- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ယခုရက်ပိုင်းအတွင်း လက်နက်ကြီးကျရောက်မှုများကြောင့် ဒီးမော့ဆိုမြို့နယ်မှ နေအိမ် ၁၀ ထက်မနည်းပျက်စီး
ကယား(ကရင်နီ)ပြည်နယ်၌ ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာများသို့ ယခုရက်ပိုင်းအတွင်း လက်နက်ကြီးကျရောက်မှုကြောင့် ဒေသခံနေအိမ်အချို့ ပျက်စီးမှုများရှိနေကြောင်း မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။
05 Apr 2022
DMG ၊ ဧပြီ ၆
ကယား(ကရင်နီ)ပြည်နယ်၌ ဒီးမော့ဆိုမြို့နယ်ရှိ ကျေးရွာများသို့ ယခုရက်ပိုင်းအတွင်း လက်နက်ကြီးကျရောက်မှုကြောင့် ဒေသခံနေအိမ်အချို့ ပျက်စီးမှုများရှိနေကြောင်း မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။
ဧပြီလ ၄ ရက်နေ့က ဒီမော့ဆိုမြို့နယ်အတွင်း မြန်မာစစ်တပ်မှ လက်နက်ကြီးအကြိမ် ၃၀ ကျော်ပစ်ခတ်ခဲ့ကြောင်း ဒေသခံများကပြောသည်။ ထို့ကြောင့် ဒီးမော့ဆိုမြို့နယ်၊ ထီးသဲကလိုးနှင့် ဒေါလျားခူကျေးရွာတို့မှ နေအိမ် ၅ လုံးမှာ လက်နက်ကြီးကျရောက်ပျက်စီးခဲ့ရသည်ဟု ကရင်နီစစ်ဘေးရှောင်ကူညီရေးအဖွဲ့ဝင်တစ်ဦးမှ ပြောသည်။
"ဒီးမော့ဆိုအနီးက ထီးသဲကလိုးနဲ့ ဒေါလျားခူကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တယ်။ နေအိမ် ၅ လုံးလောက်က ပျက်စီးကုန်တယ်။ လက်နက်ကြီးပစ်တာက အကြိမ်ကသုံးဆယ်ကျော်လောက်ကိုရှိတယ်"ဟု ၎င်းကဆိုသည်။
ဧပြီလ ၃ ရက်နေ့ကလည်း ဒီးမော့ဆိုမြို့နယ် ဒေါ့စဲ၊ ဒေါတနီး၊ တနီးလာလဲကျေးရွာများသို့ မြန်မာစစ်တပ်မှပစ်ခတ်သည့် လက်နက်ကြီးကျရောက်မှုကြောင့် နေအိမ်(၅)လုံးနှင့် ကျေးလက်ဆေးခန်း(၁)ခုပျက်စီးခဲ့ပြီး ဒေသခံ ၃ ဦးထက်မနည်း ထိခိုက်ခဲ့ကြောင်း KNDF ပူးပေါင်းအဖွဲ့ဝင်တစ်ဦးမှဆိုသည်။
"တိုက်ပွဲမဖြစ်ပဲနဲ့ စစ်ကောင်စီတပ်က ရွာထဲကို လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့တာ။ ရွာသား ၃ ယောက် အပြင်းအထန်ဒဏ်ရာရတယ်။ ဆေးခန်းနဲ့ရွာထဲက အိမ်ငါးလုံးလောက်ပျက်စီးကုန်တယ်"ဟု ၎င်းမှ ဆိုသည်။
ပြီးခဲ့သည့်မတ်လနောက်ဆုံးသီတင်းပတ်အတွင်း မြန်မာစစ်တပ်မှ အင်အားအလုံးအရင်းဖြင့် ကယား(ကရင်နီ)ဒေသသို့ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် KNDF ပူးပေါင်းအဖွဲ့နှင့် တိုက်ပွဲ (၁၄)ကြိမ်ဖြစ်ပွားခဲ့ပြီး ထိုတိုက်ပွဲများအတွင်း ဒေသခံနေအိမ်(၁၁)လုံး မီးလောင်ကျွမ်းပျက်စီးခဲ့ကြောင်းလည်း KNDF က သတင်းထုတ်ပြန်ထားသည်။
ကယား(ကရင်နီ)ဒေသတွင် မြန်မာစစ်တပ်နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF) ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲပြင်းထန်စွာဖြစ်ပွားမှုကြောင့် ဒေသခံ ၂ သိန်းနီပါးမှာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။