- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မြေပုံ အငူကမ်းခြေကို သန့်ရှင်းလှပအောင် လူငယ်တို့က ဦးဆောင်ပြုလုပ်သွားမည်
မြေပုံမြို့အငူကမ်းခြေရှိ ပျက်စီးနေသည့် နေရာများကို ပြုပြင်မွမ်းမံကာ သန်းရှင်း သာယာလှပအောင် မြေပုံလူငယ်များအသင်းမှ ဦးဆောင်၍ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသင်းတာဝန်ရှိသူထံမှ သိရသည်။
05 Feb 2022
DMG ၊ ဖေဖော်ဝါရီ ၅
မြေပုံမြို့အငူကမ်းခြေရှိ ပျက်စီးနေသည့် နေရာများကို ပြုပြင်မွမ်းမံကာ သန်းရှင်း သာယာလှပအောင် မြေပုံလူငယ်များအသင်းမှ ဦးဆောင်၍ ဖေဖော်ဝါရီလ ၁၅ ရက်နေ့တွင် စတင်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အသင်းတာဝန်ရှိသူထံမှ သိရသည်။
“အငူကမ်းခြေမှာ ပြုလုပ်ထားတဲ့ ရေသူမရုပ်ထုရှိတယ်။ အဲဒီ ရေသူမရုပ်ထုက ပျက်စီးနေတာကြာပြီ။ အဲတာကို ပြန်ပြီးတော့ မွမ်းမံဖို့ဖြစ်တယ်။ နောက်တစ်ခုက မြေပုံမြို့က အငူကမ်းခြေဟာ မြောက်ဦးခရိုင်မှာဆိုရင် တစ်ခုတည်းသော ကမ်းခြေဖြစ်တယ်။ အဲဒါကြောင့် အငူကမ်းခြေကနေ ကျွန်တော်တို့ မြေပုံမြို့ကို တစ်ဖက်တစ်လမ်းကနေပြီတော့ ဝင်ငွေရှာဖွေပေးနိုင်တဲ့ နေရာဖြစ်တဲ့အနေနဲ့ အငူကမ်းခြေကို အလှဆင်ရခြင်းဖြစ်တယ် ” ဟု မြေပုံလူငယ်များအသင်း ဥက္ကဌ ကိုသန့်ထူးအောင်က DMG သို့ပြောသည်။
ထိုသို့လုပ်ဆောင်ရာတွင် အငူကမ်းခြေသန့်ရှင်းရေးအတွက် အမှိုက်များအား စနစ်တကျပစ်ရန်၊ အမှိုက်ပစ်ရမည့် နေရာဆိုင်းဘုတ်များ ကပ်ခြင်း၊ အလှဓာတ်ပုံရိုက်ရန် နေရာများနှင့် အလှဒန်းပြုလုပ်ခြင်း၊ We Love Angu စသည့် ဆိုင်းဘုတ်များ စိုက်ထူခြင်းတို့ ပြုလုပ်သွားမည်ဟု သိရသည်။
အဆိုပါ ကမ်းခြေ သန်းရှင်းလှပအောင် လုပ်ဆောင်နိုင်ရန်အတွက် လိုအပ်သည့် ငွေကြေးများကို မြေပုံလူငယ်များ အသင်းရံပုံငွေမှ သုံးစွဲသွားမည်ဖြစ်ပြီး နောက်ထပ်လိုအပ်သည့် ငွေများကို မြို့ခံလူထုထံမှ အလှူငွေကောက်ခံ သွားမည်ဟုလည်း သိရသည်။
“ ကျနော်တို့က အသင်း ငွေရေးကြေးရေး အရလည်း အများကြီးလည်း မလုပ်နိုင်ဘူး။ ကျွန်တော်တို့ တတ်နိုင်သလောက် လုပ်ဖို့ ပြင်ဆင်ထားတာရှိတယ်။ ဒီအငူကမ်းခြေကို အလှဆင်မှာနဲ့ ပတ်သက်ပြီးတော့ ငွေးရေးကြေးရေးကတော့ ကျွန်တော်တို့ အသင်းက ရံပုံငွေကနေ တစ်ချို့သုံးပြီးတော့ နောက်တစ်ဝက်ကို မြေပုံမြို့ပေါ်က ပြည်သူလူထုဆီက အလှူခံသွားမှာဖြစ်တယ် ” ဟု ကိုသန့်ထူးအောင်က ရှင်းပြသည်။
ထိုသို့ အငူကမ်းခြေသန့်ရှင်းလှပရေးအတွက် လုပ်ဆောင်မည့်အပေါ်တွင် မြေပုံဒေသခံတို့က ဝမ်းသာကြိုဆိုကြောင်း ပြောဆိုနေကြသည်။
“ ကျွန်တော်တို့မြို့က အရင်တုန်းကဆိုရင် ကားလမ်းလည်း မကောင်းတော့ လူသွား လူလာလည်း နည်းတယ်လေ။ အခု အလှဆင်မယ်ဆိုတော့ ကျွန်တော်တို့မြို့ကို တခြားမြို့က လူတွေလည်းအကုန် လာကြမယ်။ ကျွန်တော်တို့မြို့မှာ ကမ်းခြေပဲ ရှိတာ ကမ်းခြေနဲ့ ပတ်သက်ပြီး အလှဆင်တာတွေ မရှိဘူး။ ရေသူမ အရုပ်ဆို ရင်လည်း ပြိုပျက်နေတာတွေကို ပြင်ဆင်ရမယ်။ အခုလို မြေပုံ လူငယ်အသင်းက လုပ်မယ်ဆိုတော့ ဝမ်းသာမိတာပေါ့ ”ဟု မြေပုံမြို့ခံ ကိုမျိုးလွင်က ပြောသည်။
အငူကမ်းခြေသည် မြေပုံမြို့၏ တောင်ဘက်တွင်ရှိပြီး ၄ ဖာလုံခန့် ကျယ်ဝန်းကာ သဘာဝအတိုင်း လှပသည့် ကမ်းခြေတခု ဖြစ်ပြီး ထိုကမ်းခြေအား အများပြည်သူ အားလပ်ရက်၊ ရုံးပိတ်ရက်များတွင် မြေပုံမြို့နယ်အပြင် မြောက်ဦး၊ မင်းပြား စသည့်ဒေသတို့မှ ပြည်သူများ အပန်းဖြေရန် လာရောက်ကြကြောင်းလည်း သိရသည်။