- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် ရခိုင်မှ တစ်ဖက်ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ဝါးတင်ပို့ရောင်းချခြင်းမရှိခဲ့
ရခိုင်ပြည်နယ်မှထွက်ရှိသော ဝါးများကို မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နှစ်စဉ်တင်ပို့ခဲ့သော်လည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဝါးတင်ပို့ခြင်းမရှိခဲ့ကြောင်း သိရသည်။
10 Oct 2021
DMG ၊ အောက်တိုဘာ ၁၁
ရခိုင်ပြည်နယ်မှထွက်ရှိသော ဝါးများကို မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ နှစ်စဉ်တင်ပို့ခဲ့သော်လည်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ဝါးတင်ပို့ခြင်းမရှိခဲ့ကြောင်း သိရသည်။
၂၀၂၀ ခုနှစ်တွင် COVID-19 ဒုတိယလှိုင်းကြောင့် မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းကို ယင်းနှစ်ဇူလိုင်ပထမအပတ်မှ စတင်ပိတ်ပင်ခဲ့ပြီး ၂၀၂၁ ဧပြီလ ၁၂ ရက်နေ့က ကိုဗစ်လျှော့ကျ၍ ပြန်လည်ဖွင့်လှစ်ခဲ့သည်။
၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးတွင် မောင်တောနယ်စပ်ကုန်သွယ်ရေးကိုစခန်းကို ဧပြီ၊ မေ၊ ဇွန် သုံးလခန့်သာပြန်ဖွင့်ခဲ့ရပြီး COVID-19 တတိယလှိုင်းဖြစ်ပွားလာ၍ ဇူလိုင်လ ၁၅ ရက်နေ့မှစတင်ကာ ပြန်လည်ပိတ်လိုက်ရသည်။
“ဒီနှစ်ဘဏ္ဍာရေးနှစ်မှာက သုံးလလောက်ပဲ အလုပ်လုပ်လိုက်ရတယ်။ ဝါးတွေကတော့ တစ်ဖက်နိုင်ငံကို တင်ပို့မှုတွေလုံးမရှိခဲ့ဘူး။ ဝါးတွေတင်ပို့မှုတွေမရှိခဲ့တာတော့ အဲဒီအချိန်တုန်းကဆိုရင် ဝါးတွေရှားပါးတာလည်း ဖြစ်နိုင်တယ်။ ပြီးတော့ လုပ်ငန်းရှင်တွေကလည်း ဝါးတင်ပို့မဲ့အချိန်တွေမရရှိခဲ့ကြဘူးထင်တယ်” ဟု မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးသာထွန်းစိန်က DMG ကိုပြောသည်။
လက်ရှိရခိုင်တွင် ကုန်ပစ္စည်းများဈေးတက်နေသည့်အတွက် ဝါးဈေးများမှာလည်း မြင့်တက်လျှက်ရှိနေသည်ဟု ပုဏ္ဏားမြို့နယ်မှ အခြားနေရာများသို့ ဝါးရောင်းချလျှက်ရှိနေသည့် သရက်ရွှေကျေးရွာမှ ဦးအောင်ထွန်းသိန်းပြောသည်။
“အခုက ကုန်စည်နှုန်းတွေကတက်တော့ ဝါးဈေးနှုန်းတွေလည်း တက်တာရှိတယ်။ ဝါးဖောင်တွေကို စက်တွေနဲ့သယ်ရတာဆိုတော့ ဆီဈေးတွေက ဈေးတက်တဲ့အတွက် ဝါးဈေးတွေတက်နေတာဖြစ်တယ်။ ဆယ်နှစ်တောင်ဝါးတစ်ရာကို အခုကသုံးသောင်းကျော်ရှိတယ်။ ဝါးတွေကဒီအချိန်တွေဆိုရင် ထွက်တာလည်းများတယ်။ အရင်တုန်းကဒီအချိန်ဆိုရင် ဝါးတစ်ရာကိုနှစ်သောင်းခွဲလောက်ပဲရှိတယ်”ဟု ဦးအောင်ထွန်းသိန်းကဆိုသည်။
ဝါးဈေးများတက်နေသော်လည်း မောင်တောနယ်စပ်ကုန်သွယ်ရေးစခန်းကို ပိတ်ထားသည့်အတွက် ဝါးလုပ်ငန်းရှင်များအခက်အခဲဖြစ်ကြောင်းလည်း သိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်တွင် ဝါးတန်ချိန် ၁၁၇၈ တန်(အမေရိကန်ဒေါ်လာ ၉၄၀၀၀ တန်ဖိုး)အထိ တင်ပို့နိုင်ခဲ့ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်တွင်လည်း ဝါးတန်ချိန် ၅၇၂ တန်ခန့်(အမေရိကန်ဒေါ်လာ ၄၅၀၀၀ ခန့်တန်ဖိုး)အထိ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။