- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ဘူးသီးတောင်မြို့တွင် ဒုတိယကမ္ဘာစစ်ကြွင်းကျန် ဗုံးသီးဟောင်း ၁၈ လုံးတွေ့ရှိ
ရခိုင်ပြည်၊ ဘူးသီးတောင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရုံးခြံဝင်းအတွင်း ဝန်ထမ်းများ သန့်ရှင်းရေးလုပ်နေစဉ် ယမန်နေ့(စက်တင်ဘာ ၉ ရက်) နံနက် ၈ နာရီခွဲခန့်က ဗုံးသီးဟာင်း ၁၈ လုံးကို တွေ့ရှိခဲ့ကြောင်းသိရသည်။
10 Sep 2022
DMG ၊ စက်တင်ဘာ ၁၀
ရခိုင်ပြည်၊ ဘူးသီးတောင်မြို့၊ အမှတ်(၁)ရပ်ကွက်၊ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းရုံးခြံဝင်းအတွင်း ဝန်ထမ်းများ သန့်ရှင်းရေးလုပ်နေစဉ် ယမန်နေ့(စက်တင်ဘာ ၉ ရက်) နံနက် ၈ နာရီခွဲခန့်က ဗုံးသီးဟာင်း ၁၈ လုံးကို တွေ့ရှိခဲ့ကြောင်းသိရသည်။
အဆိုပါဗုံးသီးဟောင်းများမှာ ဒုတိယကမ္ဘာစစ်အတွင်းက ကျန်ရှိခဲ့သည့် ဗုံးသီးဟောင်းများဖြစ်ပြီး အရွယ်အစားမှာ အလျား(၂)ပေ၊ လုံးပတ်(၁၁)လက်မခန့်ရှိကြောင်း ဘူးသီးတောင်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျန်အေးက DMG သို့ပြောသည်။
“ဗုံးသီးဟောင်းတွေ တွေ့တာကတော့ ဆက်သွယ်ရေးရုံးအတွင်းကတွေ့တာ။ မနက်က မြေတူးဆွနေရင်းတွေ့တာ။ ဆွေးတာကတော့ တော်တော်ကိုဆွေးမြည့်နေပြီ။ ဒုတိယကမ္ဘာစစ်တုန်းက ကျန်ခဲ့တဲ့ စစ်ကျန်လက်နက်တွေပါ”ဟု ၎င်းကဆိုသည်။
အဆိုပါ ဗုံးသီးအမျိုးအစားမှာ ဒုတိယကမ္ဘာစစ်ကာလက အင်္ဂလိပ်လူမျိုးများ အသုံးပြုခဲ့သည့် ဗုံးသီးအမျိုးအစားဖြစ်ပြီး အသေးစိတ်စစ်ဆေးနိုင်ရန် ဘူးသီးတောင်အခြေစိုက် စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း စအရ ၉၀၈ သို့ ပို့ဆောင်ထားကြောင်း ဘူးသီးတောင်မြို့နယ်ရဲတပ်ဖွဲ့၊ ရဲမှူး အောင်ကျော်ကျော်က DMG သို့ပြောသည်။
“ဒုတိယကမ္ဘာစစ်တုန်းက တင်ကားတွေပေါ်မှာတင်ပြီးတော့ ပစ်တဲ့ဗုံးစစ်ကျန်တွေပါ။ အခုလက်ရှိကတော့ အဲဒီဗုံးတွေကို ကျနော်တို့က စအရ ၉၀၈ က ကျွမ်းကျင်တဲ့သူတွေကို အပ်လိုက်တယ်။ ဗုံးသီးကတော့ ဆွေးမြည့်နေပြီးဆိုတော့ စိုးရိမ်စရာမရှိပါဘူး”ဟု ၎င်းကဆိုသည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၇ ရက်နေ့ကလည်း မောင်တောမြို့ (၃)မိုင်ရပ်ကွက်ရှိ MD PLUS ရေသန့်စက်အရှေ့ဖက်တွင် ငါးကန်လမ်းဖောက်နေစဉ် သံသေတ္တာ ၇ လုံးဖြင့်ထည့်ထားသည့် စစ်ကျန်လက်နက်ဟောင်း ၁၀၀ ကျော်ကို တွေ့ရှိခဲ့သည်။