- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
အသံတိတ်သပိတ်ပြုလုပ်မှုဖြင့် မြို့နယ်အချို့တွင် ဖမ်းဆီးထိန်းသိမ်းခံရသူများရှိခဲ့ကြောင်းပြော
အာဏာသိမ်းမှုတစ်နှစ်ပြည့်မြောက်ခဲ့သည့် ယမန်နေ့(ဖေဖေါ်ဝါရီလ ၁ ရက်)နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် အသံတိတ်သပိတ်(Silent Strike)ကို နေရာဒေသအသီးသီးတွင် ပြုလုပ်ခဲ့ကြသည်။
02 Feb 2022
DMG ၊ ဖေဖော်ဝါရီ ၂
အာဏာသိမ်းမှုတစ်နှစ်ပြည့်မြောက်ခဲ့သည့် ယမန်နေ့(ဖေဖေါ်ဝါရီလ ၁ ရက်)နေ့တွင် စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုအဖြစ် အသံတိတ်သပိတ်(Silent Strike)ကို နေရာဒေသအသီးသီးတွင် ပြုလုပ်ခဲ့ကြသည်။
ယင်းသို့သပိတ်ပြုလုပ်မှုတွင်ပါဝင်သည်ဟုဆိုကာ မော်လမြိုင်နှင့် ရေဦးမြို့တို့မှ ဆိုင်ရှင်အချို့ ဖမ်းဆီးထိန်းသိမ်းခံရမှုများရှိခဲ့ကြောင်း ကာယကံရှင်များနှင့် ဒေသတွင်းသတင်းရင်းမြစ်များ၏ ပြောဆိုချက်အရ သိရသည်။
မွန်ပြည်နယ်၊ မော်လမြိုင်မြို့တွင် ဖေဖော်ဝါရီ ၁ ရက်နေ့က ဈေးဆိုင်ပိုင်ရှင်များအပါအဝင် လူငယ်တချို့ ဖမ်းဆီးထိန်းသိမ်းခံရမှုများရှိခဲ့ပြီး ယနေ့(ဖေဖော်ဝါရီလ ၂ ရက်)တွင် ခံဝန်လက်မှတ်ရေးထိုးပြီး ပြန်လည်လွတ်မြောက်လာခဲ့သည်ဟု ထိန်းသိမ်းခံခဲ့ရသည့် မော်လမြိုင်ဒေသခံတစ်ဦးမှ DMG ကိုပြောသည်။
"မနေ့က အသံတိတ်သပိတ်လုပ်တဲ့အတွက် ဆိုင်ကိုတော့ ဖွင့်ပေးထားတယ်။ ဝယ်သူလည်းမရှိဘူးပေါ့နော်။ ညနေကျတော့ ဈေးလာဝယ်သူတွေလာနေရင်းနဲ့ ရဲစခန်းကို ခနခေါ်ဆောင်ခံခဲ့ရတာ။ သတိပေးပြောဆိုတာတွေလုပ်တယ်။ ခံဝန်လက်မှတ်ထိုးခိုင်းတယ်ပေါ့နော်။ အဲဒါလည်းပြီးတော့ ဒီနေ့မနက်ပိုင်းမှာပဲ ပြန်လည်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။ ထိန်းသိမ်းခံရသူတွေရှိတယ်။ ရဲစခန်းအလိုက်မှာရှိတယ်ကြားတယ်။ တချို့ကလည်း ညပိုင်းပြန်လွှတ်ပေးတာရှိတယ်လို့သိရပါတယ်"ဟု ၎င်းမှပြောသည်။
စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်တွင်လည်း ယနေ့(ဖေဖေါ်ဝါရီလ ၂ ရက်)နံနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့မှ မော်တော်ယာဉ်များကိုစစ်ဆေးနေစဉ် ယမန်နေ့က အသံတိတ်သပိတ်တွင်ပါဝင်ခဲ့သည်ဟုဆိုကာ ဆိုင်ရှင်သုံးဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်းသိရသည်။
ထိုသို့ဖမ်းဆီးထိန်းသိမ်းခံရသူများကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရသေးကြောင်း ဖမ်းဆီးခံရသူတစ်ဦး၏ မိသားစုဝင်ကပြောသည်။
"မနက်က ခနဆိုပြီးမြို့ထဲထွက်သွားပါတယ်။ ဆိုင်ကယ်စစ်ဆေးတာတွေရှိတယ်လို့တော့ကြားသိရတယ်။ အဲဒီလိုစစ်ဆေးခံနေတုန်း အဖမ်းတာခံလိုက်ရတယ်လို့သိရပါတယ်။ ဘယ်နေရာမှာ ထိန်းသိမ်းထားလဲဆိုတာတော့ အခုထိမသိရသေးပါဘူး။ စိတ်ပူမိပါတယ်"ဟု ၎င်းကဆိုသည်။
စစ်အာဏာရှင်ဆန့်ကျင်ရေးတွင် ပါဝင်သူများကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေပုဒ်မ- ၅၂(က)၊ ရာဇသတ်ကြီးဥပဒေပုဒ်မ- ၁၂၄(က)နှင့် ၅၀၅ စသည့်ပုဒ်မများဖြင့် အရေးယူသွားမည်ဟု စစ်ကောင်စီမှ ဇန်နဝါရီ ၂၈ ရက်နေ့တွင် သတိပေးထားသည်။