- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
အင်္ဂဘိုကျေးရွာအနီး တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံတစ်ထောင်ကျော် စစ်ဘေးတိမ်းရှောင်ရ
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ နယ် အင်္ဂဘိုကျေးရွာအနီးတွင် မြန်မာစစ်တပ်နှင့် KNLA ပူးပေါင်းအဖွဲ့ကြား ယမန်နေ့(မေလ ၃ ရက်)က တိုက်ပွဲထပ်မံဖြစ်ပွားခဲ့မှုကြောင့် ဒေသခံတစ်ထောင်ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
04 May 2022
DMG ၊ မေ ၄
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ နယ် အင်္ဂဘိုကျေးရွာအနီးတွင် မြန်မာစစ်တပ်နှင့် KNLA ပူးပေါင်းအဖွဲ့ကြား ယမန်နေ့(မေလ ၃ ရက်)က တိုက်ပွဲထပ်မံဖြစ်ပွားခဲ့မှုကြောင့် ဒေသခံတစ်ထောင်ကျော် နေရပ်စွန့်ခွာ တိမ်းရှောင်ခဲ့ရကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
အထက်အင်္ဂဘိုကျေးရွာအနီး၌ တပ်စွဲထားသည့် မြန်မာစစ်တပ်စခန်းအနီးသို့ KNLA ပူးပေါင်းအဖွဲ့မှ ဝင်ရောက်ပစ်ခတ်ရာမှ နှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း KNU တပ်မဟာ(၁)နှင့်နီးစပ်သူတစ်ဦးမှ ပြောသည်။
"အင်္ဂဘိုရွာအဝင်လမ်းမှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်စခန်းကို မနေ့မနက် ၁၀ နာရီမှာ KNLA ပူးပေါင်းအဖွဲ့က ဝင်ပြီးပစ်ခတ်ခဲ့တာပါ။ နှစ်ဖက်အပြန်အလှန်ပစ်ခတ်ရင်းနဲ့ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်"ဟု ၎င်းမှပြောသည်။
ယနေ့(မေလ ၄ ရက်) နံနက်အစောပိုင်းက အင်္ဂဘိုကျေးရွာအတွင်းသို့ မြန်မာစစ်တပ်မှလက်နက်ကြီး (၅)ကြိမ်ထက်မနည်း ပစ်ခတ်ခဲ့မှုကြောင့် အင်္ဂဘိုကျေးရွာဒေသခံများမှာ နေရပ်စွန့်ခွာတိမ်းရှောင်ခဲ့ရကြောင်း ဒေသခံများထံမှ သိရသည်။
အင်္ဂဘိုကျေးရွာဒေသခံတစ်ဦးက “ရွာအနီးမှာ စစ်တပ်က တပ်လာစွဲတာကြာပြီ။ အရင်တိုက်ပွဲတွေ ဖြစ်ပွားကတည်းက လာပြီးတပ်စွဲနေတာ။ မနေ့က KNU တွေလာပြီးပစ်ခတ်တော့ နှစ်ဖက်အပြန်အလှန် ပစ်ကြတယ်။ ဒီနေ့မနက်စောပိုင်းမှာ စစ်တပ်ဘက်က လက်နက်ကြီးနဲ့ပစ်တဲ့အသံတွေ စကြားရတယ်။ ရွာထဲကိုကျည်တွေကျတော့ တိမ်းရှောင်နေရပါတယ်”ဟု ဆိုသည်။
လက်ရှိတွင် ဒေသခံတစ်ထောင်ကျော်မှာ နီးစပ်ရာတောတောင်အတွင်း တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာနှင့် နေထိုင်ရေး အခက်အခဲများဖြစ်ပေါ်နေရကြောင်း စစ်ဘေးရှောင်ကူညီရေးအဖွဲ့မှ သိရသည်။
ကျိုက်ထိုမြို့နယ်ရှိ အင်္ဂဘို၊ ကင်းမွန်ချောင်း၊ ဆောင်နိုင်ကြီး၊ မိုးဘောကျေးရွာနှင့် ရန်ကုန်-မော်လမြိုင် ကားလမ်းမအနီးတို့တွင် မြန်မာစစ်တပ်နှင့် KNLA ပူးပေါင်းအဖွဲ့ကြား တိုက်ပွဲဖြစ်ပွားမှုများကြောင့် ဒေသခံတစ်သောင်းကျော်မှာ နေရပ်စွန့်ခွာတိမ်းရှောင်နေရသည်။