နော်ဝေအစိုးရ ပင်စင်ရန်ပုံငွေအဖွဲ့က မြန်မာစစ်တပ်နှင့် ဆက်နွယ်နေသည့် ကိုရီးယားနှင့် အိန္ဒိယ ဓာတ်ငွေ့ကုမ္ပဏီထံတွင် ရင်းနှီးမြှုပ်နှံမှုများ ရုပ်သိမ်း

Admin 28 Apr 2023

မြန်မာစစ်တပ်နှင့် ဆက်နွယ်နေသည့်အတွက် ရေနံနှင့် သဘာဝဓာတ်ငွေ့ ကုမ္ပဏီနှစ်ခုကို အဖွဲ့မှ ထုတ်ပယ်လိုက်ကြောင်း နော်ဝေဗဟိုဘဏ်က ဧပြီလ ၂၇ ရက်နေ့တွင် ပြောကြားလိုက်သည်။

အကြမ်းဖက်မှုများ ရပ်တန့်ရန် စစ်ကောင်စီကို ဘန်ကီမွန်းတိုက်တွန်း

Admin 25 Apr 2023

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဖြစ်သူ မစ္စတာဘန်ကီမွန်းက မြန်မာစစ်ကောင်စီအား နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးရေး အပါအဝင် အကြမ်းဖက်မှုများ ရပ်တန့်ပြီး နိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်မည့် အဖြေတစ်ရပ် ရှာဖွေရန် တိုက်တွန်းလိုက်ကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

တော်လှန်ရေးအင်အားစုတွေအတွက် စံပြဖြစ်လာတဲ့ ရက္ခိုင့်တပ်တော်

Admin 24 Apr 2023

၂၀၀၉ ခုနှစ် ဧပြီ ၁၀ ရက်က ကချင်ပြည်နယ်မှာ ရက္ခိုင့်တပ်တော်ကို စတင်ဖွဲ့စည်းခဲ့ပြီးနောက်မှာတော့ အေအေက မြန်မာစစ်တပ်အတွက် ခေါင်းခဲစရာပုစ္ဆာတစ်ပုဒ် ဖြစ်လာခဲ့ပါတယ်။

ဇီလင်စကီးလို အရည်အချင်းရှိတဲ့ခေါင်းဆောင်မျိုး လိုအပ်နေတဲ့ နွေဦးတော်လှန်ရေး

Admin 21 Apr 2023

၁၉၉၀ ပြည့်လွန်နှစ်တွေကစပြီး နိုင်ငံရဲ့ကာလရှည်ကြာ ဒီမိုကရေစီခေါင်းဆောင်ဖြစ်ခဲ့သလို NLD အစိုးရကို ဦးဆောင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်သာ လွတ်လွတ်လပ်လပ် လှုပ်ရှားနိုင်ခဲ့ရင်တော့ ဇီလင်စကီးခေါင်းဆောင်နေတဲ့ ကဏ္ဍလို ခေါင်းဆောင်နိုင်မှာပါပဲ။

အဆုံးမသတ်နိုင်တဲ့ မြန်မာ့ပြည်တွင်းပဋိပက္ခ သက်ဆိုးရှည်ဖို့ တရုတ်နိုင်ငံရဲ့ ကြိုးပမ်းအားထုတ်မှုများ

Admin 07 Apr 2023

မိုင်းလားနဲ့ ကိုးကန့်တပ်ဖွဲ့ဝင်တွေပါနေတဲ့ MNDAA ကလည်း တရုတ်နဲ့ လက်တွဲအလုပ်လုပ်နေရပေမယ့် ကချင်နဲ့လည်း မဟာမိတ်ဖွဲ့ထားပါသေးတယ်။ နောက်ပြီး တရုတ်ရဲ့ဆန္ဒကိုဆန့်ကျင်ပြီး မြန်မာစစ်တပ်နဲ့လည်း တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။

အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့မူးယစ်ဆေးဝါး ရောင်းဝယ်ရေးအခြေအနေ (၂)

02 Apr 2023

တရုတ်နိုင်ငံကဖော်ပြခဲ့တဲ့ ဆောင်းပါးတွေမှာဆိုရင်လည်း မြန်မာနိုင်ငံမှာ မူးယစ်မှောင်ခိုသမားတွေ များသထက်များလာနေပြီး အမျိုးအစားမတူတဲ့ မူးယစ်ဆေးတွေ သန်းပေါင်းရာနဲ့ချီ ရဲတပ်ဖွဲ့က မကြာခဏဆိုသလို ဖမ်းမိနေတယ်လို့ ဖော်ပြခဲ့ပါတယ်။

အာဏာမသိမ်းခင်နဲ့ အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့မူးယစ်ဆေးဝါး ရောင်းဝယ်ရေးအခြေအနေ (၁)

Admin 31 Mar 2023

ကနဦးကာလတွေတုန်းကတော့ ဘိန်းကို ဒေသခံ အခြေခံလူတန်းစားတွေလောက်သာ သုံးစွဲခဲ့ကြပြီး စိုက်ပျိုးထုတ်လုပ်မှုကိုလည်း တင်းတင်းကြပ်ကြပ် တားမြစ်ထားခဲ့ပါတယ်။

NLD ပါတီ ဖျက်သိမ်းခံရမှု စိုးရိမ်ကြောင်း အမေရိကန်၊ ဂျပန်၊ ဗြိတိန်၊ သြစတြေးလျ တို့ ပြောကြား

Admin 30 Mar 2023

လာမည့်ရွေးကောက်ပွဲအတွက် မှတ်ပုံမတင်သည့် NLD အပါအဝင် ပါတီ ၄၀ ကို ဖျက်သိမ်းကြောင်း စစ်ကောင်စီက မတ်လ ၂၈ ရက်နေ့တွင် ကြေညာခဲ့သည်။

မွတ်ဆလင်ဒုက္ခသည်များအတွက် ရေရှည်အဖြေများ ရှာဖွေသွားမည်ဟု ဘိုင်ဒန်က ဟာဆီနာထံ ပေးပို့သောစာတွင် ဖော်ပြ

Admin 28 Mar 2023

သမ္မတဘိုင်ဒန်က ဝန်ကြီးချုပ် ရှိတ်ဟာဆီနာထံသို့ မတ်လ ၂၁ ရက်နေ့တွင် ပေးပို့ခဲ့သောစာကို ဒါကာရှိ အမေရိကန်သံရုံးက မတ်လ ၂၆ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

စစ်တပ်အတွက် လေယာဉ်ဆီထောက်ပံ့မှုအပေါ် ပစ်မှတ်ထားသည့် ဒဏ်ခတ်အရေးယူမှု အသစ်များ အမေရိကန်ချမှတ်

Admin 25 Mar 2023

မြန်မာစစ်တပ်နှင့် ဆက်နွယ်နေသူများနှင့် စီးပွားရေးလုပ်ငန်းများအပေါ် ပစ်မှတ်ထားသည့် ဒဏ်ခတ်အရေးယူမှု အသစ်များ ချမှတ်လိုက်ကြောင်း အမေရိကန်အစိုးရက မတ်လ ၂၄ ရက်နေ့တွင် ကြေညာလိုက်သည်။

မြန်မာစစ်အစိုးရကို ရုရှားကူညီနေခြင်းက အရှေ့တောင်အာရှအတွက် တည်ငြိမ်မှုပျက်ပြားစေဟု အမေရိကန်ပြော

Admin 24 Mar 2023

မြန်မာစစ်ခေါင်းဆောင်များအား ရုရှားက ကျောထောက်နောက်ခံ ပေးနေမှုသည် လက်ခံနိုင်စရာ မရှိကြောင်းနှင့် စစ်အုပ်စုကို လက်နက်ထောက်ပံ့နေခြင်းသည် ပဋိပက္ခကို မီးလောင်ရာလေပင့် ဖြစ်စေလျက်ရှိသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒဲရစ်ချောလက်က ပြောကြားလိုက်သည်။ 

အာဏာသိမ်းစစ်ယူနီဖောင်းဝတ်တွေ လွှမ်းမိုးထားတဲ့ ထိုင်းနဲ့မြန်မာ (၁)

Admin 23 Mar 2023

DMG (ဘာသာပြန်ဆောင်းပါး)

၂၀၁၄ ခုနှစ် မေလ ၂၂ ရက်နဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့တွေမှာ ဖြစ်ပွားခဲ့တဲ့ ထိုင်းနဲ့မြန်မာစစ်တပ်တို့ရဲ့ အာဏာသိမ်းမှုက သက်ဆိုင်ရာနိုင်ငံအသီးသီးရဲ့ ဒီမိုကရေစီကို ဖျက်ဆီးပစ်ခဲ့ပါတယ်။ အာဏာသိမ်းပြီးနောက်ပိုင်း ပေါ်ပေါက်လာခဲ့တဲ့ ထိုင်းနဲ့မြန်မာပြည်သူတွေရဲ့ ဆန္ဒပြမှုတွေကို သက်ဆိုင်ရာနိုင်ငံရဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေက အပြင်းအထန်နှိပ်ကွပ်ခဲ့ပါတယ်။ ဒီဖြစ်ရပ်တွေက အာဏာရှင်စနစ်လမ်းကြောင်းဆီ ကမ္ဘာ့နိုင်ငံတွေကို တွန်းပို့နေပါတယ်။ 

ထိုင်းနိုင်ငံမှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်ချုပ်ရေးနဲ့ ငါးနှစ်ကြာအုပ်ချုပ်ခဲ့ပြီး ၂၀၁၉ ခုနှစ်မှာကျင်းပခဲ့တဲ့ ထိုင်းနိုင်ငံရဲ့ရွေးကောက်ပွဲကလည်း စစ်တပ်ကြီးစိုးတဲ့ ဒီမိုကရေစီနဲ့ဘုရင်စနစ်ကို သက်ဆိုးရှည်စေခဲ့ပါတယ်။ မြန်မာစစ်တပ်အာဏာသိမ်းမှုကလည်း လူပေါင်း ၃၀၀၀ ကျော် သေဆုံးခဲ့ပြီး နောက်ဆက်တွဲ သွေးထွက်သံယို ဖြစ်စေတဲ့ဆိုးကျိုးတွေနဲ့ ရင်ဆိုင်နေရတုန်းပါပဲ။
နှစ်နိုင်ငံလုံးမှာ စစ်အာဏာရှင်စနစ်ဩဇာက ရာစုနှစ်များစွာကြာတဲ့အထိ တည်ရှိနေခဲ့ပါတယ်။ ထိုင်းတော်ဝင် ဘုရင့်တပ်မတော်နဲ့ မြန်မာစစ်တပ်တို့ဟာ နိုင်ငံရဲ့စီးပွားရေးနဲ့ နိုင်ငံရေးကဏ္ဍတို့မှာ နှစ်ပေါင်းများစွာ ဦးဆောင်ခဲ့ပါ တယ်။ ၁၉၃၂ ခုနှစ်မှာ ထိုင်းနိုင်ငံရဲ့ သက်ဦးဆံပိုင်ဘုရင်စနစ်ကို ဖြုတ်ချခဲ့သလို ၁၉၄၈ ခုနှစ်မှာတော့ မြန်မာနိုင်ငံလည်း ဗြိတိန်ဆီကနေ လွတ်လပ်ရေးရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံလွတ်လပ်ရေးရဖို့အတွက် စစ်တပ်က ဦးဆောင်လမ်းပြပေးခဲ့ပြီး စည်းလုံးညီညွတ်ဖို့အတွက်လည်း တွန်းအားပေးခဲ့တဲ့ အဖွဲ့အစည်းကြီးတစ်ခုဖြစ်တယ်ဆိုပြီး နိုင်ငံရေးတရားဝင်မှုကိုပါ မြန်မာစစ်တပ်က ရယူထားပါတယ်။...

မဲဆောက်တွင် မြန်မာများနေထိုင်သည့် တိုက်တန်းကို ထိုင်းရဲဝင်စီး၊ ဒရုန်းများနှင့် ကျည်ဆန်များအပါအဝင် စစ်အသုံးအဆောင်များ ဖမ်းမိဟုဆို

Admin 23 Mar 2023

ထိုင်းနိုင်ငံ မဲဆောက်မြို့ မယ်ပရပ်ကွက်ရှိ မြန်မာများနေထိုင်နေသည့် တိုက်တန်းကို ထိုင်းအာဏာပိုင်များက မတ်လ ၂၂ ရက်နေ့တွင် ဝင်ရောက်စီးနင်းပြီး တရားမဝင်နေထိုင်သူ ၈၃ ဦးကို ဖမ်းဆီးသွားကြောင်း ဘန်ကောက်ပို့စ် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

၂၀၂၂ ကမ္ဘာ့ အပျော်ရွှင်ဆုံးနိုင်ငံများ စာရင်းတွင် မြန်မာနိုင်ငံ အဆင့် ၁၁၇ ချိတ်

Admin 21 Mar 2023

၂၀၂၃ ခုနှစ် မတ်လ ၂၀ ရက်နေ့က ထုတ်ပြန်ခဲ့သည့် အဆိုပါ စစ်တမ်းသည် ကမ္ဘာ့နိုင်ငံ ၁၃၇ နိုင်ငံကို စာရင်းကောက်ယူထားခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်၏ ပထမဆုံး ရေငုပ်သင်္ဘောအခြေစိုက်စခန်း ယနေ့ စတင်လည်ပတ်မည်

Admin 20 Mar 2023

ဘင်္ဂလားဒေ့ရှ်ရေတပ်၏ ပထမဆုံး ရေငုပ်သင်္ဘော အခြေစိုက်စခန်းကို ကော့ဘဇားခရိုင် ပီကူအာ (Pekua) ခရိုင်ခွဲတွင် မတ်လ ၂၀ ရက်နေ့ စတင်လည်ပတ်တော့မည် ဖြစ်ကြောင်း ဒါကာထရီဗျူးန် သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မြန်မာစစ်အုပ်စုအပေါ် တရုတ်ဘက်က လိုက်လျောပေးနိုင်မည့် အတိုင်းအတာ (၂)

Admin 18 Mar 2023

မြန်မာနိုင်ငံပဋိပက္ခကို တရုတ်အလိုကျ ပုံဖော်နိုင်ရန် အင်အားကြီး EAO များနှင့်ရော စစ်တပ်နှင့်ပါ တရုတ်နိုင်ငံက ဆက်ဆံရေးအပြိုင် တည်ဆောက်နေပြီး တရုတ်နိုင်ငံ၏ အပိုင်းသုံးပိုင်းက မြန်မာစစ်တပ်အတွက် အရေးကြီးသော အသက်သွေးကြောအဖြစ် ပေါ်ထွက်လာခဲ့ပါသည်။

မြန်မာ-အိန္ဒိယ-ထိုင်း ချိတ်ဆက်ရေးစီမံကိန်းတွင် ပါဝင်ရန် ဘင်္ဂလားဒေ့ရှ်ဘက်က စိတ်ဝင်စား

Admin 15 Mar 2023

မြန်မာ၊ အိန္ဒိယနှင့် ထိုင်းနိုင်ငံတို့ ပူးတွဲဆောင်ရွက်နေသည့် လမ်းပန်းဆက်သွယ်ရေး စီမံကိန်းတွင် ပါဝင်ရန် စိတ်ဝင်စားကြောင်း ဘင်္ဂလားဒေ့ရှ်အစိုးရက မတ်လ ၁၄ ရက်နေ့တွင် ပြောကြားလိုက်သည်။

မြန်မာစစ်အုပ်စုအပေါ် တရုတ်ဘက်က လိုက်လျောပေးနိုင်မည့် အတိုင်းအတာ (၁)

Admin 15 Mar 2023

၂၀၂၂ ခုနှစ်နှောင်းပိုင်းကစပြီး  မြန်မာစစ်ကောင်စီအပေါ် ဘေဂျင်း၏အကူအညီများ သိသိသာသာ လျှော့ချလာခဲ့သည်။ မြန်မာစစ်တပ်က ရာဇဝတ်မှုများစွာကျူးလွန်ထားပြီး ၎င်းပြစ်မှုတို့ကိုတာဝန်ခံရန် နိုင်ငံတကာအသိုင်းအဝိုင်းက ဖိအားပေးနေခဲ့သော်လည်း ဘေဂျင်းက အစဉ်အမြဲ အကာအကွယ်ပေးခဲ့သည်။

ဘာလုခါလီစခန်းမီးလောင်မှု အာဆာလက်ချက် ဖြစ်နိုင်ဟု စခန်းမှဒုက္ခသည်အချို့ ယူဆ

Admin 12 Mar 2023

ပြီးခဲ့သောမတ်လ ၅ ရက်နေ့က ဘာလုခါလီ ဒုက္ခသည်အခန်း မီးအကြီးအကျယ် လောင်ကျွမ်းခဲ့မှုသည် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ အာဆာ၏လက်ချက် ဖြစ်နိုင်ကြောင်း စခန်းမှ ဒုက္ခသည်အချို့က ယူဆနေကြသည်။

‘ပြဿနာက မြန်မာပြည်ထဲမှာ ရှိနေတာဆိုတော့ အဖြေရှာရေးကလည်း သူတို့ရဲ့ တာဝန်ပဲဖြစ်နေပါတယ်’

Admin 12 Mar 2023

ရိုဟင်ဂျာအကျပ်အတည်းနှင့် ပတ်သက်၍ Dhaka Tribune သတင်းဌာနမှ အာလီအာဆစ်ရှာဝန်က ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးနှင့် ပြန်လည်နေရာချထားရေး ကော်မရှင်နာ မိုဟာမက်မီဇာနာရာမန်ကို မေးမြန်းချက်များအား ဒါကာထရီဗျူးန်တွင် မတ်လ ၁၀ ရက်နေ့က ဖော်ပြထားသည်ကို ဘာသာပြန်ထားခြင်း ဖြစ်ပါသည်။

Showing 141-160 of 385 items.