုသရန်လိုအပ်နေကြောင်း မိသားစုဝင်များက ပြောသည်။
05 Dec 2022
တရားရင်ဆိုင်နေရသည့် စစ်ဘေးရှောင် ဦးကျော်ဟိန်းအား တွေ့ရစဉ်
DMG | ဒီဇင်ဘာ ၅
မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မ ၁၇(၁)ဖြင့် တရားစွဲဆိုခံထားရသည့် ရခိုင်ပြည်၊ ကျောက်တော်မြို့၊ ကဝိရတနာကျောင်းမှ အသက် (၄၀)အရွယ် စစ်ဘေးရှောင် ဦးကျော်ဟိန်းမှာ ကျန်းမာရေးမကောင်းသဖြင့် ဆေးကုသရန်လိုအပ်နေကြောင်း မိသားစုဝင်များက ပြောသည်။
လက်ရှိတွင် ဦးကျော်ဟိန်းမှာ ဝမ်းဗိုက်နာကျင်ကိုက်ခဲသည့်ဝေဒနာ ခံစားနေရကြောင်းနှင့် စစ်ကြောရေးကာလအတွင်း စစ်ဆေးမေးမြန်းမှုများကြောင့် နှာခေါင်း၊ ရင်ဘတ်တို့တွင် အတွင်းဒဏ်ရာများရရှိခဲ့သဖြင့် အမြန်ဆုံးဆေးကုသရန် လိုအပ်နေကြောင်း ဇနီးဖြစ်သူ ဒေါ်မအေးသန်းက ပြောသည်။
“ကျမ အမျိုးသားမှာ နဂိုကတည်းက အစာအိမ်ရောဂါအခံရှိပါတယ်။ အခုဆိုရင် ရိုက်နှက်ခံထားရတဲ့ဒဏ်ကြောင့် ရင်ဘတ်တွေအောင့်တယ်။ ခြေလက်တွေကိုက်ခဲတယ်၊ နာကျင်တာတွေကို ခံစားနေရတဲ့အတွက် ဆေးတွေ အမြဲဝယ်ပေးနေရတယ်။ ကျမတို့ စိုးရိမ်တာက ခန္ဓာကိုယ်ထဲမှာ ဘာဖြစ်နေမှန်းလဲမသိတော့ ငွေကြေးအဆင်မပြေရင်လည်း ဆေးခန်းတွေပြပြီး ဓာတ်မှန်တွေ ရိုက်ကြည့်ချင်တာပေါ့။ ဒါပေမဲ့ ရဲစခန်းက ဆေးခန်းနှစ်ကြိမ် ပြထားပြီဖြစ်တဲ့အတွက် ထပ်ပြီးခွင့်မပြုတော့ဘူးလို့ပြောတယ်” ဟု ၎င်းက ဆိုသည်။
မိသားစုဝင်များပြောဆိုချက်နှင့်ပတ်သက်၍ အခြေနေအသေးစိတ်ကို မေးမြန်းရန်အတွက် ကျောက်တော်မြို့မရဲစခန်းမှ စခန်းမှူး ခင်မောင်သန်းကို DMG မှ ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်း မရှိသေးပေ။
လက်ရှိတွင် မတရားအသင်းဆက်သွယ်မှု ဥပဒေပုဒ်မဖြင့် ဦးကျော်ဟိန်းနှင့်အတူ တရားရင်ဆိုင်နေရသည့် ဦးမောင်စောသာတို့အမှုနှှင့်ပတ်သက်၍ နှစ်ကြိမ်တိုင် ရုံးထုတ်စစ်ဆေးခဲ့ပြီးနောက် ယနေ့ ဒီဇင်ဘာလ ၅ ရက်နေ့ ရုံးချိန်းတွင် တရားလိုမရောက်သဖြင့် လာမည့် ဒီဇင်ဘာလ ၂၇ရက်နေ့ကို ထပ်မံရုံးချိန်းလိုက်သည်ဟု ဦးကျော်ဟိန်း၏ ဇနီးဖြစ်သူ ဒေါ်မအေးသန်းက ပြောသည်။
“ ဒီနေ့ ရုံးချိန်းရှိလို့ မိသားစုတွေ လိုက်သွားကြတယ်။ ဒါပေမဲ့ တရားလိုမရောက်လို့ သူတို့ကို ဘာမှမစစ်ဆေးဘဲ ရက်ရွှေ့လိုက်တယ်လို့ ကျမအမျိုးသားကပြောတယ်။ ဒါကြောင့် မိသားစုတွေလည်း သူတို့နဲ့ ခဏတဖြုတ်စကားပြောပြီး ပြန်လာခဲ့ရတယ်” ဟု ၎င်းက ဆိုသည်။
ထိုသို့တရားရင်ဆိုင်နေရသူနှစ်ဦးထဲမှ ဦးကျော်ဟိန်းမှာ ဆေးဆရာတစ်ဦးလည်းဖြစ်ပြီး ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက်နေ့၊ ည ၉နာရီအချိန်က မဟာကံကြီးသျှင်ဘုရားစစ်ဘေးရှောင်စခန်းမှ လူနာအား ဆေးကုသပေး၍အပြန်တွင် မြန်မာစစ်တပ်၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်းဖြစ်သည်။ အလားတူ ဦးမောင်စောသာမှာ ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်နေ့က ကျောက်တော်မြို့ဘက်သို့ ကယ်ရီမောင်းရန်သွားစဉ် မဟာမုနိဘုရားရှေ့တွင် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။
ဦးကျော်ဟိန်းနှင့် ဦးမောင်စောသာတို့မှာ သုံးလနီးပါးဖမ်ဆီးထိန်းသိမ်းခံခဲ့ရပြီးနောက် နိုဝင်ဘာလ ၃ ရက်နေ့တွင် ကျောက်တော်မြို့မရဲစခန်းသို့ တစ်ပြိုင်တည်း လွှဲပြောင်းခြင်းခံခဲ့ရသည်။ ယင်းနောက် ၎င်းတို့နှစ်ဦးကို မတရား အသင်းဆက်သွယ်မှုဥပဒေပုဒ်မဖြင့် နိုဝင်ဘာလ ၄ ရက်နေ့တွင် မြန်မာစစ်တပ်မှ ကျောက်တော်မြို့နယ်တရားရုံးတွင် တရားစွဲတင်ခဲ့ခြင်းဖြစ်သည်။