- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မောင်တောမြောက်ပိုင်းတွင် မြန်မာစစ်တပ်နှင့် AA တို့ တိုက်ပွဲပြင်းထန်နေသဖြင့် ရာနှင့်ချီသောဒေသခံများ ထွက်ပြေးတိမ်းရှောင်နေရ
မောင်တောမြို့နယ်မြောက်ပိုင်း ခမောင်းဆိပ်ကျေးရွာအနီးတွင် ယနေ့(သြဂုတ်လ ၂၆ ရက်) နေ့လယ် ၂ နာရီအချိန်ခန့်မှစတင်ပြီး မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများကပြောသည်။
26 Aug 2022
DMG ၊ သြဂုတ် ၂၆
မောင်တောမြို့နယ်မြောက်ပိုင်း ခမောင်းဆိပ်ကျေးရွာအနီးတွင် ယနေ့(သြဂုတ်လ ၂၆ ရက်) နေ့လယ် ၂ နာရီအချိန်ခန့်မှစတင်ပြီး မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်(AA)တို့ တိုက်ပွဲပြင်းထန်နေကြောင်း ဒေသခံများကပြောသည်။
ခမောင်းဆိပ်ကျေးရွာနှင့် မီတာ(၁၀၀)ခန့်ဝေးကွာသည့် နယ်ခြားစောင့်စခန်းအနီးတွင် တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်သည်။ မောင်တောဒေသကို စစ်ကောင်စီက ရိက္ခာဖြတ်တောက်မှုပြုလုပ်နေပြီဖြစ်သဖြင့် နည်းလမ်းပေါင်းစုံဖြင့်ဖြေရှင်းရန် ကြိုးပမ်းလျက်ရှိသည်ဟု သြဂုတ်လ ၂၃ ရက်နေ့တွင် AA က ာထုတ်ပြန်ပြီးနောက်တွင် တိုက်ပွဲဖြစ်ပွားလာခြင်းဖြစ်သည်။
“တိုက်ပွဲက နေ့လယ်နှစ်နာရီလောက်ကနေ အခုထိဖြစ်နေတုန်းပါ။ ကျွန်တော်တို့ ကိုယ့်ရွာမှာရှိနေတုန်းကတော့ နာရီဝက်လောက် တိုက်ပွဲပြင်းထန်ခဲ့တယ်။ သေနတ်သံတွေကတော့ တရစပ်ကြားကြရတာပါပဲ။ လက်နက်ကြီးအသံလည်း ၃ ချက်လောက်ကြားလိုက်ရပါတယ်“ဟု ခမောင်းဆိပ်ဒေသခံတစ်ဦးက ညနေ ၄ နာရီခန့်တွင် DMG သို့ပြောသည်။
ထိုသို့တိုက်ပွဲဖြစ်ပွားမှုကြောင့် ဒေသခံများ ၃၀၀ ခန့်မှာ ရေနောက်သားကျေးရွာသို့ ထွက်ပြေးလာရာ စားရေးသောက်ရေး အခက်အခဲမျိုးစုံ ကြုံတွေ့နေရကြောင်းပြောဆိုကြသည်။ လက်ရှိတွင် ရေနောက်သားကျေးရွာတွင် ဖြစ်သလိုစားပြီးခိုလုံနေကြရကာ မနက်ဖြန် မည်သို့စားသောက်နေထိုင်ရမည်ကို တွေးပူနေကြသည်ဟု ထွက်ပြေးတိမ်းရှောင်လာသည့် ခမောင်းဆိပ်ကျေးရွာသားတစ်ဦးက DMG ကိုပြောသည်။
“ကျွန်တော်တို့မှာ မြိုနဲ့ ဒိုင်းနက်ရှိတယ်။ ကျွန်တော်တို့ကတော့ ရေနောက်သားကျေးရွာမှာ ရောက်နေကြတာပါ။ မြိုတွေကတော့ သစ်တုံးနားခွဆုံမှာ ရောက်နေကြတာပါ။ တိုက်ပွဲက ဗြုန်းခနဲဖြစ်တော့ အိမ်ကပစ္စည်းတွေလည်း တစ်ခုမှမယူလာခဲ့ရဘူး။ အဝတ်တစ်ထည်ကိုယ်တစ်လုံးနဲ့ ပြေးလာခဲ့ကြရတာ။ ကျန်တာက တစ်ခုမှ မယူလာခဲ့ရဘူး။ စားရေးသောက်ရေးကလည်း တစ်ခုမှမစီစဉ်ကြရသေးဘူး။ ထိုအိမ်ကနည်းနည်း၊ ဒီအိမ်ကနည်းနည်းပေးထားတာတွေနဲ့ ဒီနေ့ညအတွက် စားဖို့သောက်ဖို့တော့လုပ်နေကြတယ်“ဟု သူကဆိုသည်။
အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ရက္ခိုင့်တပ်တော် ပြန်ကြားရေးတာဝန်ခံ ဦးခိုင်သုခကို ဆက်သွယ်ရာတွင် ခမောင်းဆိပ်ကိစ္စကို သတင်းမရရှိသေးဟု ဆိုသည်။ သို့သော် မောင်တောနှင့် ပလက်ဝမြို့နယ်တို့တွင် တိုက်ပွဲဖြစ်ပွားနေသည်မှာ တစ်ပတ်ခန့်ကြာမြင့်နေပြီဖြစ်ကြောင်းပြောဆိုပြီး မြန်မာစစ်တပ်ဘက်က မိမိတို့ရှိသည့်နေရာကို ထိုးစစ်ဆင်သောကြောင့် တိုက်ပွဲဖြစ်ပွားခြင်းဟုဆိုသည်။
“မြန်မာစစ်တပ်ဘက်က ဆက်ပြီးထိုးစစ်ဆင်နေမယ်ဆိုရင် တိုက်ပွဲကတော့ ဆက်ဖြစ်မှာပဲ။ ကျနော်တို့ အခြေပြုထားတဲ့နေရာတွေကို မြန်မာစစ်တပ်ဘက်က ဝင်ရောက်လာရင်တော့ တိုက်ပွဲဖြစ်မှာပဲ”ဟု ဦးခိုင်သုခက DMG ကို ယနေ့ပြောကြားသည်။
မြန်မာစစ်တပ်နှင့် ရက္ခိုင့်တပ်တော်တို့သည် ပြီးခဲ့သည့် ၂၀၁၈ ခု နှစ်ကုန်ပိုင်းမှစတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး ၂၀၂၀ ခု နိုဝင်ဘာလပထမပတ်တွင် နားလည်မှုသဘောဖြင့် တိုက်ပွဲရပ်တန့်ခဲ့သည်။ သို့သော်လည်း ရက္ခိုင့်တပ်တော်က အုပ်ချုပ်ရေး၊ တရားစီရင်ရေးတို့ကို လုပ်ဆောင်လာသောကြောင့် မြန်မာစစ်တပ်က မကြိုက်နှစ်သက်ရာမှ ပြီးခဲ့သည့် ၂၀၂၁ ခု နှစ်ကုန်ပိုင်းမှစတင်ကာ နှစ်ဘက်တင်းမာမှုများရှိလာပြီး တိုက်ပွဲဖြစ်ပွားသည့်အဆင့်ထိ ဖြစ်လာခဲ့သည်။