ရွေးကောက်ပွဲအတွက် ရခိုင်ကမြို့နယ်အချို့တွင် လူဦးရေစာရင်း စတင်ကောက်ယူ

Admin 10 Jan 2023

ရွေးကောက်ပွဲအတွက် လူဦးရေစာရင်းကောက်ရန် ပြည်နယ်စစ်ကောင်စီအနေဖြင့် စာရင်းကောက်ယူမည့် အဖွဲ့ပေါင်း ၁,၂၉၀ နှင့် အဖွဲ့ဝင်ပေါင်း ၆,၉၄၀ တို့အား စာရင်းကောက်သင်တန်းများပေးခဲ့ပြီး လက်ရှိတွင် ၎င်းအဖွဲ့တို့မှ မြေပြင်သို့ ကွင်းဆင်းကာ လူဦးရေစာရင်း ကောက်ယူနေခြင်းဖြစ်ကြောင်းလည်း သိရသည်။

နည်းပညာလိုအပ်ချက်များကြောင့် ရခိုင်တွင် ဝါးလက်မှုပညာလုပ်ငန်းများ တိမ်မြုပ်ပျောက်ကွယ်လာနေ

Admin 10 Jan 2023

ဝါးလက်မှုပညာရပ်လုပ်ငန်းများ ရှားပါးလာရခြင်းမှာ ပစ္စည်းကောင်းများ ဆက်လက်ထုတ်လုပ်နိုင်ရန် နည်းပညာပိုင်း လိုအပ်ချက်များရှိနေသည့်အပြင် လက်မှုပစ္စည်းများကို လူငယ်များ စိတ်ဝင်စားမှုနည်းပြီး ဝယ်ယူအသုံးပြုသူ ရှားပါးမှုများကြောင့် လက်မှုလုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရန် အခက်အခဲများရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

ကျွဲ၊နွားများကြောင့် မသန့်မရှင်းဖြစ်နေသည့်  စစ်တွေဆတ်ရိုးကျရေကန်ကို စနစ်တကျကြပ်မတ်ပေးဖို့ လိုအပ်နေ

Admin 10 Jan 2023

ဆတ်ရိုးကျရပ်ကွက်က ရေကန်နှစ်ခုစလုံးကို ကျွဲ၊ နွား၊ တိရစ္ဆာန်များ ဝင်ရောက်ပြီး ရေဆင်းစိမ်သည့်အတွက် ရေများနောက်ကျိနေသည်။ ထို့ကြောင့် မသန့်ရှင်းသည့် ရေများကို အသုံးပြုနေကြရ၍ ရောဂါများဖြစ်ပွားမည်ကို စိုးရိမ်နေရကြောင်း ဒေသခံများက ပြောဆိုသည်။

စစ်တွေ မြို့မဈေးကြီးအနီး စည်းကမ်းမဲ့ယာဉ်ရပ်နားနေမှုများအား ဒေသခံများဝေဖန်နေ 

Admin 10 Jan 2023

ဈေးကြီးအနီးလမ်းများတွင် ယာဉ်ပိတ်ဆို့မှုများကို ယခင်က စည်ပင်နှင့်ယာဉ်ထိန်းရဲများက စည်းကမ်းထုတ် အရေးယူမှုများ ရှိခဲ့သော်လည်း  ထိရောက်မှုမရှိကြောင်း မြို့ခံများက ပြောဆိုသည်။

DMG (၁၁)နှစ်ပြည့်တွင် ဆုချီးမြှင့်လိုက်သည့် DMG IDOL ဆုရှင် နှစ်ဦး

Admin 09 Jan 2023

၂၀၂၂ ခုနှစ် ဇန်နဝါရီလ (၉)ရက်နေ့က ကျရောက်ခဲ့သည့် DMG (၁၀)နှစ်ပြည့် မွေးနေ့မှစတင်ကာ ရခိုင်ပြည်အတွင်း နယ်ပယ်အသီးသီး၌ အများအကျိုးအတွက် ကိုယ်ကျိုးစွန့်လုပ်ကိုင်နေကြသူများကို စောင့်ကြည့်လေ့လာပြီး ၎င်းတို့အား ဂုဏ်ပြုသည့်အနေဖြင့် DMG IDOL ဆုကို ပေးအပ်ဆုချီးမြှင့်ခဲ့သည်။

လူမှု၊ စီးပွား၊ ဘဝအဆင်မပြေသည့်အတွက် ရခိုင်မှာ အမျိုးသားသာမက အမျိုးသမီးများပါ ပြည်ပထွက်ခွာမှု ပိုများလာ

Admin 08 Jan 2023

ဒေသတည်ငြိမ်မှုမရှိခြင်း၊ စိတ်ပိုင်း/ရုပ်ပိုင်းဆိုင်ရာ လုံခြုံမှုမရှိခြင်း၊ စီးပွားရေးကျပ်တည်းမှုများနှင့် စားဝတ်နေရေး အဆင်မပြေမှုများကြောင့် ပြည်ပနိုင်ငံများသို့ ယခင်နှစ်များထက် ပို၍ ထွက်ခွာမှုများလာခြင်းဖြစ်သည်။ 

စစ်ရေးပဋိပက္ခကြောင့် ရခိုင်က ကလေးငယ်အချို့ ပညာရေး ထိခိုက်နစ်နာနေ

Admin 08 Jan 2023

စစ်ဘေးရှောင် ကလေးသူငယ်များမှာ ငွေကြေးအခက်အခဲနှင့် အုပ်ထိန်းသူမိဘများ၏ အလုပ်အကိုင်အခွင့်အလမ်း ရှားပါးမှုကြောင့် ပညာသင်ကြားရေးမှာ ထိခိုက်နေရသည့်အတွက် ပညာရေးကို တိုးမြှင့်ဆောင်ရွက်ပေးဖို့ တောင်းဆိုနေကြခြင်း ဖြစ်သည်။

ပုသိမ်ထောင် အဓိကရုဏ်းဖြစ်စဉ်အတွင်း နိုင်ကျဉ်း ၁ ဦးသေဆုံး ၇ ဦး ဒဏ်ရာရ

Admin 07 Jan 2023

ပုသိမ်ထောင်အတွင်း ဖိနှိပ်ခံရမှုကြောင့် နိုင်ငံရေးအကျဉ်းသားအချို့ ဆန္ဒပြရန်ကြိုးစားစဉ် ထောင်အာဏာပိုင်များနှင့် အဓိကရုဏ်းဖြစ်ပွားခဲ့ကြောင်း ပုသိမ်အကျဉ်းထောင်နှင့် နီးစပ်သူတစ်ဦးက အတည်ပြုပြောသည်။

NGO/ INGO များကို သွားလာခွင့်ပိတ်ထားသဖြင့် ပေါက်တောနှင့် မြေပုံမြို့နယ်က မွတ်ဆလင်ဒုက္ခသည် ၂၈,၀၀၀ ကျော် စားဝတ်နေရေးထိခိုက်

Admin 07 Jan 2023

NGO/ INGO များကို မြန်မာစစ်တပ်က ခရီးသွားလာခွင့် ပိတ်ပင်ထားမှုကြောင့် မြေပုံနှင့် ပေါက်တောမြို့နယ် တို့မှ မွတ်ဆလင်ဒုက္ခသည် ၂၈,၀၀၀ ကျော်မှာ စားဝတ်နေရေးအခက်အခဲနှင့် ကြုံတွေ့နေရသည်။

မင်းပြားတွင် ဒိုင်းနက်(ခ)သက္ကမ အမျိုးသားနေ့ကျင်းပ 

Admin 07 Jan 2023

အမျိုးသားနေ့ပွဲကို ရခိုင်ပြည် မောင်တော၊ စစ်တွေ၊ မင်းပြားနှင့် မြောက်ဦး စသည့် မြို့နယ်များမှ ဒိုင်းနက်လူမျိုးများ၊ တခြားဒေသခံများ အပါအဝင် စုစုပေါင်း လူဦးရေ ၁၀၀၀ ခန့်တက်ရောက်ခဲ့ကြသည်။

၂၀၂၂ ခုနှစ်အတွင်း ရခိုင်တွင် မီးလောင်မှု ၇၃ ကြိမ်ဖြစ်ပွားခဲ့ပြီး ဆုံးရှုံးမှုတန်ဖိုး ကျပ်သိန်း ၁၃၀၀ ကျော်ရှိခဲ့

Admin 07 Jan 2023

မီးလောင်မှုဖြစ်စဉ်များအတွင်း လူ ၁ ဦးသေ၊ ၆ ဦးဒဏ်ရာရခဲ့ပြီး ဒုက္ခသည်ဦးရေ ၁,၈၃၃ ဦးအထိရှိခဲ့သည်။ တိရစ္ဆာန်အကောင်ရေ ၅၀၀ လည်း မီးလောင်မှုများအတွင်း သေဆုံးခဲ့ရသည်။

ရာသီဥတုအေးချိန်တွင် အဖြစ်များသည့် လေဖြတ်ခြင်းအား အထူးဂရုစိုက်ရန် ကျန်းမာရေးတာဝန်ရှိသူများ တိုက်တွန်း

Admin 07 Jan 2023

ခန္ဓာကိုယ်တစ်ဖက်ခြမ်းရှိ မျက်နှာ၊ လက်နှင့်ခြေထောက်များ ထုံကျင်ခြင်း၊ အမြင်အာရုံနှင့် တခြားသော အာရုံခံစားနိုင်စွမ်း ချို့ယွင်းလာခြင်း၊ ရုတ်တရက်သတိလစ်၍ မေ့လဲတတ်ခြင်းများမှာ လေဖြတ်ခြင်း၏ ရှေ့ပြေး ရောဂါလက္ခဏာများဖြစ်ကြောင်း သိရသည်။

၃ နှစ်ကြာပိတ်ထားခဲ့သည့် အမှတ်(၁) ထိုင်း-မြန်မာ မြဝတီတံတား ပြန်လည်ဖွင့်လှစ်

Admin 06 Jan 2023

ထိုင်း-မြန်မာအမှတ်(၁) ချစ်ကြည်ရေးတံတားကို ကိုဗစ်- ၁၉ ဂယက်နှင့် နိုင်ငံရေးမတည်ငြိမ်မှုကြောင့် ပြီးခဲ့သည့် ၂၀၂၀ ခုနှစ်ကစပြီး ပိတ်ထားခဲ့သည်။ 

မောင်တောမြို့ပေါ်တွင် AA ကားကို ရဲတပ်ဖွဲ့က တားဆီးမှုကြောင့် စကားများကာ ပစ်ခတ်လုနီးပါးဖြစ်ခဲ့

Admin 06 Jan 2023

AA တပ်ဖွဲ့ဝင် ၇ ဦးခန့် စီးနင်းလိုက်ပါလာသည့် ကားတစ်စီးကို ရဲတပ်ဖွဲ့ဝင်အင်အား ၂၀ ခန့်က ကားနှစ်စီးဖြင့် လာရောက်တားဆီးကာ စစ်ဆေးရန်ပြုလုပ်သည့်အတွက် နှစ်ဖက်လုံးမှ သေနတ်များဖြင့်ချိန်ရွယ်ကာ ပစ်ခတ်လုနီးပါး ဖြစ်ခဲ့ကြသည်ဟု မျက်မြင်တွေ့ရှိသူတစ်ဦးကပြောသည်

လုံခြုံရေးအာမခံချက်မရှိ၍ ရခိုင်က လူမှုကူညီရေးအဖွဲ့များ လှုပ်ရှားမှုအားနည်းလာ

Admin 06 Jan 2023

စစ်ကောင်စီသည် ပရဟိတအသင်းအဖွဲ့ဝင်များကို ဖမ်းဆီးတရားစွဲဆိုခြင်း၊ သံသယဖြင့် ပစ်မှတ်ထား စောင့်ကြည့်လာခြင်းများအပြင် စစ်ဘေးရှောင်များအတွက် အလှူခံသည့် လူမှုကူညီရေးအဖွဲ့များကို ခေါ်ယူသတိပေးခြင်းများ လုပ်ဆောင်လာပြီးနောက် လူမှုကူညီရေးအဖွဲ့များမှာ ယခင်ကဲ့သို့ တက်ကြွစွာ မလုပ်ဆောင်နိုင်ကြခြင်းဖြစ်သည်။

ရခိုင်တွင်စားသုံးဆီဖူလုံရေး ဆီထွက်သီးနှံများ ပိုမိုစိုက်ပျိုးရန်လိုအပ်နေ

Admin 06 Jan 2023

ရခိုင်ပြည်အတွင်း ဆောင်းသီးနှံစိုက်ပျိုးဧက ၅ သိန်း ၄ သောင်းကျော်ရှိသော်လည်း ဈေးကွက်အာမခံချက်၊ ငွေကြေးအခက်အခဲနှင့် ဓာတ်မြေဩဇာဈေးနှုန်းမြင့်တက်ခြင်း စသည့် အခြေအနေများကြောင့် စိုက်ပျိုးရေးလုပ်ငန်းအားနည်းနေကြောင်း တောင်သူများက ပြောဆိုကြသည်။

ALP စစ်ဦးစီးချုပ်အပါအဝင် တပ်ဖွဲ့ဝင်(၃)ဦး အသတ်ခံရခြင်းအပေါ် ULA/AA လက်ချက်ဟု ပြောဆိုချက်မှာ အခြေအမြစ်မရှိသည့် စွပ်စွဲချက်ဟု AA တုံ့ပြန်

Admin 05 Jan 2023

ALP တပ်ဖွဲ့ဝင်များ သေနတ်ဖြင့်ပတ်ခတ်ခံရပြီး သေဆုံးသွားခြင်းမှာ ULA/AA ၏ လက်ချက်ဖြစ်ကြောင်း ယနေ့ ဇန်နဝါရီ ၅ ရက်နေ့တွင် ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) မှ ထုတ်ပြန်ကြေငြာခဲ့သည်။ 

AA တိုက်တွန်းချက်ကြောင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ ပြန်လည် တာဝန်ထမ်းဆောင်မည့်အပေါ် စစ်ကောင်စီကြိုဆို

Admin 05 Jan 2023

ရခိုင်ပြည်၊ ရသေ့တောင်နှင့် ပုဏ္ဏားကျွန်းမြို့နယ်မှ နုတ်ထွက်စာတင်ခဲ့ကြသည့် ကျေးရွာအုပ်ချုပ်ရေးမှူး ၉၀ ခန့်ကို ယနေ့ ဇန်နဝါရီလ ၅ ရက်နေ့တွင် သက်ဆိုင်ရာ မြို့နယ်ထွေ/အုပ်ရုံးသို့ အစည်းအဝေးခေါ်ယူကြောင်း ကာယကံရှင်များထံမှ သိရသည်။

ရခိုင်တွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်းကို နှစ်ပတ်ကြာရပ်ဆိုင်းထား

Admin 05 Jan 2023

ရခိုင်တွင် နိုင်ငံကူးလက်မှတ် ထုတ်ပေးခြင်းကို နှစ်ပတ်ကြာရပ်ဆိုင်းထားကြောင်း  မြန်မာနိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးခွဲ(စစ်တွေ)မှ သိရသည်။ 

ထောက်ခံစာ လုပ်ခိုင်းမှုကြောင့် ထားဝယ်တွင် ရာဘာစေးခြစ်သူများ အခက်တွေ့နေရ 

Admin 05 Jan 2023

ထားဝယ်ခရိုင်ရှိ ရာဘာအစေးခြစ်လုပ်သားများကို ကျေးရွာအတွင်း နေထိုင်အလုပ်လုပ်ကိုင်ကြောင်း ထောက်ခံစာများ ပြုလုပ်ရမည်ဟု ဇန်နဝါရီလ ၃ ရက်နေ့က စပြီး မြို့နယ်ထွေအုပ်က အတင်းအကျပ် လုပ်ခိုင်းနေခြင်းဖြစ်သည်။

Showing 2,101-2,120 of 8,345 items.