- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
တောင်ကုတ်မြို့မှ CDM ပြုလုပ်ထားသည့် အထက်တန်းပြဆရာမတစ်ဦး ဖမ်းဆီးခံရ
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်မှ CDM ပြုလုပ်ထားသည့် အထက်တန်းပြဆရာမတစ်ဦးကို ယနေ့(နိုဝင်ဘာလ ၂၀ ရက်နေ့)နံနက်ပိုင်းတွင် နေအိမ်မှနေ၍ စရဖနှင့် ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
20 Nov 2021
DMG ၊ နိုဝင်ဘာ ၂၀
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့၊ ကံပိုင်ရပ်ကွက်မှ CDM ပြုလုပ်ထားသည့် အထက်တန်းပြဆရာမတစ်ဦးကို ယနေ့(နိုဝင်ဘာလ ၂၀ ရက်နေ့)နံနက်ပိုင်းတွင် နေအိမ်မှနေ၍ စရဖနှင့် ရဲတပ်ဖွဲ့က ဖမ်းဆီးသွားခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများ၏ ပြောကြားချက်အရ သိရသည်။
“သူ့ကိုခေါ်သွားတာ စရဖနဲ့ရဲတွေလည်းပါတယ်။ ဒါပေမဲ့ ဘယ်ကိုခေါ်သွားတယ်ဆိုတာကို အတိအကျမသိရသေးဘူး”ဟု မျက်မြင်တွေ့ရှိသည့် အမျိုးသမီးတစ်ဦးကပြောသည်။
ဖမ်းဆီးခေါ်ဆောင်ခံရသူမှာ တောင်ကုတ်မြို့၊ အ.ထ.က(၂)ကျောင်းတွင် အထက်တန်းပြဆရာမအဖြစ် တာဝန်ထမ်းဆောင်ခဲ့သည့် ဒေါ်ချယ်ရီသက်ရှည် (၄၀)နှစ်ဖြစ်သည်။
တောင်ကုတ်ဒေသခံ ဦးစိုးသီဟက “သူက စစ်အာဏာသိမ်းပြီးကတည်းက CDM လုပ်နေတာ။ ဆန္ဒထုတ်ဖော်တဲ့နေရာတွေမှာလည်း ဦးဆောင်ပါဝင်ပြီးတော့လုပ်တာတွေရှိတယ်”ဟု ပြောသည်။
ယင်းသို့ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး တောင်ကုတ်ရဲစခန်းမှ တပ်ကြပ်ကြီး ဦးမြထွေးက “ကျနော်တို့ရဲစခန်းအတိုင်းအတာနဲ့ကတော့ ဘာမှမသိရသေးဘူး။ ဒီကိုတော့လာပြီးတော့ အမှုဖွင့်တာတော့ မရှိသေးပါဘူး။ ဒီမှာတော့မရောက်သေးပါဘူး”ဟု ပြောသည်။
ဒေါ်ချယ်ရီသက်ရှည်မှာ CDM ပြုလုပ်၍ ရခိုင်ပြည်နယ်အတွင်းမှ ပထမဆုံးဖမ်းဆီးခံရသည့် ဆရာမဖြစ်သည်။ ယင်းသို့ ဆရာမတစ်ဦး ဖမ်းဆီးခံရမှုနှင့်ပတ်သက်ပြီး ပြည်နယ်ပညာရေးမှူးရုံးသို့ ဆက်သွယ်မေးမြန်းရန်ကြိုးပမ်းခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပေ။
မြန်မာနိုင်ငံတွင် စစ်တပ်ကအာဏာသိမ်းပြီးနောက် CDM ပြုလုပ်သည့် တက္ကသိုလ် ၁၅ ခုမှ ပါမောက္ခ၊ တွဲဖက်ပါမောက္ခများအပါအဝင် ဆရာ၊ ဆရာမ ၁၆၈၃ ဦးတို့ကို တာဝန်မှရပ်နားခဲ့ပြီး ယင်းအထဲတွင် ရခိုင်ပြည်နယ်အတွင်းမှ ၈၇ ဦးပါဝင်ကြောင်း စစ်ကောင်စီက ထုတ်ပြန်ခဲ့သည်။