- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မောင်တော မြို့နယ် ထွေ/အုပ် စာရေးတစ်ဦး ဖမ်းဆီးခံထားရ
ရခိုင်ပြည်၊ မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဉီးစီးဌာနရုံးမှ စာရေးဝန်ထမ်းတစ်ဦးကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့က မောင်တောခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း DMG ၏ ခိုင်လုံသည့် သတင်းရင်းမြစ်များထံမှ သိရသည်။
05 Dec 2022
မောင်တောမြို့တွင်း တစ်နေရာကို တွေ့ရစဉ်
DMG | ဒီဇင်ဘာ ၅
ရခိုင်ပြည်၊ မောင်တောမြို့နယ် အထွေထွေအုပ်ချုပ်ရေး ဉီးစီးဌာနရုံးမှ စာရေးဝန်ထမ်းတစ်ဦးကို ပြီးခဲ့သည့် နိုဝင်ဘာလ ၂၆ ရက်နေ့က မောင်တောခရိုင်ရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်ကြောင်း DMG ၏ ခိုင်လုံသည့် သတင်းရင်းမြစ်များထံမှ သိရသည်။
ဖမ်းဆီးခံရသူမှာ ရပ်ကွက်အမှတ် (၃) မြို့ဦးရွာတွင် နေထိုင်သည့် အသက် ၃၄ နှစ်အရွယ် မြို့နယ်ထွေ/အုပ် စာရေးဝန်ထမ်း ကိုစောသီဟအောင် ဖြစ်သည်။
ယင်းနေ့က မောင်တောခရိုင်ရဲတပ်ဖွဲရုံးမှ တာဝန်ရှိသူများက အိမ်စီးကား ၄ စီးဖြင့် နေအိမ်သို့ ရောက်ရှိ လာပြီး မေးမြန်းစရာရှိသည်ဟုဆိုကာ ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။ ။
“ အဖမ်းခံရတာ သိရသလောက်တော့ တရားမဝင်အသင်းကို ထောက်ပံ့မှုကြောင့်လို့ ပြောသံကြားတယ်။ ဖမ်းတဲ့နေ့က ခရိုင်ရဲတပ်ဖွဲ့မှူး ပါတယ်။ ယူနီဖောင်းဝတ်တွေနဲ့ လူတွေလည်း ပါတယ်။ ရပ်ကွက်အုပ်ချုပ်ရေးမှုး တစ်ယောက်မှ မခေါ်ဘဲနဲ့ကို ဝင်ဖမ်းတာ။ သူ့ကိုမေးမြန်းစရာရှိတယ်ဆိုပြီး ခေါ်သွားတာပါ ” ဟု ခိုင်လုံသော မောင်တောမြို့ခံ သတင်းရင်းမြစ်တစ်ဉီးက DMG သို့ပြောသည်။
ဖမ်းဆီးခံရသူ၏ မိသားစုဝင်တစ်ဦးကလည်း နေအိမ်သို့ အရပ်ဝတ်ဖြင့် လူ ၁၀ ယောက်နီးပါးက စစ်ဆေး မေးမြန်းစရာရှိသည်ဟုပြောဆိုကာ ဝင်ရောက်ခေါ်ဆောင်သွားခြင်းဖြစ်ကြောင်း ပြောဆိုသည်။
“ မနက်ပိုင်း လာခေါ်သွားတာပါ။ ဘယ်သူတွေလဲတော့ မသိပါ။ အပြင် အရပ်ဝပ်နဲ့ လူတွေရောက်လာတာပါ။ အဲဒီနေ့က သူ့မိန်းမ နေမကောင်းလို့ မနက်ပိုင်း အားလုံးအိပ်နေကြတယ်။ သူ့ကို လက်ထိပ်မခတ်ဘဲ ကားပေါ်ကိုတင်ပြီး ခေါ်သွားတာပါ” ဟု မိသားစုဝင်တစ်ဉီးက DMG ကိုပြောသည်။
လက်ရှိတွင် ကိုယ်ဝန်ဆောင်ဖြစ်သူ ကိုစောသီဟအောင်၏ အမျိုးသမီးဖြစ်သူမှာ ယခုလို ခင်ပွန်းဖြစ်သူ ဖမ်းဆီးခံရမှုကြောင့် စိတ်သောကရောက်နေရကြောင်း အဆိုပါမိသားစုဝင်က ဆက်လက် ပြောဆိုသည်။
“ အိမ်တိုင်းမှာ ကိုယ့်အိမ်သား တစ်ခုခုဖြစ်ရင် အားလုံးစိုးရိမ်ကြတာပါပဲ။ အားလုံး ပူပင်သောကရောက်ရပါတယ်။ သူ့မိန်းမလည်း ကိုယ်ဝန်ဆောင်ထားရတာပါ။ အခုဆို အိပ်ရာထဲမှာ လဲနေရတယ် ” ဟု ပြောသည်။
လက်ရှိတွင် ၎င်းကို မောင်တောမြို့မ ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း DMG က စုံစမ်းသိရသဖြင့် မောင်တောမြို့မရဲစခန်း တာဝန်ရှိသူတို့ကို ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိသေးပါ။
အဆိုပါကိစ္စနှင့် ပတ်သက်ပြီး မောင်တောမြို့နယ်အုပ်ချုပ်ရေးမှုး ဦးကံထွန်းအောင်ကို DMG က ဆက်သွယ်ခဲ့သော်လည်း ထိုကိစ္စအား ဖြေဆိုရန် ငြင်းဆန်ခဲ့သည်။
ထိုနည်းတူ မောင်တောမြို့နယ်တွင် ရက္ခိုင့်တပ်တော် AA အား လစဉ်ကြေး ထောက်ပံ့ပေးခြင်းနှင့် ရိက္ခာ ဝယ်ယူစုဆောင်းခြင်းများ ပြုလုပ်သည်ဟုဆိုကာ ဒေသခံ လူ ၁၀၀ ကျော်ကို ပြီးခဲ့သည့် နိုဝင်ဘာ နောက်ဆုံး အပတ်ကစတင်ပြီး နာမည်စာရင်းများဖြင့် စစ်ကောင်စီက လိုက်လံရှာဖွေကြောင်း DMG ၏ ခိုင်လုံသည့် သတင်း ရင်းမြစ် များထံမှ သိရှိရသည်။
ယင်းကြောင့် လက်ရှိတွင် အဆိုပါ မောင်တောဒေသခံတို့မှာ ထွက်ပြေးတိမ်းရှောင်နေကြကြောင်းလည်း ကာယကံရှင်များထံမှ သိရသည်။
မောင်တောဒေသသည် မြန်မာစစ်တပ်နှင့် AA တို့ ယခင်လပိုင်းက ပြင်းထန်သော တိုက်ပွဲများ နေ့စဉ်နီးပါး ဖြစ်ပွားခဲ့သော ဒေသတစ်ခုလည်းဖြစ်သည်။
ရခိုင်ပြည်တွင် မြန်မာစစ်တပ်နှင့် AA တို့ တကျော့ပြန်စစ်ပွဲများအတွင်း မြန်မာစစ်တပ်က ရခိုင်ပြည်သူ ၃၂၄ ဉီးကို ဖမ်းဆီးခဲ့ပြီး ထိုအထဲမှ ၈၅ ဦီးကို ပြန်လွှတ်ပေးခဲ့သော်လည်း ၂၃၉ ဉီးမှာ ယနေ့အထိ ဖမ်းဆီးချုပ်နှောင်ခံနေရကြောင်း နိုဝင်ဘာ ၂၈ နေ့က သတင်းစာရှင်းလင်းပွဲတွင် ဉီးခိုင်သုခက ပြောဆိုခဲ့သည်။
သို့သော်လည်း နိုဝင်ဘာလ ၂၆ ရက်နေ့က မြန်မာစစ်နှင့် ရက္ခိုင့်တပ်တော်တို့သည် လူသားချင်းစာနာ ထောက်ထားမှု ဆိုင်ရာ ယာယီအပစ်ရပ်တန့်ခြင်း (Humanitarian Pause) ကို နီပွန်ဖောင်ဒေးရှင်း ဥက္ကဌ ဆာဆာကာဝါမှ ကြားဝင်စေ့စပ်ဆောင်ရွက်ပေးမှုကြောင့် နှစ်ဖက်တိုက်ပွဲများ ခေတ္တယာယီရပ်နားထားကြသည်။