- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မိုးဗြဲတွင် တိုက်ပွဲပြင်းထန်နေ၊ ကားအသွားအလာများ ရပ်ထားရ
ရှမ်းနှင့် ကယားပြည်နယ် ဆက်စပ်ဒေသဖြစ်သည့် မိုးဗြဲမြို့တွင်း၌ ယနေ့(ဇူလိုင်လ ၁၈) နံနက် ၂ နာရီအချိန်မှစပြီး ယခုအချိန်အထိ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားမှုကြောင့် မိုးဗြဲ-ဖယ်ခုံ-လွိုင်ကော် အဝေးပြေးလမ်းမတွင် ကားအသွားအလာများ ရပ်တန့်ထားရကြောင်း ဒေသခံများထံမှသိရသည်။
18 Jul 2022
DMG ၊ ဇူလိုင် ၁၈
ရှမ်းနှင့် ကယားပြည်နယ် ဆက်စပ်ဒေသဖြစ်သည့် မိုးဗြဲမြို့တွင်း၌ ယနေ့(ဇူလိုင်လ ၁၈) နံနက် ၂ နာရီအချိန်မှစပြီး ယခုအချိန်အထိ တိုက်ပွဲအပြင်းအထန်ဖြစ်ပွားမှုကြောင့် မိုးဗြဲ-ဖယ်ခုံ-လွိုင်ကော် အဝေးပြေးလမ်းမတွင် ကားအသွားအလာများ ရပ်တန့်ထားရကြောင်း ဒေသခံများထံမှသိရသည်။
မိုးဗြဲမြို့တွင်း မားသားဝေါလ်နေရာအနီး၌ စစ်ကောင်စီတပ်နှင့် ကရင်နီ အမျိုးသားကာကွယ်ရေးတပ်(KNDF) ပူးပေါင်းအဖွဲ့တို့ကြား ယနေ့နံနက်အစောပိုင်းကစပြီး တိုက်ပွဲပြင်းထန်စွာဖြစ်ပွားနေကြောင်း KNDF သတင်းရင်းမြစ်ကပြောသည်။
“ဒီကနေ့ မနက်(၂)နာရီကစပြီးတော့ စစ်ကောင်စီတပ်တွေ မြို့ထဲကို စစ်ကြောင်းထိုးဝင်လာတယ်။ ဒီဘက်က မိုးဗြဲပြည်သူ့ ကာကွယ်ရေးတပ်၊ KNDF အဖွဲ့ရယ် KGZ အဖွဲ့ ပူးပေါင်းတပ်တို့နဲ့ ထိတွေ့စဖြစ်ရင်း တိုက်ပွဲဖြစ်နေတာပါ။ အခုအချိန်အထိ တိုက်ပွဲဆက်ဖြစ်နေတုန်းပါပဲ”ဟု KNDF တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထိုသို့ နှစ်ဖက်တိုက်ပွဲပြင်းထန်နေမှုကြောင့် မိုးဗြဲ-ဖယ်ခုံ-လွိုင်ကော် ကားလမ်းမပေါ်၌ လက်ရှိမွန်းတည့်အချိန်အထိ ယာဉ်အသွားအလာများ ခေတ္တရပ်တန့်ထားရကြောင်း ကုန်ကားသမားများ ထံမှ သိရသည်။
“အခုအထိပစ်နေတာ။ ရှေ့ကိုသွားလို့ မရဘူးဖြစ်နေတယ်။ လက်နက်ကြီးပစ်သံရော သေနတ်ပစ်သံတွေရော အကုန်ကြားနေရတယ်။ ကားတွေအကုန်ရပ်ထားရတယ်။ သွားလာလို့မရဘူး”ဟု ဒေသခံ ကုန်တင်ယာဉ်မောင်းတစ်ဦးက ဆိုသည်။
ထို့အပြင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည်အချို့မှာ မြို့တွင်းသို့ ကျရောက်ပေါက်ကွဲမှုကြောင့် ဒေသခံနေအိမ် (၂)လုံးမှာ မီးလောင်ကျွမ်းပျက်စီးနေပြီး မြို့ခံတစ်ထောင်ကျော်မှာ နီးစပ်ရာတောတောင်အတွင်းသို့ ခေတ္တတိမ်းရှောင်နေရကြောင်း မိုးဗြဲမြို့ခံများပြောဆိုသည်။
“စစ်တပ်ကပစ်တာ။ လက်နက်ကြီးနဲ့ ၅ ချက်လောက်ရှိတယ်။ အိမ်နှစ်ဆောင်က မီးလောင်ပျက်စီးသွားတယ်။ အခု ကျွန်တော်တို့လည်း မြို့ထဲမှာ နေရမတော့လို့ နီးတဲ့တောတောင်ထဲကို ထွက်ပြေးလာရတယ်”ဟု စစ်ရှောင် မိုးဗြဲမြို့ခံတစ်ဦးကပြောသည်။
စစ်ကောင်စီတပ်နှင့် KNDF ပူးပေါင်းအဖွဲ့ကြား လက်ရှိ နေ့လည် ၁ နာရီအချိန်အထိ နှစ်ဖက်တိုက်ပွဲပြင်းထန်နေမည်ဖြစ်သဖြင့် ဒေသခံများကို မြို့တွင်းမှ ခေတ္တတိမ်းရှောင်ကြရန် မိုးဗြဲ ပြည်သူ့ကာကွယ်ရေးတပ်(MBDF)မှ အသိပေးသည်။
ပြီးခဲ့သည့်ဇွန်လ ၂၈ ရက်နေ့မှစပြီး မိုးဗြဲမြို့နယ်အတွင်းသို့ စစ်ကောင်စီတပ်သားများ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးမှုများကြောင့် ဒေသခံများအနေဖြင့် သတိပြုသွားလာကြရန် KNDF ပူးပေါင်းအဖွဲ့မှလည်း သတိပေးထုတ်ပြန်ထားသည်။