- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ပင်းတယမြို့ EPC ရုံးတွင် ဗုံးပေါက်ကွဲ
ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၌ ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းက EPC ရုံးဝင်းအတွင်းဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
10 Feb 2022
DMG ၊ ဖေဖော်ဝါရီ ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်းတယမြို့၌ ဖေဖော်ဝါရီ ၉ ရက် ညနေပိုင်းက EPC ရုံးဝင်းအတွင်းဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။
ယင်းပေါက်ကွဲမှုကြောင့် ရုံးအဆောက်အဦး ပျက်စီးမှုအနည်းငယ်ရှိခဲ့ပြီး ထိခိုက်ဒဏ်ရာရသူမရှိခဲ့ကြောင်း ဒေသခံများကပြောသည်။
"ကျမတို့ဆီမှာလဲ အခုလိုတွေဖြစ်လာတော့ ကြောက်မိတာအမှန်ပဲ။ ဘာကြောင့် အခုလိုတိုက်ခိုက်လဲဆိုတာမသိပေမဲ့ နောက်ထပ်မဖြစ်ဖို့မျှော်လင့်တယ်။ ဖြစ်လာခဲ့ရင် ဘယ်လိုရင်ဆိုင်မလဲ ဆိုတာလဲ ခေါင်းထဲထည့်ထားမှဖြစ်မယ်"ဟု ဒေသခံတစ်ဦးက ဆိုသည်။
ယင်း EPC ရုံးအတွင်း ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်ပြီး ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှာလည်း တစ်စုံတစ်ရာ ထုတ်ပြန်ထားခြင်းမျိုး မတွေ့ရပေ။
လတ်တလောတွင် ပင်းတယမြို့အတွင်း ဒေသခံများထံမှ မီတာခွန် အတင်းအကျပ်ကောက်ခံခြင်းများရှိနေသည်ဟု သတင်းထွက်ပေါ်လျက်ရှိသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းတွင် ဒေသခံပြည်သူများအား မီတာခဆောင်ရန် စစ်ကောင်စီကဖိအားပေးမှုများရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှလည်း မီတာခအတင်းအကျပ်ကောက်ခံမှုမလုပ်ရန် EPC ရုံးများကို သတိပေးဖောက်ခွဲခဲ့သည့် ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။