တောင်ကုတ်ဒေသခံ ကိုဇေယျာကျော်ကို မြန်မာစစ်တပ်ဖမ်းဆီး

ရခိုင်ပြည်၊ တောင်ကုတ်မြို့မှ အသက် (၄၇) အရွယ် ကိုဇေယျာကျော်ကို ယနေ့ နိုဝင်ဘာလ (၈ )ရက်၊ ညနေ (၃)နာရီခန့်က မြန်မာ စစ်တပ်ကဖမ်းဆီးသွားကြောင်း သိရှိရသည်။

By Admin 08 Nov 2022

တောင်ကုတ်ဒေသခံ ကိုဇေယျာကျော်ကို မြန်မာစစ်တပ်ဖမ်းဆီး

DMG | နိုဝင်ဘာ ၈

ရခိုင်ပြည်၊ တောင်ကုတ်မြို့မှ အသက် (၄၇) အရွယ် ကိုဇေယျာကျော်ကို ယနေ့ နိုဝင်ဘာလ (၈ )ရက်၊ ညနေ (၃)နာရီခန့်က မြန်မာ စစ်တပ်ကဖမ်းဆီးသွားကြောင်း သိရှိရသည်။

ကိုဇေယျာကျော်မှာ ဦးဥတ္တမပန်းခြံအနီး ရှိနေစဥ် အိမ်စီးကားအဖြူ ဖြင့် စစ်သား( ၄ )ဦးကလာရောက် ဖမ်းဆီးသွားခြင်း ဖြစ်ကြောင်း ကိုဇေယျာကျော်၏ မိတ်​ဆွေတစ်ဦးကဆိုသည်။

" အိမ်စီးကားနဲ့လာဖမ်းတာဖြစ်တယ် ။ စစ်တပ်ကဖမ်းတာ လူအဝတ် နဲ့ (၂ ​)ယောက် ၊စစ်ဝတ်စုံနဲ့ (၂ )ယောက် လာဖမ်းတာ။ ဘာကြောင့်ဖမ်းလဲမေးတော့ စစ်ဆေးစရာ ရှိလို့လို့ပြောတယ် "ဟု သူကဆိုသည်။

နိုဝင်ဘာလ ၄ ရက်နေ့၊ ည ၁၁နာရီ ကလည်း ကိုဇေယကျော် ၏ ညီ ကိုစည်သူကျော်ဇံ(ခ) ကိုမိုက်ကယ်ကို မြန်မာစစ်တပ်က စစ်ဆေးစရာရှိသည်ဟုဆိုကာ ဖမ်းဆီးသွားသည်။

လက်ရှိတွင် ကိုဇေယျာကျော်ကို မည်သည့်နေရာသို့ ဖမ်းဆီးသွားသည်ကို မသိရှိရသေးသည့်အတွက် အထူးစိုးရိမ်နေကြောင်း မိသားစုဝင် တစ်ဦးကဆိုသည်။

"အခု ဘယ်ကို ဖမ်းသွားမှန်းမသိတော့ စိတ်ပူနေရတယ်။ အိမ်ကနေဖမ်းသွားတာမဟုတ်ဘဲ လမ်းမှာဖမ်းခံရတော့ ပိုစိတ်ပူတယ်"ဟုသူကဆိုသည်။

ကိုဇေယျာကျော်ကို ဖမ်းဆီးခြင်း ကိစ္စ နှင့် ပတ်သက်ပြီး စစ်ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်ဇော်မင်းထွန်းအား ဖုန်းခေါ်ဆိုခဲ့သော်လည်း ဖုန်းလက်ခံ ဖြေဆိုခဲ့ခြင်း မရှိပါ။

ကိုဇေယျာကျော် မှာ ယခင်က တောင်ကုတ်မြို့နယ်စည်ပင် သာယာရေးကော်မတီဥက္ကဋ္ဌ လုပ်ခဲ့ဖူးသူတစ်ဦးဖြစ်ပြီး ယခုလက်ရှိတွင် လူမှုရေးလုပ်ငန်းများကို လုပ်ကိုင်နေသူ တစ်ဦးဖြစ်သည်။