- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
အဖွဲ့ဝင်များအားနည်းလာခြင်းကြောင့် ရခိုင်မှ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ကို ဖျက်သိမ်း
နိုင်ငံရေးအကျည်းသားဟောင်းများအဖွဲ့(ရခိုင်ပြည်နယ်)တွင် အဖွဲ့ဝင်များ သေဆုံးခြင်းနှင့် အကျည်းကျခံနေရသူများရှိသဖြင့် အဖွဲ့ကိုဖျက်သိမ်းလိုက်ကြောင်း ယင်းအဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။
10 Sep 2021
DMG ၊ စက်တင်ဘာ ၁၀
နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(ရခိုင်ပြည်နယ်)တွင် အဖွဲ့ဝင်များ သေဆုံးခြင်းနှင့် အကျဉ်းကျခံနေရသူများရှိသဖြင့် အဖွဲ့ကိုဖျက်သိမ်းလိုက်ကြောင်း ယင်းအဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။
ထိုအဖွဲ့တွင် ပြည်နယ်ယာယီစည်းရုံရေးကော်မတီဝင် (၁၃)ဦးရှိပြီး ၎င်းတို့ထဲမှ ၃ ဦးမှာသေဆုံးသွားပြီး ၂ ဦးမှာ အကျဉ်းကျခံနေရသဖြင့် ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်း နိုင်ငံရေးအကျဉ်သားဟောင်းများအဖွဲ့(ရခိုင်ပြည်နယ်)မှ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ထွန်းက DMG သို့ပြောသည်။
“ပထမစဖွဲ့တုန်းက အဖွဲ့ဝင် ၁၃ ဦးရှိတယ်။ အဲဒီထဲမှာ ၃ ယောက်ကသေသွားပြီ။ ၂ ယောက်က အချုပ်ကျနေတယ်။ ကော်မတီအဖွဲ့ဝင်တွေက လျော့နည်းသွားတယ်၊ ကျန်တဲ့သူတွေကလည်း အသက်တွေကြီးနေပြီဖြစ်တဲ့အတွက်ကြောင့် ဖျက်သိမ်းလိုက်တာပါ”ဟု ၎င်းကဆိုသည်။
ထိုသို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(ရခိုင်ပြည်နယ်)ကို ဖျက်ဆီးလိုက်သော်လည်း နောက်ထပ် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ အမှုဆောင်ကော်မတီအသစ်တစ်ခုကို စနစ်တကျဖွဲ့စည်းနိုင်ရန် ဆောင်ရွက်နေကြောင်းလည်း ဦးမြတ်ထွန်းက ဆက်ပြောသည်။
“အစကတည်း နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့မှာ မူဝါဒတွေလည်းမရှိဘူး၊ ဖွဲ့စည်းပုံတွေလည်းမရှိဘူး။ လုပ်ဆောင်ချက်တွေလည်းမရှိခဲ့ဘူး။ အချုပ်ကျတဲ့သူတွေကိုလည်း နိုင်ငံရေးအကျဉ်းသားဟောင်းများလို့ သတ်မှတ်လို့မရဘူး။ အဲဒါကြောင့် စနစ်ကျတဲ့ အမှုဆောင်ကော်မတီအသစ်တစ်ဖွဲ့ကိုဖွဲ့စည်းဖို့ ပြင်ဆင်နေတယ်”ဟု ၎င်းကဆိုသည်။
ယခု ဖျက်သိမ်းလိုက်သည့် နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့(ရခိုင်ပြည်နယ်)ကို ၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ပြည်နယ် ယာယီစည်းရုံးရေးကော်မတီဝင် (၁၃)ဦးဖြင့် စစ်တွေမြို့ ဂြစ်ဘက်ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ကော်မတီဖြစ်မြောက်ရေး ညှိနှိုင်းအစည်းအဝေးပြုလုပ်ကာ ဖွဲ့စည်းခဲ့ခြင်းဖြစ်သည်။