- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စရှိလျှင် KIO နှင့်အတူ အသင့်ရှိဟု ညီနောင်မဟာမိတ်သုံးဖွဲ့ဆို
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအရ စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စများရှိပါက ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) နှင့်အတူ မိမိတို့ အသင့်ရှိကြောင်း AA ၊ PSLF/TNLA၊ MNDAA ညီနောင် မဟာမိတ်သုံးဖွဲ့က ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့က ထုတ်ပြန်လိုက်သည်။
05 Feb 2022
DMG ၊ ဖေဖော်ဝါရီ ၅
မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအရ စစ်ရေး၊ နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ရမည့်ကိစ္စများရှိပါက ကချင် လွတ်မြောက်ရေးတပ်မတော် (KIA) နှင့်အတူ မိမိတို့ အသင့်ရှိကြောင်း AA ၊ PSLF/TNLA၊ MNDAA ညီနောင် မဟာမိတ်သုံးဖွဲ့က ယနေ့ ဖေဖော်ဝါရီလ ၅ ရက်နေ့က ထုတ်ပြန်လိုက်သည်။
၆၁ နှစ်မြောက် ကချင်တော်လှန်ရေးနေ့အခမ်းအနားသို့ ညီနောင်မဟာမိတ်သုံးဖွဲ့က ပေးပို့သည့် ဂုဏ်ပြုသဝဏ်လွှာတွင် သို့ ပူးပေါင်းဆောင်ရွက်မည့်အကြောင်းကို ထည့်သွင်းရေးသားထားခြင်းဖြစ်သည်။
မိမိတို့ မြောက်ပိုင်း မဟာမိတ် (၄) ဖွဲ့ အချင်းချင်းကြားတွင် ယခင်ကာလများကလည်း နိုင်ငံရေးပြဿနာများကို အတူတကွဖြေရှင်းခဲ့ကြသည့်နည်းတူ အခြေအနေ၏ လိုအပ်ချက်အရ စစ်ရေးကဏ္ဍများကိုပါ ဟန်ချက်ညီညီ ပူးပေါင်းလုပ်ဆောင်ခဲ့သည့် သာဓကများလည်းရှိသည်ဟု သဝဏ်လွှာတွင် ရေးသားထားသည်။
ကချင်လွတ်လပ်ရေးအဖွဲ့/ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ကို ၁၉၆၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၅ ရက်နေ့က ဖွဲ့စည်းခဲ့သည်။ ထိုဖွဲ့စည်းခဲ့သောနေ့ကို “ကချင်တော်လှန်ရေး”နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။ ထို့နေ့ရက်ကို ကချင်လူမျိုးများနည်းတူ ထပ်တူထပ်မျှတန်ဖိုးထားကြောင်းလည်း ထည့်သွင်းရေးသားထားသည်။
ထို့ပြင် KIO/KIA သည် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) နှင့် ရက္ခိုင့်တပ်တော် (AA) တို့အား KIO ဌာနချုပ်ရှိရာ လိုင်ဇာမြို့တွင် အသစ်တဖန် မွေးဖွားခွင့်ပေးသည့်အပြင် နိုင်ငံရေး၊စစ်ရေး၊ ပူးပေါင်းဆောင်ရွက်မှုများဖြင့် မိတ်ဖက်အဖွဲ့အစည်းများအဖြစ် ရပ်တည်ပေးထားသောကြောင့် တအာင်းနှင့် ရခိုင်လူမျိုးတို့အတွက် ကြီး မားသော ဂုဏ်ဒြပ်များဖြင့် ပြည့်နှက်နေပြီး ကချင်ပြည်၊ ကချင်ပြည်သူလူထုနှင့် KIO/KIA ကို များစွာကျေးဇူးတင်ရှိ ပြီး လေးနက်စွာ မှတ်တမ်းတင်ဂုဏ်ပြုသည်ဟုလည်း ရေးသားထားသည်။
အလားတူ KIO/KIA မှ ချမှတ်ထားသော မူဝါဒများ အမြန်ဆုံးအကောင်အထည်ဖော်နိုင်ပြီး ကချင့်တော်လှန်ရေး အောင်မြင်ပါစေကြောင်း၊ ကချင်တစ်မျိုးသားလုံး၏ အဖြစ်ချင်ဆုံးဆန္ဒနှင့်ထပ်တူထပ်မျှကျပါစေကြောင်း၊ စစ်ဘေး ဒဏ်သင့်ကာ စစ်ဘေးရှောင်ဘဝသို့ ရောက်နေကြသော ကချင်ပြည်သူ၊ ပြည်သားများအားလုံး မိမိနေရပ်သို့ အမြန် ဆုံး ပြန်ရောက်နိုင်ကြပါစေကြောင်း၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းနိုင်ပါစေကြောင်း စသည်ဖြင့် ဆုမွန်ကောင်း တောင်းထားသည်ကိုလည်း တွေ့ရသည်။