သူဌေးချောင်းရေအားလျှပ်စစ်စီမံကိန်းတွင် မြေယာပါဝင်သွား၍ နေရာပြောင်းရွှေ့ပေးခဲ့ရသူများ လျော်ကြေးငွေအပြည့်အဝမရသေး

DMG 15 Jan 2022

အဆိုပါစီမံကိန်းကို ၂၀၀၈ ခုနှစ်တွင် စတင်အကောင်အထည်ဖော်ခဲ့ပြီး စီမံကိန်းဧရိယာအတွင်းပါဝင်သည့် ရေကောက်ကျေးရွာမှ အိမ်ခြေ ၃၀၈ ဆောင်နှင့် ပုရစ်ကျေးရွာမှ အိမ်ခြေ ၁၅၃ ဆောင် စုစုပေါင်းအိမ်ခြေ ၄၆၁ ဆောင်တို့ကို ၂၀၂၁ ခုနှစ်မတ်လအတွင်းက ပြောင်းရွှေ့ပေးခဲ့ရသည်။

ဝန်ဖိုက်ဒီရေတောကို ရေရှည်ထိန်းသိမ်းနိုင်ရေး အကူအညီများလိုအပ်

DMG 15 Jan 2022

ရခိုင်ပြည်နယ်၏ အထင်ကရဒီရေတောကြီးဖြစ်သည့် ဝန်ဖိုက်ဒီရေတောအား ရေရှည်ထိန်းသိမ်းစောင့်ရှောက်နိုင်ရန်အတွက် အကူအညီများလိုအပ်နေကြောင်း ရမ်းဗြဲမြို့နယ်၊ ဝန်ဖိုက်ဒီရေတောထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ထံမှ သိရသည်။

နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် အမှုဖွင့်ခံထားရသည့် ပလက်ဝမြို့နယ်မှ ဦးတင်ထွန်းအောင်ကို ချုပ်ရမန်ထပ်ယူ

DMG 14 Jan 2022

ချင်းပြည်နယ်၊ ပလက်ဝမြို့ရှိ ခြေလျင်တပ်ရင်းအမှတ်(၂၈၉)၏ တောင်ကုန်းပေါ်တွင် အလံဖြူထောင်သည့်သတင်းကို မီဒီယာထံဖြေကြားခဲ့သည့် ကျန်းမာရေးဝန်ထမ်းအမျိုးသားကို ဆက်လက်စစ်ဆေးရန် ချုပ်ရမန်နောက်ထပ်တစ်ကြိမ် ထပ်ယူထားကြောင်း

ရခိုင်ရှိ တိုက်နယ်ဆေးရုံများတွင် ဆရာဝန်များချထားပေးရေး ဒေသခံများလိုလား

DMG 14 Jan 2022

ဆေးရုံစတင်ဖွင့်လှစ်သည့် ၂၀၂၀ ခုနှစ်မှစ၍ သူနာပြုများနှင့်သာ ဆေးရုံကိုလည်ပတ်နေရပြီး ယခုအချိန်ထိ တိုက်နယ်ဆေးရုံသို့ ဆရာဝန်မရောက်ရှိသေးပေ။ ထို့ကြောင့် ဆေးကုသမှုခံယူရာတွင် အခက်အခဲများစွာရှိပြီး ဆရာဝန်တစ်ဦး အမြန်ဆုံးချထားပေးရန် ဒေသခံများက တောင်းဆိုကြသည်။

ရွေးကောက်ပွဲပုဒ်မနှင့် ထပ်တိုးတရားစွဲဆိုခံထားရသည့် ဦးညီပုနှင့်ဦးမင်းအောင်တို့ကို ရုံးထုတ်

14 Jan 2022

ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မတို့နှင့် ထပ်တိုးတရားစွဲဆိုခံထားရသည့် ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဟောင်းဦးညီပုနှင့် စည်ပင်သာယာရေးဝန်ကြီးဝန်ကြီးဟောင်း ဦးမင်းအောင်တို့ကို ယနေ့ ဇန်နဝါရီ ၁၄ ရက်နေ့တွင် စစ်တွေမြို့နယ်တရားရုံး၌ Video Conferencing ဖြင့်ရုံးထုတ်ကာ မှုခင်းစီမံခန့်ခွဲမှုပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် ကယားပြည်နယ်မှ စစ်ဘေးရှောင် နှစ်သောင်းကျော် ဘေးလွတ်ရာသို့တိမ်းရှောင်ရ

14 Jan 2022

ကယား(ကရင်နီ)ပြည်နယ်တွင် စစ်ကောင်စီတပ်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲဖြစ်ပွားမှုများကြောင့် လွိုင်ကော်၊ ဒီမော့ဆိုနှင့် ဖရူဆိုမြို့နယ်တို့မှဒေသခံများမှာ နီးစပ်ရာစစ်ဘေးရှောင်စခန်းများတွင် ခိုလှုံနေထိုင်ခဲ့ကြသည်။

ကျိုက်ထိုတွင် CDM ပြုလုပ်ထားသည့်ပညာရေးဝန်ထမ်းများကို ဖမ်းဆီးအရေးယူရန် စစ်ကောင်စီညွှန်ကြား

13 Jan 2022

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၌ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM)ပြုလုပ်ထားသည့် ပညာရေးဝန်ထမ်းများကို ဖမ်းဆီးရန်အတွက် စစ်ကောင်စီမှ ယမန်နေ့(ဇန်နဝါရီ ၁၂ ရက်)တွင်ညွှန်ကြားသည့်စာထွက်ပေါ်လာကြောင်း သိရသည်။

PR စနစ်ဖြင့် ရွေးကောက်ပွဲကျင်းပမည့်အပေါ် တိုင်းရင်းသားပါတီများရဲ့ သဘောထား

12 Jan 2022

၂၀၂၀ ရွေးကောက်ပွဲတွင် မဲမသာမာမှုပြုလုပ်ခဲ့သည်ဆိုသည့် အကြောင်းပြချက်တွင် နိုင်ငံတော်အာဏာကိုသိမ်းယူထားသည့် စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က လာမည့် ၂၀၂၃ ခုနှစ်၊ သြဂုတ်လတွင် ရွေးကောက်ပွဲပြန်လည်ပြုလုပ်ပေးမည်ဖြစ်ကြောင်း ပြောဆိုထားသည်။

ကော့ကရိတ်တွင် လေကြောင်းတိုက်ခိုက်မှုအပါအဝင် လက်နက်ကြီးပစ်ခတ်တို့ကြောင့် ဒေသခံများထွက်ပြေး‌နေရ

12 Jan 2022

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် ကေအန်ယူလက်အောက်ခံ KNLA ပူးပေါင်းအဖွဲ့နှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲအတွင်း လေကြောင်းတိုက်ခိုက်မှုများရှိခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။

စစ်တွေတွင် တစ်လမ်းမောင်းစနစ်မလိုက်နာသူ ၅၀ ကျော်ကို မော်တော်ယာဉ်အက်ဥပဒေဖြင့်အရေးယူ

11 Jan 2022

ရခိုင်ပြည်နယ်၊ စစ်တွေမြို့တွင် ယာဉ်ကြောရှုပ်ထွေးမှုကိုဖြေရှင်းရန် တစ်လမ်းမောင်းစနစ်ကိုသတ်မှတ်ထားပြီး ယင်းယာဉ်စည်းကမ်းမလိုက်နာသူ ၅၀ ကျော်ကို မော်တော်ယာဉ်အက်ဥပဒေဖြင့်အရေးယူခဲ့သည်ဟု ယာဉ်ထိန်းရဲတပ်ဖွဲ့ထံမှ သိရသည်။

ယခုနှစ်မီနီဘတ်ဂျက်တွင် ရခိုင်က လမ်းတံတားလုပ်ငန်းများအတွက် ငွေကျပ် ၁၇ ဘီလီယံသုံးစွဲမည်ဟုဆို

11 Jan 2022

ရခိုင်ပြည်နယ်အတွင်းရှိ လမ်းတံတားလုပ်ငန်းများဆောင်ရွက်ရန် ယခုနှစ် ခြောက်လစာမီနီဘတ်ဂျက်တွင် ငွေကျပ် ၁၇ ဘီလီယံကိုသုံးစွဲသွားမည်ဖြစ်ကြောင်း ပြည်နယ်လမ်းတံတားဦးစီးဌာနမှ သိရသည်။

မြောက်ဦးမြို့ကိုရေပေးဝေနေသည့် လက်ဆည်ကန်တွင် ရေများညစ်ညမ်းနေ၍ သုံးစွဲရန်အခက်အခဲဖြစ်

11 Jan 2022

ရခိုင်ပြည်နယ်၊ မြောက်ဦးမြို့ကိုရေပေးဝေနေသည့် လက်ဆည်ကန်တွင် နှုန်းနှင့်ဒိုက်များ များပြားလာသဖြင့် ရေအရောင်မှာ ပြောင်းလဲလာပြီး သောက်သုံးရေအဖြစ်အသုံးပြုရန် အဆင်မပြေတော့ကြောင်း ဒေသခံများကပြောဆိုသည်။

ကျိုက်ထိုတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီးနောက် စစ်ဆေးရေးတင်းကျပ်

10 Jan 2022

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြီးခဲ့သည့်ဇန်နဝါရီ ၆ ရက်နေ့၌ ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးနောက်ပိုင်း မြန်မာစစ်တပ်လက်အောက်ခံအဖွဲ့များမှ မြို့အတွင်းလုံခြုံရေးတင်းကျပ်ကာ စစ်ဆေးမှုများရှိနေကြောင်း ဒေသခံများထံမှသိရသည်။

သွေးထိုးလှုံ့ဆော်မှုများကြားမှ ရခိုင်နှင့် မွတ်ဆလင် ဆက်ဆံရေးအခြေအနေ

10 Jan 2022

ကျောက်တော်မြို့နယ်တွင်ကျင်းပခဲ့သည့် ဘောလုံးပြိုင်ပွဲတွင် ဗုဒ္ဓဘာသာဝင်ရခိုင်လူမျိုးများနှင့် အစ္စလာမ်ဘာသာဝင် မော်လဝီတို့ကို တန်းတူနေရာပေးပြီး တပြေးညီထိုင်ခွင့်ပေးခြင်း၊ ဆုချီးမြှင့်ခွင့်ပေးခြင်းတို့ကို တွေ့မြင်ရသည့်အတွက် များစွာဝမ်းသာရကြောင်း ယင်းမြို့နယ် မွတ်ဆလင်ရေးရာကော်မတီအဖွဲ့ဝင် တစ်ဦးဖြစ်သူ မာဂျစ်ကပြောသည်။

ထိုင်းနည်းပညာဖြင့် မောင်တောတွင် ငါးသားပေါက်မွေးမြူမည်

DMG 08 Jan 2022

ရခိုင်ပြည်နယ်၊ မောင်တောမြို့၊ မြို့သူကြီးရပ်ကွက်ရှိ တပိုင်တနိုင်ရေချိုငါးသားပေါက်စခန်းတွင် ထိုင်းနိုင်ငံမှ နည်းပညာအကူအညီဖြင့် ငါးသားပေါက်မွေးမြူရေးလုပ်ငန်းလုပ်ဆောင်မည်ဖြစ်ကြောင်း မောင်တောခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှ သိရသည်။

သက္ကမာအမည်ကို တရားဝင်ရရှိရေး (၁၁)ကြိမ်မြောက်သက္ကမာအမျိုးသားနေ့တွင် တောင်းဆို

DMG 08 Jan 2022

(၁၁)ကြိမ်မြောက်သက္ကမာအမျိုးသားနေ့ကို ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ မန်ကျည်းပင်ကြီးကျေးရွာ၌ ဇန်နဝါရီလ ၇ ရက်နေ့က စည်ကားသိုက်မြိုက်စွာကျင်းပခဲ့သည်။

သံတွဲမြို့နယ်တွင် ကျပ်သန်းပေါင်း ၆၀၀ ခန့်ကုန်ကျမည့် လျှိုပိတ်ဆည်တစ်ခု တည်ဆောက်နေ

DMG 08 Jan 2022

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်၊ ဂွေးချောင်းကျေးရွာအုပ်စုတွင် လျှိုပိတ်ဆည်တစ်ခုကိုတည်ဆောက်နေကြောင်း သံတွဲမြို့နယ်ဆည်မြောင်းဦးစီးဌာနမှ သိရသည်။

မြန်မာတွင် ကိုဗစ်ကာလအတွင်း ပလက်စတစ်သုံးစွဲမှု နှစ်ဆခန့်မြင့်တက်လာ

DMG 08 Jan 2022

မြန်မာနိုင်ငံတွင် ကိုဗစ်ကာလအတွင်း ပလက်စတစ်သုံးစွဲမှုနှုန်း နှစ်ဆခန့်မြင့်တက်လာကြောင်း Thant Myanmar အဖွဲ့မှ သိရသည်။

စစ်တွေမြို့ လောကာနန္ဒာဘုရားခြံစည်းရိုးရှေ့ ဈေးမရောင်းရဟုတားမြစ်

DMG 07 Jan 2022

စစ်တွေမြို့၊ လောကာနန္ဒာဘုရားခြံစည်းရိုးရှေ့နှင့် ပလက်ဖောင်းကြားတွင် လုံးဝဈေးမရောင်းရဟု မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ယမန်နေ့(ဇန်နဝါရီလ ၆ ရက်)တွင် စာကပ်ပြီးတားမြစ်ထားသည်ဟု ဈေးရောင်းချသူများထံမှသိရသည်။

ကျောက်ဖြူမြို့နယ်က ကျေးရွာပေါင်း ၁၅၀ ကျော်တွင် လျှပ်စစ်မီး မရရှိသေး

DMG 07 Jan 2022

ရေနံနှင့် သဘာဝဓာတ်ငွေ့များထုတ်လုပ်လျက်ရှိသည့် ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်တွင် ၂၄ နာရီလျှပ်စစ်မီး အသုံးမပြုနိုင်သေးသည့် ကျေးရွာပေါင်း ၁၅၀ ကျော်ရှိနေသေးကြောင်း သိရသည်။

Showing 3,921-3,940 of 8,345 items.