- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
မုပ္ပလင်တွင် မီးရထားမိုင်းခွဲခံရခြင်းကြောင့် ရန်ကုန်-မော်လမြိုင်ရထားများ အသွားအလာရပ်ထား
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ရှိ ရန်ကုန်-မော်လမြိုင် မီးရထားလမ်းပိုင်းဖြစ်သည့် မုပ္ပလင်နှင့် စွပ္ပနူးကြားရှိ ဦးကြာရိုး မီးရထာားသံလမ်းတံတားကို KRF ပူးပေါင်းအဖွဲ့မှ ယမန်နေ့(ဖေဖော်ဝါရီ ၁၁ ရက်)က မိုင်းခွဲခဲ့ကြောင်း သိရသည်။
12 Feb 2022
DMG ၊ ဖေဖော်ဝါရီ ၁၂
မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် သိမ်ဇရပ်မြို့ရှိ ရန်ကုန်-မော်လမြိုင် မီးရထားလမ်းပိုင်းဖြစ်သည့် မုပ္ပလင်နှင့် စွပ္ပနူးကြားရှိ ဦးကြာရိုး မီးရထာားသံလမ်းတံတားကို KRF ပူးပေါင်းအဖွဲ့မှ ယမန်နေ့(ဖေဖော်ဝါရီ ၁၁ ရက်)က မိုင်းခွဲခဲ့ကြောင်း သိရသည်။
ထိုမိုင်းခွဲမှုကြောင့် ရန်ကုန်မှ မော်လမြိုင်၊ ရေးနှင့် ထားဝယ်မီးရထားများ အသွားအလာရပ်တန့်ခဲ့ရသည်။
မီးရထားလမ်းပိုင်းမိုင်းခွဲသူများကို ရှာဖွေရန်ဟုဆိုကာ မုပ္ပလင်ကျေးရွာအနီးအနားသို့ မြန်မာစစ်တပ်မှ အင်အားသုံးရှာဖွေမှုပြုလုပ်ခဲ့မှုကြောင့် ဒေသခံများမှာ နေအိမ်များကိုစွန့်ခွာပြီးထွက်ပြေးခဲ့ရကြောင်း မုပ္ပလင်ဒေသခံတစ်ဦးမှ DMG ကိုပြောသည်။
"မီးရထားမိုင်းခွဲခံရတယ်။ မနက်စောစောကပဲ။ အနီးအနားက စစ်တပ်တွေလာပြီးတော့ မိုင်းထောင်သူတွေကိုလိုက်ရှာနေတယ်ဆိုလို့ အိမ်ကိုထားပြီးထွက်ပြေးခဲ့ရပါတယ်"ဟု အမည်မဖော်လိုသည့် ဒေသခံတစ်ဦးကပြောသည်။
အဆိုပါရထားလမ်းမှာ ရန်ကုန်-ပဲခူး-ကျိုက်ထို-ဘီလင်း-သထုံ-မုတ္တမ-မော်လမြိုင် စသည်တို့ကိုပြေးဆွဲနေခြင်းဖြစ်သည်။ စစ်အာဏာသိမ်းပြီးနောက် ရထားပြေးဆွဲမှုမှာ အနည်းငယ်ကျဆင်းသွားခဲ့ပြီး ကုန်ပစ္စည်းသယ်ယူမှုများသာရှိခဲ့သည်။
ဖေဖော်ဝါရီ ၁၀ ရက်နေ့ကလည်း တပ်အင်အားဖြည့်တင်းရန်အတွက် မော်လမြိုင်မြို့မှထွက်ခွာလာသော မြန်မာစစ်တပ်ကား ၁၀ စီးခန့်ကို အင်္ဂဘိုလ်ကျေးရွာအထွက်တွင် KNLA ပူးပေါင်းအဖွဲ့မှ မိုင်းခွဲတိုက်ခိုက်မှုရှိခဲ့သည်။
ထိုတိုက်ခိုက်ခံရမှုတွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး နေအိမ် ၁၀ လုံးထက်မနည်းထိခိုက်မှုရှိခဲ့ပြီး လက်နက်ကြီးပစ်ခတ်မှုကြောင့်လည်း မုပ္ပလင်ကျေးရွာရှိ လူနေအိမ်သုံးလုံး ပျက်စီးသွားခဲ့ကြောင်း အင်္ဂဘိုလ်ကျေးရွာသားတစ်ဦးမှ ပြောဆိုသည်။