တောင်ကိုရီးယား ဒီမိုကရေစီအသွင်ကူးပြောင်းမှုက အရှေ့တောင်အာရှအတွက် စံတစ်ခုဖြစ်လာနိုင်လား

ကြည်ဖြူစံ 11 Sep 2022

၁၉၄၅ ခုနှစ်တွင် ဂျပန်အင်ပါယာကိုစစ်ရှုံးနိမ့်ပြီးနောက် အမေရိကန်က ကိုရီးယားကျွန်းဆွယ်တောင်ပိုင်းကို သိမ်းပိုက်ခဲ့သည်။ ကိုလိုနီခေတ်အတွင်း လွတ်လပ်သော တက်ကြွလှုပ်ရှားသူတဦးဖြစ်သည့် Syngman Rhee ဦးဆောင်သော အမည်ခံဒီမိုကရေစီအစိုးရတရပ်ကို တည်ထောင်ခဲ့ကြသည်။ သို့သော်ကိုရီးယားစစ်ပွဲက တောင်ကိုရီးယားနိုင်ငံရေးသမားများအကြား ပြင်းထန်သော ကွန်မြူနစ်ဆန့်ကျင်ရေး စိတ်ဓာတ်ကိုဖြစ်ပေါ်စေခဲ့ပြီး Rhee ၏ ၁၂ နှစ်သက်တမ်းရှည်ကြာစေမည့် တင်းကျပ်သော သက်ဦးဆံပိုင်အုပ်ချုပ်ရေးစနစ်ကို ဖြစ်ပေါ်စေခဲ့သည်။

အူရီဒူးမြန်မာကို စင်္ကာပူကုမ္ပဏီသို့ ဒေါ်လာ ၅၇၆ သန်းဖြင့် ရောင်းချ

Foreign Desk 08 Sep 2022

အူရီဒူးမြန်မာ၏ လုပ်ငန်းလည်ပတ်မှုများအား စင်္ကာပူအခြေစိုက် Nine Communications ကုမ္ပဏီသို့ ရောင်းချရန် သဘောတူလက်မှတ်ထိုးလိုက်ပြီ ဖြစ်ကြောင်း ရိုက်တာသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

သမ္မတပူတင်နှင့် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် တွေ့ဆုံ

Foreign Desk 07 Sep 2022

ရုရှားသမ္မတ ဗလာဒီမာပူတင်နှင့် မြန်မာစစ်တပ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့သည် ဗုဒ္ဓဟူးနေ့၌ ရုရှားနိုင်ငံ ဗလာဒီဗော့စတော့မြို့တွင် တွေ့ဆုံခဲ့ကြကြောင်း အေအက်ဖ်ပီသတင်းတစ်ရပ်တွင် ဖော်ပြသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မရမချင်း မြန်မာနိုင်ငံသို့ သွားတော့မည်မဟုတ်ဟု ကုလအထူးသံတမန် ပြောဆို

Foreign Desk 07 Sep 2022


ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် နိုလင်းဟေဇာက စစ်အစိုးရအနေဖြင့် သူမအား ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ခွင့်မပေးလျှင် မြန်မာနိုင်ငံသို့ ထပ်မံသွားရောက်တော့မည် မဟုတ်ကြောင်း တနင်္လာနေ့တွင် ပြောကြားလိုက်သည်။

မြန်မာ့ခုခံတော်လှန်စစ် အောင်မြင်ဖို့ နိုင်ငံတကာက ကူညီရမည့်အချိန် ရောက်ပြီ

ကြည်ဖြူစံ 05 Sep 2022

NUG ၊ NUCC ၊ ပြည်နယ်အဆင့်အတိုင်ပင်ခံ ကောင်စီများ၊ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များ၊ EAO များ၏ အရပ်ဘက်အဖွဲ့အစည်းများ၊ သပိတ်ကော်မတီနှင့် အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှုအဖွဲ့များအပါအဝင် အဓိကကျသော တော်လှန်ရေးအုပ်စုများအား ပံ့ပိုးပေးနေသည့် အရပ်ဘက်အဖွဲ့ အစည်းများအား နှစ်ဆတိုးထောက်ခံရပေမည်။

အရှေ့တောင်အာရှနိုင်ငံတွေ မျက်စိကျလာတဲ့ နျူကလီးယားအင်အား (၂)

လင်းခိုင် 03 Sep 2022

ဗီယက်နမ်သည် ဆိုလာစွမ်းအင်တွင် အများဆုံးရင်းနှီးမြှုပ်နှံသည့် ကမ္ဘာ့နိုင်ငံများစာရင်းတွင် လောလောလတ်လတ် ပါဝင်လာသည်။ ၂၀၁၆ ခုနှစ်တွင် ရုရှားနှင့် နျူကလီးယားစွမ်းအင် သဘောတူညီချက်တစ်ရပ် ရေးထိုးခဲ့သည့် လာအိုနိုင်ငံသည် ရေအားလျှပ်စစ်တင်ပို့သည့် အဓိကနိုင်ငံ တစ်နိုင်ငံ ဖြစ်သည်။

အကြမ်းဖက်မှုတွေနဲ့ ကိုယ့်ဇာတ်ကိုယ်မနိုင် ဖြစ်နေတဲ့ မြန်မာစစ်တပ်

ကြည်ဖြူစံ 01 Sep 2022

စစ်ကောင်စီသည် အိမ်နီးချင်းထိုင်းနိုင်ငံကို အားကျမခံဘဲ အတုခိုးဖို့ကြိုးစားနေသည်က ထင်ရှားပါသည်။ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာသည် စစ်တပ်အကြီးအကဲအဖြစ် ၂၀၁၄ ခုနှစ်တွင် အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီး ထိုင်းနိုင်ငံကို ၈ နှစ်ကြာ အုပ်ချုပ်ခဲ့သည်။ ၎င်းသည် အာဏာရပါတီစုံ ညွှန့်ပေါင်းဖွဲ့မှုဖြင့် ၂၀၁၉ ခုနှစ် အထွေထွေရွေး ကောက်ပွဲကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့သည်။

" အနောက်နိုင်ငံများ၏ ပိတ်ဆို့မှုများကြောင့် ရုရှားနဲ့ မြန်မာဆက်ဆံရေး ပိုပြီးနက်ရှိုင်းခိုင်မာလာ "

ကြည်ဖြူစံ 26 Aug 2022

ရုရှားသည် ပြီးခဲ့သောနှစ်ဖေဖော်ဝါရီလက ဒေါ်အောင်ဆန်းစုကြည်၏ ရွေးကောက်ခံအစိုးရထံမှ နိုင်ငံတော်အာဏာသိမ်းယူခဲ့သော မြန်မာစစ်တပ်အတွက် အဓိကထောက်ခံသူနှင့် လက်နက်ထောက်ပံ့ပေးသူဖြစ်သည်။ အချို့ သောလက်နက်များသည် စစ်အုပ်ချုပ်ရေး ဆန့်ကျင်နေကြသော တော်လှန်ရေးသမားများနှင့် တိုင်းရင်းသားလက်နက်ကိုင်များကို တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သည် ဟုဆိုသည်။

မြန်မာနိုင်ငံအပေါ် အာဆီယံရဲ့သဘောထား တင်းမာလာ

ကြည်ဖြူစံ 20 Aug 2022

မလေးရှားနိုင်ငံသည် အဖွဲ့တွင်းမှ သိသိသာသာခွဲထွက်ပြီး NUG ကိုယ်စားလှယ်များနှင့် တွေ့ဆုံခဲ့သော ပထမဆုံး အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်လာခဲ့သည်။ အကယ်၍ စစ်ကောင်စီအနေဖြင့် သွေးလွှမ်းသောလမ်းကို ဆက်ပြီးလျှောက် လှမ်းနေဦးမည်ဆိုလျှင်တော့ နောက်တက်လာမည့် အာဆီယံဥက္ကဌက ဆိုးရွားသောအဖြစ်အပျက်များကို တိတ်တဆိတ် ရပ်ကြည့်နေလိမ့်မည်တော့ မဟုတ်ပေ။ NUG ကို ဂျကာတာတွင် ရုံးခန်းဖွင့်ခွင့်ပေးကာ စစ်ကောင်စီအပေါ် ဖိအားများ တိုးမြှင့်လာစေလိမ့်မည်။ စစ်ကောင်စီအား ပြင်းပြင်းထန်ထန်ဝေဖန်နေခဲ့သော ဖိလစ်ပိုင်သည် မလေးရှားနိုင်ငံ၏ ချဉ်းကပ်မှုအတိုင်း လိုက်ပါဆောင်ရွက်မည့် နောက်ထပ်အာဆီယံနိုင်ငံ ဖြစ်လာနိုင်ပေသည်။

မြန်မာနိုင်ငံအရေး ရွေးချယ်ဖို့ခက်ခဲတဲ့အချိန်

ကြည်ဖြူစံ 09 Aug 2022

PDF များအပေါ် NUG ကအမိန့်ပေးနိုင်မှုနှင့် ထိန်းချုပ်မှုမည်မျှရှိနေသည် ဆိုသည်ကို ရှင်းရှင်းလင်းလင်းမသိရသေးပါ။ PDF အများစုက လုံးဝလွတ်လပ်နေပြီး သီးခြားရပ်တည်နေခြင်းလည်း ပါဝင်ပါသည်။ စစ်ကောင်စီကို အထိရောက်ဆုံး ခုခံတော်လှန်နေကြသော EAO များအပေါ် NUG ၏ထိန်းချုပ်နိုင်မှု သို့မဟုတ် ထိထိရောက်ရောက် ကိုယ်စားပြုမှု မည်မျှရှိသည်ကိုလည်း ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးပါ။

ဥရောပနိုင်ငံများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဆက်ဆံရေးအခြေအနေ (၂)

ကြည်ဖြူစံ 01 Aug 2022

ဥရောပအစိုးရများအတွက် ပြဿနာတစ်ခုမှာ မြန်မာ့အကျပ်အတည်း ဖြေရှင်းရာတွင် အာဆီယံဦးဆောင်ဖြေရှင်းနေမှုကို တောက်လျှောက်ထောက်ခံနေမှု ဖြစ်ပြီး ၂၀၂၂ ခုနှစ်မှာတော့ ထိုဦးဆောင်မှုက ပိုပြီးမေးခွန်းထုတ်စရာဖြစ်လာသည်။ ပြီးခဲ့သောနှစ်က အာဆီယံ နှင့် စစ်ကောင်စီအကြား သဘောတူညီထားခဲ့သော အချက် ၅ ချက်ပါ သဘောတူညီချက်က အောင်မြင်မှုလုံးဝမရခဲ့သော်လည်း မြန်မာနိုင်ငံသို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများရောက်ရှိရန် နှစ်ဆနီးပါး အာဆီယံက အားထုတ်ခဲ့သည်။

ဥရောပနိုင်ငံများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ၏ ဆက်ဆံရေးအခြေအနေ (၁)

ကြည်ဖြူစံ 01 Aug 2022

အစောပိုင်းရက်များတွင် ဒေါက်တာ ဇော်ဝေစိုးသည် လန်ဒန်မြို့သို့သွားရောက်ခဲ့ပြီး ဗြိတိန်၏ အာရှနှင့် အရှေ့ အလယ်ပိုင်းဆိုင်ရာ နိုင်ငံခြားရေးဝန်ကြီး အမန်ဒါမိုင်းလင်းနှင့် တွေ့ဆုံခဲ့သည်။ ထို့နောက်မှာတော့ အမန်ဒါ မိုင်းလင်း က “ NUG နှင့် မြန်မာနိုင်ငံဒီမိုကရေစီနိုင်ငံပြန်ဖြစ်လာရန် တောင်းဆိုနေကြသူများ အားလုံးကို ထောက်ခံကြောင်း” တွစ်တာတွင် ရေးသားခဲ့လေသည်။

မြန်မာကိုကမ္ဘာက အဘယ်ကြောင့် မေ့လျော့ခဲ့သနည်း

ကြည်ဖြူစံ 21 Jul 2022

ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သော အစိုးရလက်ထက် မြန်မာနိုင်ငံတွင် နိုင်ငံသားများအပေါ် အကြမ်းဖက်မှု များကြောင့် နိုင်ငံတကာတွင် သူမ၏ရေပန်းစားမှုများ ကျဆင်းခဲ့လင့်ကစား မြန်မာနိုင်ငံ ဗုဒ္ဓဘာသာ အသိုင်းအဝိုင်း ကြားမှာတော့ သူမက ရေပန်းစားနေဆဲဖြစ်သည်။ အကျိုးဆက်အနေဖြင့်လည်း သူမ နှင့် သူမပါတီ NLD က ၂၀၂၀ နိုဝင်ဘာရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အနိုင်ရခဲ့သည်။ အတိုက်အခံပါတီကို စစ်တပ်က ကျောထောက်နောက်ခံ ပေးထားသဖြင့် ရွေးကောက်ပွဲတွင် မဲမသမာမှုများရှိခဲ့သည်ဟုဆိုက မဲပြန်ထည့်ဖို့ တောင်းဆိုခဲ့သည်။

မြန်မာနဲ့ ထိုင်းစစ်တပ် တစ်ကျိတ်တည်းတစ်ဉာဏ်တည်းလား

ကြည်ဖြူစံ 12 Jul 2022

MiG-29 ဖြစ်ရပ်မတိုင်ခင်က ထိုင်း-မြန်မာဆက်ဆံရေးကို ဆက်စပ်ကြည့်မည်ဆိုလျှင်တော့ ၎င်းတို့ဆက်ဆံရေးက မျက်ခုံးပင့်စရာအခြေအနေ ဖြစ်နေပြီဖြစ်သည်။ ၂၀၀၆ နှင့် ၂၀၁၄ ခုနှစ်များက ထိုင်းနိုင်ငံတွင် ထိပ်တန်းအာဏာ သိမ်းယူမှုနှင့်အတူ နှစ်နိုင်ငံစစ်ဘက်ဆက်ဆံရေးက ပိုပြီးနက်နက်ရှိုင်းရှိုင်း ဖြစ်လာသည်။ နှစ်ဘက်အဆင့်မြင့်အရာရှိကြီးများ ပုံမှန်လည်ပတ်နေကြသည်များနှင့် ထိပ်တန်းအဆင့်ဆွေးနွေးမှုများ၊ ဆက်ဆံမှုများက အဆိုပါရင်းနှီးမှုကို ဖော်ပြနေခြင်းဖြစ်သည်။

အာဏာသိမ်းခေတ်အလွန် စစ်တပ်ပြုပြင်ရေးတွင် နိုင်ငံတကာ၏ အခန်းကဏ္ဍ (၂)

ကြည်ဖြူစံ 09 Jul 2022

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း အရေအတွက်အတိအကျ မသိသော တူညီယူနီဖောင်းဝတ် PDF များကို ဖွဲ့စည်းထားသည်။ တိကျသောကိန်းဂဏန်းများနှင့် ပတ်သက်ပြီး တင်းကြပ်စွာ ထိန်းချုပ်ထားသော်လည်း PDF တပ်ဖွဲ့ဝင်များ (NUG ကလေ့ကျင့်ပေးထားသော တပ်ဖွဲ့ဝင်များအပါအဝင်) စုစုပေါင်းအင်အားမှာ ၅ သောင်းဝန်းကျင်ဖြစ်ပြီး NUG နှင့်ပေါင်းစပ်ထားသော LDF အဖွဲ့များ၏ ညွှန့်ပေါင်းတပ်ဖွဲ့တွင် တပ်ဖွဲ့ဝင်အင်အား ၆ သောင်း မှ ၇ သောင်း ရှိသည်ဟု အတွင်းသတင်းရင်းမြစ်များက ဆိုသည်။

အာဏာသိမ်းခေတ်အလွန် စစ်တပ်ပြုပြင်ရေးတွင် နိုင်ငံတကာ၏ အခန်းကဏ္ဍ (၁)

ကြည်ဖြူစံ 08 Jul 2022

ပြင်ပရှုထောင့်မှ ကြည့်မည်ဆိုလျှင်တော့ ဖြစ်ပွားနေသော မြန်မာ့ပဋိပက္ခမှာ စစ်ကောင်စီက ရှုံးနိမ့်မည်မဟုတ်ဘဲ အမှည့်ချွေချွေမည့် စစ်ပွဲတစ်ပွဲဟု မြင်ကောင်းမြင်ပေလိမ့်မည်။ ၁၉၅၀ ခုနှစ်များကစပြီး မြန်မာ့နိုင်ငံရေးတွင် စစ်တပ်က ထင်ရှားကျော်ကြားသော နိုင်ငံရေးအင်အားစုဖြစ်ခဲ့ပြီး စစ်သည်အင်အား သုံးသိန်းခွဲကျော် ပိုင်ဆိုင်ထားကာ အခြေခိုင်ခိုင်ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည်။

မြန်မာ့တော်လှန်ရေးမီးတောက်ကို လောင်စာထပ်ဖြည့်နေတဲ့ အိန္ဒိယသူပုန်တွေ

ကြည်ဖြူစံ 04 Jul 2022

မြန်မာနိုင်ငံရှိ များပြားလှသော တိုင်းရင်းသားလူနည်စုများကဲ့သို့ပင် ဤအုပ်စုသည်လည်း တိုင်းရင်းသားဆိုင်ရာ အမျိုးသားရေးဝါဒဖြင့် လွတ်လပ်သောနိုင်ငံတော်ကို တည်ဆောက်ချင်နေကြသူများ ဖြစ်သည်။ ဇိုမီးတော်လှန်ရေး တပ်မတော် (ZRA) ကလည်း ဇိုမီးလူမျိုးများနေထိုင်ရာ ချင်းပြည်နယ် အရှေ့မြောက်ပိုင်းကို ဖက်ဒရယ်ပြည်နယ် တစ်ခုအဖြစ် ပုံဖော်ထားသည်။ ၎င်းအဖွဲ့ခေါင်းဆောင်များသည် ပိုင်သဲ (Paite) မျိုးနွယ်မှ အဓိကဖြစ်သည်။ ပိုင်သဲမျိုးနွယ်များသည် အိန္ဒိယနိုင်ငံ မဏိပူရနှင့် မီဇိုရမ်ပြည်နယ်တွင် နယ်စပ်ဖြတ်ကျော်အရေအတွက် ပိုများသည်။

မြန်မာနိုင်ငံမှ သွေးဆာနေသော သေမင်းတမန်များ

ကြည်ဖြူစံ 20 Jun 2022

ပုံမှန်မဟုတ်သောလုပ်ရပ်များဖြင့် ထောက်လှမ်းရေးအချက်အလက်များ စုဆောင်းခြင်းအပါအဝင် ပစ်မှတ်ထား သတ်ဖြတ်ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်းများကိုပံ့ပိုးပေးခြင်းနှင့် ဒေသခံအရပ်သားများ၏ အာဏာရှင်ဆန်သော အုပ်ချုပ်ရေးကို လိုက်လျောညီထွေဖြစ်စေရန် အကြမ်းဖက်မှုများကို အသုံးပြုခြင်းအားဖြင့် တော်လှန်ရေးသမားများအား နှိမ်နင်းရေးကဏ္ဍကို ဆောင်ရွက်လျက်ရှိသည်။

မြန်မာ့အရေး အာဆီယံကိုအားကိုးလို့ ရပါ့မလား

ကြည်ဖြူစံ 12 Jun 2022

ဒီအချိန်က အာဆီယံအတွက်ရော မြန်မာအတွက်ပါ အရေးကြီးတဲ့အချိန်ပါပဲ။ မြန်မာနိုင်ငံဟာ စစ်အာဏာရှင်တွေ လက်အောက်ကျရောက်ခဲ့တာ ၁၅ လကျော်သွားခဲ့ပြီဖြစ်သလို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးသင့်နေခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်မှုတွေကြောင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီလိုအပ်နေသူ ၁၄ သန်းနီးပါးရှိနေပါတယ်။ ဒီပမာဏက ယူကရိန်းစစ်ပွဲကြောင့် ထွက်ပြေးခဲ့ရတဲ့ ယူကရိန်းစစ်ဘေးဒုက္ခသည် အရေအတွက်ထက် ၃ ဆနီးပါး ရှိနေတာ ဖြစ်ပါတယ်။

အဟောင်းနဲ့အသစ်ကြားက ကွဲလွဲမှုတွေနဲ့ မြန်မာ့နွေဦးတော်လှန်ရေး

ကြည်ဖြူစံ 04 Jun 2022

ပြီးခဲ့သော ၂၀၂၁ ဖေဖော်ဝါရီအာဏာသိမ်းမှုအပြီး ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ ရွေးကောက်ခံအမတ်တစ်စုက ၂၀၂၁ ဧပြီ ၁၆ ရက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကိုတည်ထောင်ခဲ့သည်။ ၎င်းအဖွဲ့အစည်းကို အာဏာသိမ်း စစ်တပ်၏ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ (SAC) က တရားမဝင်ဖွဲ့စည်းထားသော အသင်းအဖွဲ့ဖြစ်ကြောင်းနှင့် အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကြေညာခဲ့သည်။ ပြီးခဲ့သောမေလမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDFs) ကို ဖွဲ့စည်းကြောင်း NUG ကကြေညာခဲ့ပြီး စက်တင်ဘာလမှာတော့ “ပြည်သူများ၏ခုခံစစ်” ကိုကြေညာခဲ့သည်။ နိုင်ငံတကာတွင်လည်း NUG သည်သာ မြန်မာနိုင်ငံကိုတရားဝင်ကိုယ်စားပြုသော အစိုးရအဖြစ် NUG ကကြေညာထားပြီး အချုပ်အခြာအာဏာပိုင် နိုင်ငံတကာအစိုးရများက NUG ကိုသာ သံတမန်ရေးအရ အသိအမှတ်ပြုရန် တောင်းဆိုထားသော်လည်း ထိုက်သင့်သည့်တုံ့ပြန်မှုများ မရရှိနိုင်သေးပေ။

Showing 161-180 of 331 items.