- တွေ့ဆုံဆွေးနွေးမည်ဟု ပြောသော်လည်း စစ်တွေနှင့် ကျောက်ဖြူတွင် ပစ်ခတ်မှုများရှိနေ
- ဟောင်းနွမ်းငွေစက္ကူများကို မသုံးလျှင် အရေးယူမည်ဟု AA သတိပေးချက် လိုက်နာမှု အားနည်းနေ
- ရန်ကုန်တွင် လူအစုလိုက်အပြုံလိုက် ဖမ်းဆီးခံရမှု ရခိုင်လူငယ် ၂၀ ဦးထက်မနည်း ပါဝင်
- မြို့နယ် ၁၄ ခုသိမ်းပြီးနောက် နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်းရန် အသင့်ရှိကြောင်း AA ထုတ်ပြန်
- တိုက်ပွဲဖြစ်ပွားမှုရှိလာ၍ စစ်တွေက မွတ်ဆလင်များ နေရပ်စွန့်ခွာ ထွက်ပြေး
ရခိုင်တွင် MSME အသင်း စတင်ဖွဲ့စည်း
ရခိုင်ပြည်နယ်၏ ပထမဆုံးသော အငယ်စား၊ အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များအသင်း MSME Association Rakhine ကို စစ်တွေမြို့တွင် ယနေ့(မတ်လ ၁၄ ရက်)၌ စတင်ဖွဲ့စည်းခဲ့သည်။
14 Mar 2022
DMG ၊ မတ် ၁၄
ရခိုင်ပြည်နယ်၏ ပထမဆုံးသော အငယ်စား၊ အသေးစားနှင့် အလတ်စားလုပ်ငန်းရှင်များအသင်း MSME Association Rakhine ကို စစ်တွေမြို့တွင် ယနေ့(မတ်လ ၁၄ ရက်)၌ စတင်ဖွဲ့စည်းခဲ့သည်။
လက်ရှိအသင်းတွင် အသင်းသူအသင်းသား ၁၀၄ ဦးပါဝင်ပြီး ရခိုင်ပြည်နယ် မြို့နယ်အသီးအသီးသီးမှ အငယ်စား၊ အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းရှင်များပါဝင်ကြောင်း MSME Association Rakhine ၏ ဒုဥက္ကဋ္ဌဖြစ်သူ ကိုစိုးဝင်းနိုင်က ပြောသည်။
“ဒီအဖွဲ့အစည်းပေါ်ပေါက်လာဖို့အတွက် ပြီးခဲ့တဲ့ကာလတွေကတည်းက ကြိုးပမ်းခဲ့ကြတာပါ။ အခုရွေးချယ်ထားတဲ့ ဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌနဲ့ အခြားသူတွေဟာလည်း လာမယ့် ၂ နှစ်အကြာမှာ ပြန်ပြီး ရွေးကောက်ခံကြရမှာပါ”ဟု ၎င်းကဆိုသည်။
လက်ရှိတွင် အသင်းဝင်ဦးရေတစ်ရာကျော်သာရှိနေသေးသော်လည်း ထပ်မံဝင်ရောက်လာမည့် အသင်းဝင်များကို ဖိတ်ခေါ်ကြောင်းလည်း ကိုစိုးဝင်းနိုင်က ထပ်လောင်းပြောကြားသည်။
“MSME လုပ်ငန်းရှင်တွေ တစ်ဦးချင်းရပ်တည်ပြီး လုပ်နေတဲ့အခါ အခွင့်အလမ်းတွေကို Information ရဖို့မလွယ်ဘူး။ အသင်းဝင်ထားလိုက်ခြင်းအားဖြင့် အစိုးရနဲ့ပတ်သက်ပြီး ဆက်ဆံရတဲ့နေရာတွေ၊ ချေးငွေကိစ္စတွေမှာ အဆင်ပြေလာစေမှာပါ”ဟု ၎င်းကဆိုသည်။
လုပ်ငန်းရှင်များအချင်းချင်း နည်းပညာများဖလှယ်ပူးပေါင်းဆောင်ရွက်နိုင်ရန်၊ ပြည်တွင်း/ပြည်ပလုပ်ငန်းရှင်များအား ပြည်နယ်အတွင်းလုပ်ငန်းရှင်များနှင့် ချိတ်ဆက်ပေးနိုင်ရန်၊ သတင်းအချက်အလက်၊ အသိပညာဗဟုသုတများကို ခေတ်ကာလနှင့်လျော်ညီအောင် ပြည်နယ်အတွင်းလုပ်ငန်းရှင်များအား ပံ့ပိုးကူညီမှုများစီစဉ်ဆောင်ရွက်ပေးနိုင်ရန်၊ ပြည်နယ်အတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ထွန်းလာစေရန်နှင့် လုပ်ငန်းစတင်ရန်စိတ်ကူးရှိပြီး ပြင်ဆင်နေသူများ(Start-Up)၏ တီထွင်ရရှိသော ထုတ်ကုန်များအား ဈေးကွက်အတွင်းသို့ရောက်ရှိအောင် ကူညီဆောင်ရွက်ပေးနိုင်ရန်အတွက် MSME Association Rakhine ကို ဖွဲ့စည်းခြင်းဖြစ်ကြောင်း သိရသည်။
MSME လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် အဖွဲ့ဝင်အဖြစ်ပါဝင်လိုပါက လူမှုကွန်ယက်စာမျက်နှာ(Facebook)ရှိ MSME Association Rakhine Page တွင် ဝင်ရောက်လေ့လာ ဆက်သွယ်စုံစမ်းနိုင်ကြောင်းလည်း သိရသည်။
ရခိုင်ပြည်တွင် MSME အဖွဲ့ ပေါ်ပေါက်လာသည့်အတွက် များစွာအားတက်မိကြောင်းနှင့် တစ်ပိုင်တစ်နိုင်လုပ်ငန်းလုပ်ကိုင်နေသူများအတွက် ပိုမိုအဆင်ပြေလာမည်ဟုမျှော်လင့်မိကြောင်း ကျောက်ဖြူမြို့နယ်မှ ဆားလုပ်ငန်းလုပ်ကိုင်သူ ကိုထွန်းကြွယ်က ပြောသည်။
“ဒီလိုအဖွဲ့အစည်းတွေက အရင်ကတည်းကရှိသင့်တာ။ ဒါပေမယ့် အခုမှရှိလာတယ်ဆိုပေမယ့်လည်း ကျွန်တော်တို့အတွက် တစ်အားရှိတာပေါ့။ အချို့နေရာတွေမှာက တစ်ယောက်ချင်းပြောဆိုလုပ်ကိုင်တာနဲ့ အဖွဲ့နဲ့ပြောဆိုလုပ်ကိုင်တာနဲ့ မတူဘူးလေ”ဟု ၎င်းကဆိုသည်။
လက်ရှိတွင် MSME လုပ်ငန်းလုပ်ကိုင်သူများအနေဖြင့် မိမိတို့ထုတ်ကုန်များကို FDA ထောက်ခံချက်ရရှိရေးအတွက် ဆောင်ရွက်ရာတွင် အခက်အခဲရှိနေကြောင်းနှင့် ဈေကွက်ရှာဖွေချိတ်ဆက်ရာတွင်လည်း အခက်အခဲရှိနေကြကြောင်း MSME လုပ်ငန်း လုပ်ကိုင်သူများကဆိုသည်။
မြန်မာနိုင်ငံရှိ လုပ်ငန်းများ၏ ၈၀ ရာခိုင်နှုန်းကျော်မှာ MSME လုပ်ငန်းများဖြစ်ကြပြီး ၂၀၁၅ ခုနှစ် အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဥပဒေတွင် ထုတ်လုပ်မှု လုပ်ငန်း၊ လုပ်အားအခြေပြုထုတ်လုပ်မှုလုပ်ငန်း (CMP အပါအဝင်)၊ လက်ကားရောင်းဝယ်ရေးလုပ်ငန်း၊ လက်လီရောင်းဝယ်ရေးလုပ်ငန်း၊ ဝန်ဆောင်မှုပေးသည့်လုပ်ငန်းနှင့် အခြားလုပ်ငန်းများကို SME (အသေးစားစက်မှုလက်မှုလုပ်ငန်း)အဖြစ် သတ်မှတ်ထားသည်။