အရှေ့တောင်အာရှ ဒီမိုကရေစီ ခေါင်းဆောင်ကြီးများ ကျဆုံးခန်း

ရာဗီချန်ဒရာကူးမား 21 Oct 2021

ဒီမိုကရေစီအရေး ထောက်ခံသည့် ပါတီများသည် သူတို့၏ အထင်ကရခေါင်းဆောင်များ မရှိဘဲ ရပ်တည်နိုင်ကြသလား ဆိုသည်မှာလည်း မေးခွန်းထုတ်စရာ ဖြစ်သည်။ မြန်မာနိုင်ငံတွင် ဆိုလျှင် ဗမာမဲဆန္ဒရှင် သန်းပေါင်းများစွာသည် ဒေါ်စုအတွက် မဲပေးခြင်းလား၊ သူမ၏ပါတီအတွက် မဲပေးခြင်းလား ဆိုသည်ကို ကွဲကွဲပြားပြား မရှိကြတော့သည့် အဆင့်အထိ ဒေါ်စု၏ အရှိန်အဝါလွှမ်းမိုးမှုမှာ ပါတီနှင့် တစ်သားတည်းကျခဲ့သည်။

မြန်မာစစ်တပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင် နှစ်ဘက်လုံးကို ကိုဗစ်အထောက်အပံ့တွေ ပေးနေတဲ့ ပေါက်ဖော်ရဲ့ဗျူဟာ

ရာဗီချန်ဒရာကူးမား 23 Sep 2021

မြန်မာ့ပြည် မြေပြန့်ဘက်တွေမှာ ဇူလိုင်လကစပြီး ကိုဗစ်တတိယလှိုင်း ရိုက်ခတ်လာချိန်မှာ ကေအိုင်အေဟာ ပြည်သူတစ်သောင်းခန့်ကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးထားပါတယ်။ ကေအိုင်အေထိန်းချုပ်ရာ လိုင်ဇာက ပြည်သူတွေကို တရုတ်ကာကွယ်ဆေး ထိုးနှံပေးတာဖြစ်တယ်လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

တိုက်ပွဲဝင်ကြရန် NUG ၏ တောင်းဆိုချက်အပေါ် စိုးရိမ်ကြောင်း ပြည်ပအသိုင်းအဝိုင်းက ပြောကြားမှုများရှိနေ

09 Sep 2021

မြန်မာစစ်တပ်အား တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လက်နက်ကိုင်ပြီး တိုက်ပွဲဝင်ကြရန် NUG အစိုးရ၏ တိုက်တွန်းချက်အပေါ် နိုင်ငံတကာအသိုင်းအဝိုင်းက စိုးရိမ်ပူပန်လျက်ရှိကြောင်း အေပီသတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ လူထုတိုက်ပွဲ အလားအလာ (၁)

စောသန္တာအေး 04 Sep 2021

PDF များဘက်ကလည်း ထိပ်တိုက်ရင်ဆိုင်ခြင်း မဟုတ်လျှင်တောင် ပြန်တိုက်နိုင်အောင် ကြိုးစားခြင်းများ ရှိပြီး  မကြာခဏဆိုသလို ကိုယ့်သဘောနှင့်ကိုယ် အကြမ်းပတမ်း ရက်စက်မှုများ ရှိသည်။

လူသားချင်းစာနာမှု အကူအညီတွေ ပေးရာမှာ လူထုနဲ့တစ်သားတည်း ရပ်တည်တဲ့ နည်းလမ်းနဲ့ ချဉ်းကပ်ဖို့လို

ရာဗီချန်ဒရာကူးမား 11 Aug 2021

မြန်မာပြည်သူတွေဟာ လူသားချင်းစာနာမှုဆိုင်ရာ ကပ်ဘေးကြီးနဲ့ ရင်ဆိုင်နေရပါတယ်။ ပြည်သူ အမြောက်အများဟာ အကြမ်းဖက်မှုနဲ့ နေရပ်စွန့်ခွာ ထွက်ပြေးရမှုတွေ၊ စီးပွားရေးနဲ့ အစာရေစာ  မလုံလောက်တဲ့ ပြဿနာ၊ သေလောက်တဲ့အထိ ဒုက္ခပေးနိုင်တဲ့ ကိုဗစ်-၁၉ ကပ်ဘေးကြီးကို ယိုင်လဲနေတဲ့ ကျန်းမာရေးစနစ်နဲ့ ရင်ဆိုင်ရတာတွေ ရှိနေပါတယ်။

ကမ္ဘာတစ်ဝန်း ကိုဗစ်ကူးစက်မှု သန်း ၂၀၀ ပြည့်၊ မြန်မာမှာ သေဆုံးသူ တစ်သောင်းကျော်

Foreign Desk 07 Aug 2021

ကမ္ဘာတစ်ဝန်း ကိုဗစ်ကူးစက်မှု စုစုပေါင်းသည် သြဂုတ်လ ၅ ရက်နေ့တွင် သန်း ၂၀၀ ပြည့်သွားပြီဖြစ်ကြောင်း အေအက်ဖ်ပီ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။

လှိုင်းတံပိုးထန်သည့် မြန်မာ့နိုင်ငံရေးနှင့် နိုင်ငံတကာ အသိအမှတ်ပြုမှု လိုအင်

စောသန္တာအေး 06 Aug 2021

ယူကေသည် လက်ရှိအချိန်၌ မြန်မာစစ်တပ်၏ အာဏာသိမ်းမှုကို ဆန့်ကျင်ကန့်ကွက်ထားသည်။ ယူကေအစိုးရက သံရုံးယာယီတာဝန်ခံအား ပုံစံတစ်မျိုးမျိုးဖြင့် အသိအမှတ်ပြုခဲ့ပါက ယူကေ၏ လက်ရှိရပ်တည်ချက်နှင့် ကိုက်ညီဦးမည်လား။ ယူကေလူထုက ဤလုပ်ရပ်ကို လက်ခံမည်လား။ ယခုလို သံတမန်ရေးရာ ခွထိုင်ခြင်းက မြန်မာအပေါ် အခြားနိုင်ငံများ၏ သံတမန် ဆက်ဆံရေးကို မည်ကဲ့သို့ သက်ရောက်မည်နည်း။

အာဏာသိမ်းမှုအလွန် မြန်မာ့နိုင်ငံရေး ကစားပွဲသစ်

စောသန္တာအေး 27 Jul 2021

ဂျာကာတာပို့စ် သတင်းဌာန အယ်ဒီတာ Kornelius Purba က ဇွန်လ ၉ ရက်နေ့တွင် “အာဆီယံသည် မြန်မာလူထု ရင်ဆိုင်နေရသည့် ဘေးဒုက္ခကြီးကို ဖြေရှင်းနိုင်ခြင်း မရှိရုံမက အဖွဲ့ကိုယ်တိုင်က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ကျော့ကွင်းတွင် သက်ဆင်းမိနေသဖြင့် နိုင်ငံတကာ မျက်နှာစာတွင် ရယ်စရာအုပ်စု ဖြစ်နေသည်” ဟု ရေးသားဖော်ပြခဲ့သည်။

မြန်မာအတွက် အန္တရာယ်များသည့် ကမ်းလက်တစ်စုံ

စောသန္တာအေး 19 Jul 2021

ရှည်မျောမျောဝတ်ရုံကြီး ဝတ်ဆင်ထားသည့် အရပ်တိုတို သက်ကြီးပိုင်း အာရှသားတစ်ဦး အနီးတွင် အရပ်ရှည်ရှည် တောင့်တောင့်ကြီး ရပ်နေသော ရုရှားအရာရှိတစ်ဦး၏ ဓာတ်ပုံများသည် မြန်မာဆိုရှယ်မီဒီယာ၌ ဇွန်လနှောင်းပိုင်းတွင် အထူးပျံ့နှံ့ခဲ့သည်။

အမေရိကန်က ထုတ်ပြန်သည့် လူမျိုးတုံးသတ်ဖြတ်မှု အစီရင်ခံစာ၌ မြန်မာကို ထည့်သွင်းဖော်ပြ

Foreign Desk 13 Jul 2021

ဘိုင်ဒန်အစိုးရက တနင်္လာနေ့တွင် ဆက်လက်အတည်ပြု ပြဌာန်းလိုက်သည့် လူမျိုးတုံးသတ်ဖြတ်မှု အစီရင်ခံစာ၌ မြန်မာ၊ အီသီယိုပီးယား၊ တောင်ဆူဒန်နှင့် အီရီထရီးယားနိုင်ငံတို့သည် လူမျိုးတုံးသတ်ဖြတ်မှု ပဋိပက္ခများတွင် ပါဝင်ပတ်သက်နေသဖြင့် ထိုနိုင်ငံများအပေါ် အမေရိကန်က ဒဏ်ခတ်အရေးယူမှုများ ထပ်တိုး ချမှတ်နိုင်ခြေ ရှိနေသည်ဟု သတိပေးဖော်ပြထားသည်။

ပေါက်ကွဲလုလု တရုတ်-အိန္ဒိယ ချိန်ကိုက်မိုင်း၏ ကောက်ကြောင်း

မေမိုး 10 Jul 2021

အိန္ဒိယသမုဒ္ဒရာတွင် တရုတ်၏ အကွက်ရွှေ့မှုများသည် အလုံးစုံမျှော်လင့်ထားသကဲ့သို့ မဖြစ်ခဲ့ပေ။ ၂၀၀၁ ခုနှစ် အစောပိုင်းတွင် အိန္ဒိယသည် ယင်း၏ ပထမဆုံးနှင့် တစ်ခုတည်းသော ကြည်း၊ ရေ၊ လေတပ်များပူးတွဲ တာဝန်ထမ်းဆောင်သည့် Andaman and Nicobar Command စစ်ဌာနချုပ်ကို တည်ထောင်ခဲ့ပြီး အိန္ဒိယ ကုန်းမြေအရှေ့ပိုင်းပင်လယ်ပြင်ရှိ မဟာဗျူဟာ အကျိုးစီးပွားများ ကို ကာကွယ်ရန်နှင့် အထူးအားဖြင့် တရုတ်၏ ရေကြောင်းလှုပ်ရှားမှုများကို စောင့်ကြည့်ရန် ရည်ရွယ်ခဲ့သည်။

မြန်မာ့ကျောက်စိမ်းလုပ်ငန်း စစ်တပ်အုပ်စု၏ ‘တရားမဝင်ငွေအရင်းအမြစ်’ ဖြစ်လာ

မေမိုး 06 Jul 2021

စစ်တပ်သည် လုပ်ငန်းလိုင်စင်ထုတ်ပေးမှုကို ထိန်းချုပ်ထားရာ ကျောက်စိမ်းထုတ်လုပ်ရေး လုပ်ငန်းသည် “စစ်အာဏာရှင်များ၏ အသက်ဆက်မည့် ရန်ပုံငွေနှင့် နီးစပ်ရာလုပ်ကိုင်ခွင့်ပေးခြင်း” တို့ဖြစ်လာမည်ကို စိုးရိမ်နေရပြီး ၎င်းတို့လက်တွင် အာဏာဆက်လက် ထိန်းချုပ်ထားရန် ကြိုးစားနေကြောင်း Global Witness ၏ အင်္ဂါနေ့က ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတစ်ခုတွင် ဖော်ပြထားသည်။

မြန်မာကို ပိတ်ဆို့အရေးယူလိုစိတ် မရှိသော ဂျပန်ကြောင့် သမ္မတဘိုင်ဒန်၏ ဗျူဟာ အားပျော့နေ

မေမိုး 30 Jun 2021

ဂျပန်နှင့် အရှေ့တောင်အာရှနိုင်ငံဖြစ်သည့် မြန်မာသည် ဒုတိယကမ္ဘာစစ်ကပင် ရှည်လျားသည့် ဆက်ဆံရေးသမိုင်းကြောင်း ရှိခဲ့ပြီး ထိန်းသိမ်းခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ ဖခင်ဖြစ်သူ ခေတ်သစ် မြန်မာပြည်လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သည့် တော်လှန်ရေး လှုပ်ရှားမှုများကို ထိုအချိန်က ဂျပန်အစိုးရအုပ်ချုပ်ရေးပိုင်းက ကူညီခဲ့ပြီး လွတ်လပ်ရေးတိုက်ပွဲဝင်ရန် တပ်မတော်ကို ဖွဲ့စည်းပေးရာတွင်လည်း ကူညီပေးခဲ့သည့် အစဉ်အလာရှိခဲ့သည်။

မြန်မာအပေါ် ဒဏ်ခတ်အရေးယူမှုများ လက်တွေ့ထိရောက်နိုင်သလား

Foreign Desk 30 Jun 2021

အရပ်သားထောင်ချီ သတ်ဖြတ်ခံခဲ့ရပြီးနောက်တွင် ရီဂင်အစိုးရသည် အထောက်အပံ့များနှင့် လက်နက်ရောင်းချမှုများ အားလုံးကို ဆိုင်းငံ့ခဲ့သည်။ အာဏာသိမ်းပြီးနောက် နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ (နဝတ) ဖွဲ့စည်းခြင်း၊ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ၁၉၈၉ ခုနှစ်တွင် နေအိမ်အကျယ်ချုပ် ချမှတ်ခြင်း၊ ၁၉၉၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီကို အာဏာလွှဲပေးရန် ငြင်းဆန်ခြင်း အစရှိသော နောက်ဆက်တွဲ ဖြစ်ရပ်များနှင့်အတူ ထပ်တိုး ဒဏ်ခတ်ပိတ်ဆို့မှုများ ချမှတ်သည်။

ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်က ညွှန်ပြနေသည့် ပိုမိုကျယ်ပြန့်သော အရှိတရား

စောသန္တာအေး 25 Jun 2021

လုံခြုံရေးကောင်စီ အစည်းအဝေး ထုတ်ပြန်ချက်များကဲ့သို့ အတိအကျ လိုက်နာရန် မလိုအပ်သည့် ကုလညီလာခံ၏ ဤသမိုင်းဝင် ကြေညာချက်၌ မြန်မာစစ်တပ်အား အရေးပေါ်အခြေအနေ ကြေညာချက် ရုတ်သိမ်းရန်၊ လူ့အခွင့်အရေးကို လေးစားလိုက်နာရန်နှင့် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသား အားလုံးကို ပြန်လွှတ်ပေးရန် တောင်းဆိုထားသည်။

မြန်မာ့ PDF ရှေ့ခရီး

Foreign Desk 17 Jun 2021

ပြီးခဲ့သည့် သီတင်းပတ်များအတွင်း KNU နှင့် KIO တို့ကဲ့သို့ ဝါရင့် တိုင်းရင်းသားလက်နက်ကိုင် အုပ်စုများသည် မြန်မာစစ်တပ်အပေါ် ထိုးစစ်ဆင်မှုများ အရှိန်မြှင့်ခဲ့ကြသည်။ ချင်းတောင်တန်းများပေါ်မှ တူမီးနှင့် ပြောင်းချောသေနတ်များ ကိုင်ဆောင်ထားသည့် လယ်သမားများ၏ ဒေသအလိုက် ဖွဲ့စည်းထားသည့် ကာကွယ်ရေးတပ်များ၏ ထိုးစစ်များကြောင့်လည်း မြန်မာစစ်တပ်သည် အထိနာမှုများ ရှိသည်။

အမေရိကန်ဘက်သို့ တဖြည်းဖြည်း အလေးသာလာသည့် အရှေ့တောင်အာရှနိုင်ငံများ

မေမိုး 15 Jun 2021

မလေးရှားနိုင်ငံ၏ ရပ်တည်ချက်သည် ရိုးရှင်းကြောင်း၊ အခြားနိုင်ငံများနှင့် ရင်းနှီးသည့် သံတမန်ဆက်ဆံ ရေး ထူထောင်ထားရှိခြင်းဖြစ်ပြီး ထိုသို့ဆက်ဆံခြင်းသည် မိမိတို့နိုင်ငံ၏ အမျိုးသားလုံခြုံရေးကို အလျှော့အတင်း လုပ်ခွင့်ပြုခြင်း မဟုတ်ကြောင်း ဝန်ကြီး၏ ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။ မနှစ်က အစိုးရအပြောင်းအလဲ ရှိသည့်တိုင်အောင် တောင်တရုတ်ပင်လယ်အရေးတွင် မလေးရှား၏ ရပ်တည်ချက်သည် ပျော့ပျောင်းမည်မဟုတ်ကြောင်းလည်း ဖော်ညွှန်းပြောဆိုခဲ့သည်။

အာဆီယံ၏ အဟောသိကံ မြန်မာခရီးစဉ်

Foreign Desk 12 Jun 2021

အာဆီယံအဖွဲ့က ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား မြန်မာစစ်တပ်၏ ကာကွယ်ရေးဦးစီးချုပ်အဖြစ်သာ အသိအမှတ် ပြုထားချိန်၌ Lim Jock Hoi ၏ ယခုလုပ်ရပ်သည် မြန်မာစစ်အုပ်စုကို တရားဝင် အသိအမှတ် ပြုလိုက်ခြင်းဖြစ်သည်။ အာဆီယံသည် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် အာဏာသိမ်းထားသော်လည်း ဒေါ်အောင်ဆန်းစုကြည်၏ အစိုးရအဖွဲ့ကိုသာ တရားဝင်အသိအမှတ် ပြုထားဆဲဖြစ်သည်။

မြန်မာ့နိုင်ငံရေး ပဋိပက္ခထဲက ပြည်တွင်းစစ်အလားအလာ

Foreign Desk 11 Jun 2021

အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) သည် ပြည်သူ့ကာကွယ်ရေးတပ် (PDF) ကို ဖွဲ့စည်းလိုက်ကြောင်း မေလ ၅ ရက်နေ့တွင် ကြေညာခဲ့သည်။ ပြည်သူများအား လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ရန်မှ အကာအကွယ်ပေးရန်၊ ပြည်တွင်းစစ်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ရှေ့ပြေးအဖြစ် PDF ကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း NUG ၏ ကြေညာချက်တွင် ထည့်သွင်းဖော်ပြထားသည်။

ဒေါ်အောင်ဆန်းစုကြည်အတွက် နားဝင်မချိုသည့်အမှန်တရားနှင့် မြန်မာ့အာဏာသိမ်းမှု၏ မူလရင်းမြစ်

စောသန္တာအေး 07 Jun 2021

မြန်မာနိုင်ငံသားများသည် ဆက်လက်ဆန္ဒပြနေကြဆဲ ဖြစ်သော်လည်း ဆန္ဒပြပွဲများ၏ အရှိန်အပြင်းဆုံး ကာလကိုတော့ ကျော်လွန်ခဲ့ပြီဖြစ်သည်။ စစ်တပ်ကလည်း ဤအချက်ကို ကိုင်ကာ သူတို့၏ မဟာဗျူဟာ ထွက်ပေါက်တစ်ခုဖြစ်သည့် ၂ နှစ်အတွင်း ရွေးကောက်ပွဲအသစ် ကျင်းပရေးနှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ဦးဆောင်သည့် အစိုးရတစ်ရပ် ဖွဲ့စည်းရေးကို စတင်ဆောင်ရွက်နေဟန် ရှိသည်။

Showing 221-240 of 332 items.