ရခိုင်ပဋိပက္ခ အရှိန်မြင့်လာသည်နှင့်အမျှ ရွာမီးရှို့ခံရမှု၊ အရပ်သား သေကြေဒဏ်ရာရမှု ပိုများလာ (AI အစီရင်ခံစာ)

စောသန္တာအေး 16 Oct 2020

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာအဖွဲ့ (AI) သည် ရခိုင်ဒေသတွင် မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော် (အေအေ) တို့၏ ပဋိပက္ခအကြား၌ အရပ်သားများ လက်လွတ်စပယ် တိုက်ခိုက်ခံနေရသည့် အထောက်အထားသစ်များ ရရှိထားသည်။

တရုတ်ကို တုံ့ပြန်နိုင်ရေး အိန္ဒိယက မြန်မာ့ရေနံထုတ်လုပ်ရေးတွင် ဒေါ်လာ ၆ ဘီလျံ ကူညီရန် ကမ်းလှမ်း

Foreign Desk 09 Oct 2020

မြန်မာနိုင်ငံ စွမ်းအင်ကဏ္ဍအတွက် တရုတ်၏ ပူးပေါင်းဆောင်ရွက်မှု အရှိန်မြင့်လာသည်နှင့်အမျှ အိန္ဒိယသည်လည်း အဆိုပါကဏ္ဍတွင် တစ်နေရာစာ အရယူရန် ကြိုးပမ်းလျက်ရှိသည်။ အိန္ဒိယ နိုင်ငံခြားရေးအတွင်းဝန် Harsh Shringla နှင့် အိန္ဒိယတပ်မတော် ကြည်းတပ်ဦးစီးချုပ် ဗိုလ်မှူးကြီး MM Naravane တို့၏ မြန်မာနိုင်ငံသို့ အလည်အပတ်ခရီးစဉ်၌ မြန်မာ့ ရေနံထုတ်လုပ်ရေးအတွက် ဒေါ်လာ ၆ ဘီလျံ ရင်းနှီးမြှုပ်နှံမည့် အလားအလာများကို ဆွေးနွေးခဲ့ကြသည်။

ကိုဗစ်ထက်ဆိုးတဲ့ရန်သူနဲ့ ရင်ဆိုင်နေရတဲ့ ရခိုင်ပြည်နယ်

အောင်မိုး 21 Sep 2020

မြန်မာနိုင်ငံဟာ လက်ရှိအချိန်မှာ ကိုဗစ်ဒဏ်ကို အဆိုးဆုံးရင်ဆိုင်နေရပါတယ်။ ရခိုင်ပြည်က ဒေသခံပြည်သူ ၃ သန်းခန့်ဟာ ကိုဗစ်ကပ်ဘေးကို ရင်ဆိုင်နေရရုံသာမက မြန်မာစစ်တပ်နဲ့ ရက္ခိုင့်တပ်တော် (အေအေ) တို့အကြား ပိုပိုပြင်းထန်လာနေတဲ့ လက်နက်ကိုင်ပဋိပက္ခဒဏ်ကိုလည်း ခါးစည်းခံနေကြရပါတယ်။

မွတ်ဆလင်လူသတ်ပွဲအကြောင်း မြန်မာစစ်သားနှစ်ဦးရဲ့ ဖွင့်ဟဝန်ခံချက်

12 Sep 2020

စစ်သားနှစ်ယောက်ဟာ သူတို့ရဲ့ ရာဇဝတ်မှုတွေကို လေသံအတက်အကျမရှိ ဝန်ခံနေကြပါတယ်။ လူသတ်မှု၊ အစုလိုက်အပြုံလိုက် မြေမြှုပ်မှု၊ ကျေးရွာတွေကို ဖျက်ဆီးမှု၊ မုဒိမ်းမှုတွေအတွက်ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အား ရွေးကောက်ပွဲအနိုင်ရစေလိုသည့် တရုတ်၏သဘောထား နောက်ကွယ်

စောသန္တာအေး 08 Sep 2020

မြန်မာနိုင်ငံတွင် ရွေးကောက်ပွဲလာလ နီးကပ်လာသည်နှင့်အမျှ မဲဆွယ်စည်းရုံးမှုများ၌ စီးပွားရေး၊ ကိုဗစ်-၁၉ အရေး၊ စစ်ရေးနှင့်ငြိမ်းချမ်းရေး ကိစ္စရပ်များသည် အပြောများသည့် အကြောင်းအရာများ ဖြစ်လာတော့မည်ဖြစ်သည်။

အမုန်းစကား စိစစ်ထိန်းချုပ်ရေး ပိုမိုကောင်းမွန်အောင် ဖေ့စ်ဘုတ်ကုမ္ပဏီ ဆောင်ရွက်နေဟုဆို

Foreign Desk 01 Sep 2020

နိုဝင်ဘာတွင် ကျင်းပတော့မည့် မြန်မာနိုင်ငံ၏ အထွေထွေရွေးကောက်ပွဲ မတိုင်မီကာလအတွင်း အမုန်းစကားများ၊ အကြမ်းဖက်မှုများ ပေါ်ပေါက်အောင် လှုံ့ဆော်မှုများပါဝင်သည့် အကြောင်းအရာများကို ဖယ်ရှားရန်နှင့် သတင်းအချက်အလက် အမှားများ ဖြန့်ဝေမှုကို ကာကွယ်နိုင်အောင် ကြိုတင်ပြင်ဆင်နေကြောင်း ဖေ့စ်ဘုတ်ကုမ္ပဏီက အင်္ဂါနေ့တွင် ပြောကြားလိုက်သည်။

မြန်မာ့ရွေးကောက်ပွဲနှင့် အရပ်ဘက်-စစ်ဘက် ဆက်ဆံရေး ချိန်ခွင်လျှာ

စောသန္တာအေး 31 Aug 2020

မကြာသေးမီကဆိုလျှင် တပ်မတော်အကြီးအကဲက NLD အစိုးရလက်ထက်တွင် တိုင်းရင်းသားအုပ်စုများနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုသည် အောင်မြင်မှုမရှိကြောင်း ထုတ်ဖော်ပြောဆိုခဲ့သည်။ ၂၀၁၉ ခုနှစ်အတွင်း တပ်မတော်က တိုင်းရင်းသား လက်နက်ကိုင်များနှင့် အပစ်အခတ်ရပ်စဲရေး ထုတ်ပြန်ခဲ့သည့် ၉ လတာကာလကို အရပ်သားအစိုးရက အသုံးချနိုင်ခြင်း မရှိသည့် အပေါ်တွင်လည်း မနှစ်မြို့သည့် သဘောထား ထုတ်ဖော်ပြသခဲ့သည်။

မြန်မာ့နိုင်ငံရေး အတက်အကျနှင့် တရုတ်စီမံကိန်းများ၏ အလားအလာ

စောသန္တာအေး 19 Aug 2020

အနောက်နိုင်ငံများနှင့် ပုံမှန်ဆက်ဆံရေး တိုက်တက်လာသည်နှင့်အမျှ မြန်မာခေါင်းဆောင်များ၏ အမျိုးသားလုံခြုံရေးအတွက် စိုးရိမ်ပူပန်မှုများ လျော့ကျလာခဲ့သလို မြန်မာအပေါ် ရှိနေသည့် တရုတ်၏ သြဇာသည်လည်း တဖြည်းဖြည်း မှေးမှိန်လာခဲ့သည်။ တရုတ်ကရင်းနှီးမြှုပ်နှံထားသည့် စီမံကိန်းများအား ဖျက်သိမ်းခြင်း၊ ယခင် စစ်အစိုးရကို ကျောထောက်နောက်ခံ ပေးခဲ့သည့် တရုတ်အား ငြိုငြင်စေခြင်းတို့အတွက် ပေးဆပ်ရမည့် နိုင်ငံရေးအလျော်အစားသည်လည်း ယခင်ကလောက် မကြီးမားတော့ပေ။

အရှေ့အလယ်ပိုင်းနိုင်ငံများ အထူး သတိထားရမည့် တရုတ်ကြွေးမြီ

မေမိုး 13 Aug 2020

ယူဂန်ဒါနိုင်ငံ၏အဓိကလေဆိပ်နှင့် ကင်ညာနိုင်ငံ၏ အကျိုးအမြတ်များသော မွန်ဘာဆာဆိပ်ကမ်းတို့နှင့် စပ်လျဉ်း၍လည်း တရုတ်သည် အလားတူဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ခဲ့သည်။ တရုတ်သည် ကင်ညာမီးရထားလမ်းများတွင် ၎င်း၏ ရင်းနှီး မြှုပ်နှံမှုပြန်လည်ရရှိရန် သေချာစေရေး နည်းလမ်းအဖြစ်  မွန်ဘာဆာဆိပ်ကမ်းကို အလဲအထပ်တစ်ခုသဖွယ် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

ရှမ်းပြည်နယ်တွင် ရုပ်လုံးမပေါ်နိုင်ဖြစ်နေသော အပစ်အခတ်ရပ်စဲရေး

စောသန္တာအေး 11 Aug 2020

RCSS-SSA သည်လည်း တအောင်းအမျိုးသမီးငယ်တစ်ဦးအား အဓမ္မကျူးလွန်ကြောင်း စွပ်စွဲခံထားရပြီး အဆိုပါအမှုကို ဖော်ထုတ်ရန်အတွက် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ခြင်း မရှိပေ။ ပဋိပက္ခများကြောင့် ကျောက်မဲတွင် နေရပ်စွန့်ခွာ ထွက်ပြေးရသူ ၅၀၀ ခန့်ရှိပြီး အရေးပေါ် အကူအညီများ လိုအပ်လျက်ရှိသည်။ ကိုရိုနာကပ်ရောဂါ ရှိနေသဖြင့် ၎င်းတို့သည် လွတ်လပ်စွာ သွားလာရန်လည်း အခက်အခဲ ကြုံနေရသည်။

ရက္ခိုင့်တပ်တော်အပေါ် တရုတ်၏မျက်နှာသာပေးမှုသည် အဘယ်ကြောင့် အိန္ဒိယကို ထိခိုက်စေသနည်း

မေမိုး 31 Jul 2020

အချို့သော လက်နက်ကိုင်အုပ်စုများအား တရုတ်က အားပေးအားမြှောက်ပြုမှုအပေါ် မြန်မာအနေဖြင့် စိုးရိမ်ပူပန်မှုရှိကြောင်း မကြာသေးခင်က ရုရှားနိုင်ငံပိုင်မီဒီယာတွင် ဖော်ပြခဲ့သည်။ ၎င်းမှာ အိန္ဒိယနိုင်ငံအတွက်လည်း အလွန်စိုးရိမ်စရာ ဖြစ်နေသည်။

ရှားပါးတိရစ္ဆာန် မွေးမြူခွင့်ပြုမှုအပေါ် မြန်မာအစိုးရ ဝေဖန်ခံနေရ

မေမိုး 20 Jul 2020

မြန်မာနိုင်ငံတွင် တောရိုင်းတိရစ္ဆာန် ကုန်ကူးမှုလုပ်ငန်းကို ထိန်းချုပ်နိုင်သည့်စွမ်းရည် မရှိခြင်းကြောင့် တိရစ္ဆာန်မှ လူသို့ ရောဂါကူးစက်ပြန့်ပွားနိုင်ခြေနှင့် ထိုမှတစ်ဆင့် “နောက်ထပ် ကိုဗစ်-၁၉” ကဲ့သို့ ရောဂါများ ဖြစ်ပွားလာမည်ကို ပညာရှင်များက စိုးရိမ်နေကြသည်။

တိုင်းရင်းသားနယ်မြေများမှာ စန်းမထနိုင်တော့သည့် NLD ပါတီ

မေမိုး 13 Jul 2020

၂၀၁၅ ရွေးကောက်ပွဲတွင် တိုင်းရင်းသားပါတီများ အချင်းချင်းယှဉ်ပြိုင်ခဲ့ကြပြီး ၎င်းတို့ကြားတွင် မဲကွဲမှုများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ တိုင်းရင်းသားပါတီများမှာ ယခုတစ်ကြိမ်တွင် NLD ပါတီနှင့် ရင်ဘောင်တန်းယှဉ်ပြိုင်နိုင်ရေးအတွက် အချင်းချင်း ညှိနှိုင်းဆွေးနွေးမှုများ ရှိလာနေပြီဖြစ်သည်။ ထို့ကြောင့် NLD ပါတီအနေဖြင့် ယခုတစ်ခေါက်တွင်လည်း ယခင်ကဲ့သို့ သောင်ပြိုကမ်းပြို အနိုင်ရဦးမည်လော ဆိုသည်မှာ မေးခွန်းထုတ်စရာဖြစ်နေသည်။ လူအများစုကမူ NLD အနေဖြင့် အမတ်နေရာအများစုကို ထိန်းထားနိုင်ဦးမည် ဟု ယုံကြည်နေကြဆဲဖြစ်သည်။

ဝက်ဘ်ဆိုက်များအား ပိတ်ဆို့ရန် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ချက် ဥပဒေနှင့် ကိုက်ညီမှုအားနည်းခြင်းအပေါ် ICJ ထောက်ပြ

Foreign Desk 07 Jul 2020

အစိုးရညွှန်ကြားချက်၏ တရားဝင်မှုအပေါ် မြန်မာနိုင်ငံ၏ ဥပဒေအရ မေးခွန်းထုတ်နိုင်သည့် အချက်အလက် အများအပြားကိုလည်း အဆိုပါထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကိုဗစ်-၁၉ အကြောင်းမကြားဖူးသူ သိန်းချီရှိနေတဲ့နိုင်ငံ

စောသန္တာအေး 01 Jul 2020

လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ (Human Rights Watch) နဲ့ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာ အဖွဲ့ကတော့ ခုလို အင်တာနက်ပိတ်ဆို့ထားတာဟာ ပြည်သူလူထုအတွက် အန္တရာယ်ရှိတယ်လို့ ပြောပါတယ်။ ပြည်သူတွေဟာ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုတွေကို သတင်းပေး တိုင်ကြားခြင်း မပြုနိုင်ရုံသာမက အခုဆိုရင် ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါနဲ့ ပတ်သက်တဲ့ လူထုကျန်းမာရေး ပညာပေး ဆောင်ရွက်ချက်တွေနဲ့ပါ အဆက်အသွယ် ပြတ်တောက်နေတာ ဖြစ်ပါတယ်။

ရခိုင်ဒေသ၏ ဝိသေသလက္ခဏာနိုင်ငံရေးနှင့် ကိုဗစ်-၁၉

စောသန္တာအေး 19 Jun 2020

ရခိုင်လူထု၏ ထောက်ခံမှုသည် အေအေအတွက် အထူးအရေးပါသည်။ ဤအချက်ကြောင့်ပင်လျှင် တပ်မတော်ကို တိုက်ခိုက်မှုများ ဆောင်ရွက်ပြီး မလူးသာမလွန့်သာအနေအထားသို့ တွန်းပို့နိုင်ခြင်းဖြစ်သည်။ သို့မဟုတ်ပါက စစ်မြေပြင်အခြေအနေအရ၊ ရရှိနိုင်သော အထောက်အပံ့များအရ တပ်မတော်နှင့် အလွန်အမင်းကွာဟမှု ရှိနေသည့် အေအေ၏ လက်နက်ကိုင်ပုန်ကန်မှုသည်...

နှုတ်ပိတ်မခံ ရုန်းကန်နေဆဲ မြန်မာသတင်းသမားတွေ

စောသန္တာအေး 15 Jun 2020

“သူတို့က မီဒီယာကို ပိတ်ဆို့တယ်၊ သတင်းဌာနတွေကို ကန့်သတ်တားမြစ်တယ်၊ သတင်းတွေကို ပိတ်ပင်တယ်၊ သတင်းထောက်တွေကို အပြစ်ပေးတယ်။ နိုင်ငံမှာ မီဒီယာဆိုတာ ဒီမိုကရေစီရဲ့ အသက်သွေးကြောပါ။ မီဒီယာမရှိဘဲ ဒီမိုကရေစီစနစ်က ဘယ်လိုလုပ် ရှင်သန်နိုင်မှာလဲ” လို့ သူကဆိုပါတယ်။

ဖေ့စ်ဘုတ်ထံမှ မြန်မာအရာရှိများ၏ အချက်အလက်များရရှိရန် အပြည်ပြည်ဆိုင်ရာတရားရုံး ရှေ့နေများ ကြိုးပမ်း

Foreign Desk 12 Jun 2020

မြန်မာစစ်တပ်နှင့် ရဲအရာရှိများ၏ ပို့စ်များနှင့် ဆက်သွယ်မှုအချက်အလက်များအား ဖေ့စ်ဘုတ်ကထုတ်ပြန်ပေးအောင် အမိန့်ချမှတ်ရန် အမေရိကန်တရားရုံးတစ်ခုသို့ ရှေ့နေများက တောင်းဆိုလိုက်သည်။

အသက်မပါသော အပစ်အခတ်ရပ်စဲရေး ကြေညာချက်များ

မေမိုး 06 Jun 2020

တပ်မတော်၏ မကြာသေးမီက သံတမန်ရေး လှုပ်ရှားမှုများသည် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ယုံကြည်မှုတည်ဆောက်ရန် အထောက်အကူပြုနိုင်သည်။ အထူးသဖြင့် KIO အဖွဲ့နှင့် ဖြစ်သည်။ အမှန်တကယ်တွင် KIO သည် မြောက်ပိုင်းမဟာမိတ်အဖွဲ့နှင့် ပူးပေါင်း၍ တပ်မတော်နှင့် နှစ်ဖက် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရန် ကြိုးပမ်းနေသည်။

တရုတ်-အိန္ဒိယ တင်းမာမှုကြားက မြန်မာ

စောသန္တာအေး 02 Jun 2020

မြန်မာ့တပ်မတော်သည် မကြာသေးမီကာလများအတွင်း ၎င်းတို့၏ နောက်ထပ်မိတ်ဆွေဟောင်းတစ်ဦးဖြစ်သူ ရုရှားထံပိုယိမ်းလာခဲ့ပြီး Sukhoi SU-30M ဂျက်တိုက်လေယာဉ် ၆ စီးအတွက် အမေရိကန်ဒေါ်လာ ၂၀၄ သန်းတန် စာချုပ်အပါအဝင် စစ်သင်တန်းနှင့် စစ်လက်နက်ပစ္စည်းအကူအညီများ ရယူခဲ့သည်။  

Showing 281-300 of 332 items.